သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အနာလဲသိ ေဆးလဲရွိလ်က္ ကုသလို႔ မရႏိုင္တဲ့ တိုင္းရင္းသားျပႆနာ


ရွမ္းတုိင္းရင္းသားေခါင္းေဆာင္ ဦးခြန္ထြန္းဦး။ (ဓာတ္ပုံ - ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ - SNLD ေဖ့စ္ဘုတ္)

ျမန္မာႏိုင္ငံရဲ႕အဓိက စိန္ေခၚမႈႀကီးတခုျဖစ္တဲ့ တိုင္းရင္းသားပဋိပကၡ ျပႆနာဟာ "အနာလဲသိ ေဆးလဲရွိလ်က္" နဲ႔ ကုသလို႔ မရႏိုင္တဲ့ ေရာဂါတခုလို ျဖစ္ေနတယ္လို႔ ၿပီးခဲ့တဲ့ အပတ္က ကြယ္လြန္သြားခဲ့တဲ့ တိုင္းရင္းသား၊ ႏိုင္ငံေရးခါင္းေဆာင္ႀကီး ခြန္ထြန္းဦး က မွတ္ခ်က္ခ်ခဲ့ပါတယ္။ ဘာေၾကာင့္ပါလဲ။ သူ႔ရဲ႕မွတ္ခ်က္ဟာ အခုအခ်ိန္ထိ မွန္ကန္ေနတုန္းပဲလား။ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေးရးကို တစိုက္မတ္မတ္ စြဲကိုင္ရင္း ႏိုင္ငံေတာ ္ပုန္ကန္မႈစြဲခ်က္နဲ႔ ေထာင္ဒဏ္အႏွစ္ (၉၀) ေက်ာ္ ခ်မွတ္ခံထားရာကေန လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာခဲ့တဲ့ ခြန္ထြန္းဦးနဲ႔ ၂၀၁၂ ခုႏွစ္တုန္းက ဦးေက်ာ္ဇံသာ ဆက္သြယ္ေဆြးေႏြးခဲ့တာကို ျပန္လည္ထုတ္လႊင့္လိုက္ပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ ပထမဦးဆုံးကေတာ့ ဦးခြန္ထြန္းဦး အခုလို က်န္းက်န္းမာမာနဲ႔ ျပန္လည္လြတ္ေျမာက္လာလို႔ အထူးဝမ္းေျမာက္ပါတယ္။ အစတုန္းကေတာ့ က်န္းမာေရးသတင္းေတြ ေတာ္ေတာ္ေလးၾကားသိခဲ့ရလို႔။ အခုကေတာ့ က်န္းက်န္းမာမာ ရွိတယ္ဆိုလို႔ အထူးဝမ္းသာပါတယ္ခင္မ်ား။ အခု ေမးခ်င္တာကေတာ့ အခုလြတ္ေျမာက္လာၿပီးေနာက္ ဦးခြန္ထြန္းဦးအတြက္ နဲ႔ ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ အနာဂတ္ကို ေမးခ်င္ပါတယ္။ SNLD ဟာ ၁၉၉၀ ေ႐ြးေကာက္ပြဲမွာ NLD ၿပီးရင္ ဒုတိယမဲအမ်ားဆုံးရရွိ အႏိုင္ရခဲ့တဲ့ပါတီ ျဖစ္ပါတယ္။ အခု အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကေတာ့ အခုရလဒ္ကို ပစ္ပယ္ၿပီးေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံဥပေဒကို လက္ခံၿပီး၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ဝင္မယ္ဆိုၿပီး လုပ္ေနပါတယ္။ SNLD ရဲ႕ အနာဂတ္ကိုလည္း သိပါရေစ။

ဦးခြန္ထြန္းဦး ။ ။ မူတခုအေနနဲ႔ေတာ့ ဒီ ဥပေဒအရ က်ေနာ္တို႔ ေျပာရရင္ေတာ့ က်ေနာ္တို႔ပါတီကေတာ့ ဆက္သြားရမယ္။ ဘာျဖစ္လို႔လဲဆိုရင္ တရားဝင္ပါတီအျဖစ္ ရပ္တည္မွသာလွ်င္ တျခားပါတီနဲ႔ ဆက္စပ္တဲ့ကိစၥေတြ လုပ္ေနမွာကို။ ဥပမာ - ဧည္သည္ေတြ႔ျခင္း၊ လက္ခံျခင္း၊ တျခားလူေတြက လာေတြ႔ျခင္းတို႔ဘာတို႔။ ေနာက္ ႏိုင္ငံတကာနဲ႔ ဆက္ဆံတာတို႔၊ ပါတီခ်င္း ဆက္ဆံတာတို႔၊ ပါတီ member ခ်င္း ဆက္ဆံတာတို႔ဘာတို႔က အကယ္၍ ပါတီ register မလုပ္ဘူးဆိုရင္ေတာ့ တရားမဝင္တဲ့ အဖြဲ႔အစည္း ျဖစ္ေနအုန္းမယ္။ အခုေတာ့ က်ေနာ္တို႔ ဗဟိုေကာ္မတီေတာ့ ေခၚထားၿပီ။ ဒီဟာေတြကို တင္ျပမယ္။ ေ႐ြးေကာက္ပြဲကေတာ့ က်ေနာ္ထင္တယ္ အခ်ိန္မရွိေတာ့ဘူး။ မမွီေတာ့ဘူးလို႔ ထင္တယ္။

ဦးေက်ာ္ဇံသာ ။ ။ အခု ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနဟာ ဒီမိုကေရစီ ေပၚထြန္းေရးဘက္ကို ဦးတည္ေနၿပီလို႔ လူေတြက သုံးသပ္ၾကပါတယ္။ ဦးခြန္ထြန္းဦး အေနနဲ႔ ဒီမိုကေရစီအေရးကို အရင္ေျပာတာ၊ တိုင္းရင္းသားအေရး မတိုင္ခင္။ ဒီမိုကေရစီေရး ဖြံ႔ၿဖိဳးေနတယ္ဆိုတဲ့အခ်က္ကို သေဘာတူပါသလား။

ဦးခြန္ထြန္းဦး ။ ။ ဒီမိုကေရစီဘက္ကို ဦးတည္ေနတယ္ဆိုတာကေတာ့ က်ေနာ္ လက္ခံပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုဟာက ဒီမိုကေရစီေခတ္ေပါ့။ ေခတ္ေရစီးေၾကာင္းအရ ေျပာင္းလဲေနတာ။ ဒါေပမဲ့ သူ႔ရဲ႕အရွိန္နဲ႔ သူ႔ရဲ႕ႏႈန္းကေတာ့ အမ်ားေျပာသေလာက္ေတာ့ မဟုတ္ေသးဘူး။ ရာခိုင္ႏႈန္းအရ ေျပာရင္ေတာ့ ၅၅% ေလာက္ပဲ ေျပာင္းလဲႏိုင္ေသးတယ္လို႔ ထင္ေသးတယ္။ ဒါေပမဲ့ ေရွ႕မွာလည္း လုပ္စရာေတြက အမ်ားႀကီးရွိေနေသးတယ္။ အဲဒါေၾကာင့္ ဒီမိုကေရစီ ေျပာင္းလဲတယ္ဆိုတာကိုေတာ့ လက္ခံပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ ဆိုေတာ့ ျမန္မာႏိုင္ငံရဲ႕အေရးမွာ ဒီမိုကေရစီ ထြန္းကားေရးနဲ႔ တန္တူအေရးကိစၥကေတာ့ တိုင္းရင္းသားအေရး ေျပလည္ေရး ျဖစ္ပါတယ္။ အဲဒီကိစၥရဲ႕ အလားအလာကို ဘယ္လို ျမင္ပါသလဲ။ အခုအခ်ိန္ထိေတာ့ အပစ္အခတ္ ရပ္စဲေရးအဖြဲ႔ေတြ တိုင္းရင္းသားအဖြဲ႔အစည္းေတြနဲ႔ အစိုးရ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။ အဲဒီ အလားအလာကို ဘယ္လို ျမင္ပါသလဲ။

ဦးခြန္ထြန္းဦး ။ ။ ဒီဟာကေတာ့ က်ေနာ္တို႔လည္း ေျပာေပါင္းမ်ားခဲ့ပါၿပီ။ က်ေနာ္တို႔ (၆၂) ခုႏွစ္တုန္းကလည္း ေျပာခဲ့တယ္။ Pill က ရွိၿပီသားပဲ။ အခု ေရာဂါသိ ေဆးသိ ေဆးရွိပဲ။ ရွိေပမယ့္ ေဆးက ႀကီးတယ္၊ ခါးတယ္ မေသာက္ခ်င္တဲ့သေဘာမ်ိဳး ျဖစ္ေနတယ္။ အမွန္ဆိုရင္ ဒီ တိုင္းရင္းသားေတြက ဘာရခ်င္တယ္ဆိုတာ ႏွစ္ေပါင္း (၆၀) ေစာင့္ၿပီး ေျဖရွင္းတယ္ဆိုတာ အံ့ၾသလွေအာင္ အေတာ္ ဟိုဟာျဖစ္တယ္။ ေနာက္ၿပီးေတာ့ အတိုင္ပင္ခံေကာင္စီဖြဲ႔တယ္။ ႏိုင္ငံေတာ္ကို ေတာ္လွန္ဖို႔ လုပ္တယ္ဆိုၿပီးေတာ့ ရမယ္ရွာၿပီးေတာ့ ရွမ္းေတြကို ဖမ္းတယ္။ တျခားလူေတြၾကေတာ့ ႏိုင္ငံေတာ္ေကာင္စီက လြတ္လြတ္လပ္လပ္ လုပ္ခြင့္ေပးတယ္ဆိုတာကေတာ့ က်ေနာ္ထင္တယ္။ ဒီမွာ အစိုးရရဲ႕ mind-set က မွားေနၿပီလို႔ ထင္တယ္။ အမွန္ဆိုလို႔ရွိရင္ ျဖစ္ႏိုင္တာက အကုန္လုံး တေျပညီေအာင္ အပစ္အခတ္ရပ္စဲေရးကာလက ရက္ (၆၀)၊ ရက္ (၉၀) တန္ ေပးၿပီး လက္နက္ကိုင္အားလုံး စဥ္းစားၾက၊ ေဆြးေႏြးၾက။ ဘယ္ေန႔ဘယ္အခါမွာၿပီးၿပီ - ေတြ႕ၾကမယ္၊ ေဆြးေႏြးၾကမယ္ဆိုရင္ အခုအခ်ိန္အခါမွာ ပင္လုံညီလာခံထက္ စုံညီတဲ့ တိုင္းရင္းသားေတြ ရွိေနၿပီးပဲ။ အဲဒီေတာ့ ဒီအခြင့္အေရးကို က်ေနာ္တို႔ ဒီအတိုင္း ရပ္ၾကည့္ေနမယ့္အစား၊ မယူဘဲ ေနမယ့္အစား လုပ္သင့္တယ္။ ကရင္ကိုေတာ့ ၿငိမ္းခ်မ္းေရးယူ။ ေနာက္ၿပီးေတာ့ ကခ်င္ကိုေတာ့ တိုက္ေနတယ္။ ရွမ္းၾကေတာ့ ေတာင္မတင္ေရမက် ျဖစ္ေနတယ္။ အဲဒီလိုမ်ိဳးနဲ႔ သြားေနလို႔ကေတာ့ ဒီ formula အတိုင္း သြားမယ္ဆိုရင္ေတာ့ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သြားလဲ တိုင္းရင္းသားအေရးက ေျပလည္မွာ မဟုတ္ဘူး။ ဆိုလိုခ်င္တာကေတာ့ အကုန္လုံး လက္ခံႏိုင္မယ့္ mechanism တခုကိုေတာ့ က်ေနာ္တို႔ ေတြ႔ေနၿပီပဲ။ က်ေနာ္တို႔ အဲဒီ mechanism နဲ႔ သြားမယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္မယ္လို႔ က်ေနာ္ထင္ပါတယ္။

ဦးေက်ာ္ဇံသာ ။ ။ အခုလက္ရွိလဲ ပင္လုံညီလာခံလို ေဆြးေႏြးပြဲမ်ိဳး၊၊ တိုင္းရင္းသားေပါင္းစုံ ေဆြးေႏြးပြဲမ်ိဳး၊ ေနျပည္ေတာ္မွာ လုပ္မယ္လို႔ အစိုးရဘက္ကေျပာတာကို ၾကားမိပါတယ္။ အဲဒီအေပၚ ဘယ္ေလာက္ အယုံအၾကည္ ရွိပါသလဲ။

ဦးခြန္ထြန္းဦး ။ ။ ဒါကေတာ့ ေခၚယူတဲ့လူရဲ႕ mind-set ေပါ့။ ႐ိုးသားမႈ၊ တည္ၾကည္မႈ၊ ေျဖာင့္မတ္မႈေတြေပါ့။ အဲဒီ ေပတံနဲ႔ တိုင္းေပါ့။

ဦးေက်ာ္ဇံသာ ။ ။ သတင္းသမားတေယာက္အေနနဲ႔ ဘာၾကားသလဲဆိုရင္ တခ်ိဳ႕စစ္တပ္ထဲက တခ်ိဳ႕ခပ္ႀကီးႀကီး အရာရွိေဟာင္းေတြ ေျပာတာကို တဆင့္ ၾကားရပါတယ္။ ဒီမိုကေရစီ လိုခ်င္တာ ဗမာေတြပဲ လိုခ်င္တာတဲ့။ တိုင္းရင္းသားေတြက ဖက္ဒရယ္ပဲ ေတာင္းေနၾကတာပဲ ဒီမိုကေရစီမွ မေတာင္းတာဆိုေတာ့။ ဖက္ဒရယ္ဆိုတာကလည္း ျပည္ေထာင္စုက ခြဲထြက္ဖို႔ ေတာင္းေနတာလို႔ သူတို႔ ေျပာေနၾကတယ္။

ဦးခြန္ထြန္းဦး ။ ။ တိုင္းရင္းသားေတြ ရခ်င္တာက တန္တူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ပဲ။ ကိုယ့္ယဥ္ေက်းမႈကို ကိုယ္တိုင္ထိန္းသိမ္းထားခ်င္တယ္။ ကိုယ့္စာေပ ကိုယ္တိုင္ထိန္းသိမ္းထားခ်င္တယ္။ ၂၀၀၈ အေျခခံဥပေဒေတြထဲမွာ ဒီ အာမခံခ်က္ မပါလို႔ NLD နဲ႔ က်ေနာ္တို႔ ညီလာခံ မတက္ဘဲ ထြက္ခဲ့တယ္။ ေနာက္ၿပီးေတာ့ (၁၇) ဖြဲ႕လို႔ ေျပာတယ္။ (၁၇) ဖြဲ႕က ၿပီးၿပီေရာကြာ ျပန္ၿပီး လက္နက္ျပန္ကိုင္တာေပါ့ဆိုတဲ့ ဒီလို idea မ်ိဳးလည္း ရွိခဲ့တာပဲ။ အဲဒါ အမွန္ဆိုရင္ အမ်ိဳးသားညီလာခံႀကီးက တကယ့္ political platform မဟုတ္ခဲ့ဘူး။ ဆိုလိုတာက ငါတို႔က ဒါပဲ ေပးႏိုင္တယ္။ သူတို႔ရခ်င္တာ ဒါမ်ိဳး ျဖစ္ေနတယ္။ အဲဒါ က်ေနာ္ထင္တာကေတာ့ အားလုံးရဲ႕ ဘုံရပ္တည္ခ်က္ကို ရွာၿပီးေတာ့ လုပ္မယ္ဆိုရင္ေတာ့ရမယ္။ မေပးခ်င္ဘူးဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကေတာ့ ဘယ္နည္းနဲ႔မွ ေအာင္ျမင္ေတာ့မွာ မဟုတ္ဘူး။ အခုန က်ေနာ္ေျပာခဲ့တယ္ အနာသိတယ္၊ ေဆးရွိတယ္။ ဘာအနာဆိုတာကေတာ့ အကုန္သိေနၿပီ။ အားလုံးကေတာ့ တန္တူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ေရး။ အဓိကေတာ့ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး၊ ေနာက္ တန္တူေရး နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္ ရခ်င္တဲ့ တိုင္းရင္းသားေတြ။ အဲဒါကိုမွ မေပးဘူး။ ေပးဖို႔ မေျပာနဲ႔အုန္း ဒါကို လက္ခံၿပီး မေဆြးေႏြးႏိုင္ဘူးဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရး process က ဆက္မသြား႐ုံ ရွိေတာ့မွေပါ့။ ဆက္လည္း မသြားႏိုင္တဲ့ အေျခအေနမ်ိဳး ေရာက္သြားလိမ့္မယ္။

ဦးေက်ာ္ဇံသာ ။ ။ အဲဒီမွာ ကိုယ္ပိုင္ျပဌာန္းခြင့္ဆိုတာကို နည္းနည္းေလး အက်ယ္ရွင္းျပပါလား။

ဦးခြန္ထြန္းဦး ။ ။ ကိုယ္ပိုင္ျပဌာန္းခြင့္ဆိုတာကေတာ့ အမ်ိဳးမ်ိဳး ရွိတာေပါ့။ ကိုယ္ပိုင္ျပဌာန္းခြင့္က like culture autonomy တို႔ ဘာတို႔ညာတို႔ေပါ့။ ကိုယ္ပိုင္ျပဌာန္းခြင့္ကေတာ့ ေတာ္ေတာ္ေလးကိုေတာ့ က်ယ္ျပန႔္တယ္။ ဒါေပမဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္အေပၚမွာေတာ့ က်ေနာ္တို႔ ျပန္ၿပီးေတာ့ အေပးအယူလုပ္ၿပီး ေဆြးေႏြးလို႔ရတယ္။

ဦးေက်ာ္ဇံသာ ။ ။ ေနာက္တခုကလည္း ေကအိုင္အိုနဲ႔ ျဖစ္ေနတယ့္ကိစၥမွာ ေကအိုင္ေအ ဘက္က စစ္ေရးအရ အသာစီးရေနတာေတြရွိတယ္။ အစိုးရစစ္တပ္ဘက္က ထိခိုက္တာ၊ ႏွစ္နာတာေတြမ်ားတယ္။ အဲဒီေတာ့ စစ္ေရးအရ အေပၚစီးရမွ ေဆြးေႏြးခ်င္တဲ့ ေလသံမ်ိဳးလည္း က်ေနာ္ ၾကားသိရပါတယ္။ သူတို႔က စစ္တပ္ရဲ႕ way of thinking စစ္ေရးရႈေထာင့္ကေနသာ ၾကည့္ေနၾကပါတယ္။ အဲဒါ ဘယ္လိုေျပလည္စရာ အေၾကာင္းရွိပါသလဲ။

ဦးခြန္ထြန္းဦး ။ ။ အဲဒါကလဲ အဲဒီလိုမ်ိဳး ျဖစ္စဥ္ပဲ။ တိုက္ေနတာ ၾကာၿပီပဲ။ စစ္ေရးအရဆိုရင္ က်ေနာ္တို႔ အရပ္ထဲစကားနဲ႔ ေျပာရင္ေတာ့ သူတို႔ လိုင္ဇားက်မွ ေျပာမယ္ေဆြးေႏြးမယ္ဆိုတဲ့ သေဘာသက္ေရာက္ေနတယ္။ ကရင္နဲ႔ လက္မွတ္ထိုးေနၿပီ၊ တျခားလူေတြနဲ႔လည္း ထိုးေနၿပီ။ ဘာေၾကာင့္ ေကအိုင္ေအ နဲ႔ မထိုးႏိုင္သလဲ။ ဘာေၾကာင့္ အခုထိ ေပါင္းခနဲ႔ မထိုးႏိုင္ေသးသလဲ။ အဲဒီ double standard ေတြေၾကာင့္ ဒီျပႆနာႀကီးက ေျပာလို႔ရွိရင္ မၿပီးႏိုင္တာ အဲဒါေတြေၾကာင့္ပဲ။

ဦးေက်ာ္ဇံသာ ။ ။ ဦးခြန္ထြန္းဦး က အစကတည္းကလည္း အခုေျပာတဲ့စကားေတြကိုပဲ တန္တူေရး နဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ ရပ္တည္ၿပီး ေတာင္းဆိုခဲ့တယ္။ အဲဒီအတြက္ပဲ သူတို႔ဟာ ဦးခြန္ထြန္းဦးတို႔ကို ဖမ္းဆီးၿပီး ေထာင္ခ်ခဲ့တယ္လို႔ နားလည္းပါတယ္။ အခုလည္း ဦးခြန္ထြန္းဦးရဲ႕ ရပ္တည္ခ်က္က ဒီအတိုင္းပဲဆိုေတာ့ အာဏာပိုင္ေတြ ဆက္လက္လႈပ္ရွားေနတဲ့ ႏိုင္ငံေရး ေရစီးထဲမွာ ဦးခြန္ထြန္းဦး ကို အဆင္ေျပေျပ ပါဝင္လာခြင့္ ေပးလိမ့္မယ္။ ပါဝင္ေဆြးေႏြးခြင့္၊ အလားတူ တင္ျပခြင့္ ရလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါသလား။

ဦးခြန္ထြန္းဦး ။ ။ က်ေနာ္က ပါဝင္ခြင့္ ရေရးမရေရး အဓိက မဟုတ္ပါဘူး။ တိုင္းရင္းသားေတြ အခြင့္အေရး ရဖို႔က အဓိကပါ။ မေပးခ်င္ဘဲနဲ႔လည္း ဖိတ္ၿပီးေတာ့ ပါၿပီးေျပာခိုင္းလည္း ဘာထူးမွာလဲ။ မိန္းမဆန္လွတဲ့ မေပးႏိုင္ဘူးဆိုရင္ ဒါေတာ့ က်ေနာ္လည္း မတတ္ႏိုင္ဘူး။ က်ေနာ္ေျပာတာက ေျပလည္ရာေျပလည္ေၾကာင္းကို ရွင္းျပေနတာ။ ဒါရမွ တတ္မယ္ဆိုတာလည္း မဟုတ္ပါဘူး။

ဦးေက်ာ္ဇံသာ ။ ။ က်ေနာ္ ေနာက္ဆုံးေမးခ်င္တာက အခု ပါလီမန္လႊတ္ေတာ္မွာ အေ႐ြးခံၿပီးေတာ့ ပါဝင္ေဆာင္႐ြက္ေနၾကတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံကို လက္ခံၿပီး ေဆာင္႐ြက္ေနၾကတဲ့ တိုင္းရင္းသားပါတီေတြကို ဘယ္လို သေဘာထားပါသလဲ။

ဦးခြန္ထြန္းဦး ။ ။ သူတို႔ကေတာ့ သူတို႔ ယုံၾကည္ခ်က္နဲ႔ လုပ္သြားတာကိုေတာ့ - အခုေတာ့ တက္ေတာ့တက္ေနၿပီးေပါ့။ ဒါေပမဲ့ က်ေနာ္ထင္တယ္ ေမွ်ာ္မွန္းတဲ့ ေျပာင္းလဲမႈအထိ၊ ေျပလည္တဲ့အထိေတာ့ မေရာက္ေသးဘူး။ သူတို႔ ရပ္တည္ခ်က္၊ ခံယူခ်က္ကိုေတာ့ က်ေနာ္ ဘာမွေတာ့ ဆႏၵမေပးလိုပါဘူး။ ဒါကေတာ့ သူတို႔ရဲ႕ ယုံၾကည္ခ်က္နဲ႔ လုပ္သြားတဲ့အရာျဖစ္ပါတယ္။

== Unicode ===

မြန်မာနိုင်ငံရဲ့အဓိက စိန်ခေါ်မှုကြီးတခုဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခ ပြဿနာဟာ "အနာလဲသိ ဆေးလဲရှိလျက်" နဲ့ ကုသလို့ မရနိုင်တဲ့ ရောဂါတခုလို ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ အပတ်က ကွယ်လွန်သွားခဲ့တဲ့ တိုင်းရင်းသား၊ နိုင်ငံရေးခါင်းဆောင်ကြီး ခွန်ထွန်းဦး က မှတ်ချက်ချခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ သူ့ရဲ့မှတ်ချက်ဟာ အခုအချိန်ထိ မှန်ကန်နေတုန်းပဲလား။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းေးရးကို တစိုက်မတ်မတ် စွဲကိုင်ရင်း နိုင်ငံတော ်ပုန်ကန်မှုစွဲချက်နဲ့ ထောင်ဒဏ်အနှစ် (၉၀) ကျော် ချမှတ်ခံထားရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ ခွန်ထွန်းဦးနဲ့ ၂၀၁၂ ခုနှစ်တုန်းက ဦးကျော်ဇံသာ ဆက်သွယ်ဆွေးနွေးခဲ့တာကို ပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဦးခွန်ထွန်းဦး အခုလို ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက်လာလို့ အထူးဝမ်းမြောက်ပါတယ်။ အစတုန်းကတော့ ကျန်းမာရေးသတင်းတွေ တော်တော်လေးကြားသိခဲ့ရလို့။ အခုကတော့ ကျန်းကျန်းမာမာ ရှိတယ်ဆိုလို့ အထူးဝမ်းသာပါတယ်ခင်များ။ အခု မေးချင်တာကတော့ အခုလွတ်မြောက်လာပြီးနောက် ဦးခွန်ထွန်းဦးအတွက် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနာဂတ်ကို မေးချင်ပါတယ်။ SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ဒုတိယမဲအများဆုံးရရှိ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အခုရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်ခံပြီး၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး လုပ်နေပါတယ်။ SNLD ရဲ့ အနာဂတ်ကိုလည်း သိပါရစေ။

ဦးခွန်ထွန်းဦး ။ ။ မူတခုအနေနဲ့တော့ ဒီ ဥပဒေအရ ကျနော်တို့ ပြောရရင်တော့ ကျနော်တို့ပါတီကတော့ ဆက်သွားရမယ်။ ဘာဖြစ်လို့လဲဆိုရင် တရားဝင်ပါတီအဖြစ် ရပ်တည်မှသာလျှင် တခြားပါတီနဲ့ ဆက်စပ်တဲ့ကိစ္စတွေ လုပ်နေမှာကို။ ဥပမာ - ဧည်သည်တွေ့ခြင်း၊ လက်ခံခြင်း၊ တခြားလူတွေက လာတွေ့ခြင်းတို့ဘာတို့။ နောက် နိုင်ငံတကာနဲ့ ဆက်ဆံတာတို့၊ ပါတီချင်း ဆက်ဆံတာတို့၊ ပါတီ member ချင်း ဆက်ဆံတာတို့ဘာတို့က အကယ်၍ ပါတီ register မလုပ်ဘူးဆိုရင်တော့ တရားမဝင်တဲ့ အဖွဲ့အစည်း ဖြစ်နေအုန်းမယ်။ အခုတော့ ကျနော်တို့ ဗဟိုကော်မတီတော့ ခေါ်ထားပြီ။ ဒီဟာတွေကို တင်ပြမယ်။ ရွေးကောက်ပွဲကတော့ ကျနော်ထင်တယ် အချိန်မရှိတော့ဘူး။ မမှီတော့ဘူးလို့ ထင်တယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ဒီမိုကရေစီ ပေါ်ထွန်းရေးဘက်ကို ဦးတည်နေပြီလို့ လူတွေက သုံးသပ်ကြပါတယ်။ ဦးခွန်ထွန်းဦး အနေနဲ့ ဒီမိုကရေစီအရေးကို အရင်ပြောတာ၊ တိုင်းရင်းသားအရေး မတိုင်ခင်။ ဒီမိုကရေစီရေး ဖွံ့ဖြိုးနေတယ်ဆိုတဲ့အချက်ကို သဘောတူပါသလား။

ဦးခွန်ထွန်းဦး ။ ။ ဒီမိုကရေစီဘက်ကို ဦးတည်နေတယ်ဆိုတာကတော့ ကျနော် လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ဒီမိုကရေစီခေတ်ပေါ့။ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲနေတာ။ ဒါပေမဲ့ သူ့ရဲ့အရှိန်နဲ့ သူ့ရဲ့နှုန်းကတော့ အများပြောသလောက်တော့ မဟုတ်သေးဘူး။ ရာခိုင်နှုန်းအရ ပြောရင်တော့ ၅၅% လောက်ပဲ ပြောင်းလဲနိုင်သေးတယ်လို့ ထင်သေးတယ်။ ဒါပေမဲ့ ရှေ့မှာလည်း လုပ်စရာတွေက အများကြီးရှိနေသေးတယ်။ အဲဒါကြောင့် ဒီမိုကရေစီ ပြောင်းလဲတယ်ဆိုတာကိုတော့ လက်ခံပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့အရေးမှာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ တန်တူအရေးကိစ္စကတော့ တိုင်းရင်းသားအရေး ပြေလည်ရေး ဖြစ်ပါတယ်။ အဲဒီကိစ္စရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။ အခုအချိန်ထိတော့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အစိုးရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အဲဒီ အလားအလာကို ဘယ်လို မြင်ပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ ဒီဟာကတော့ ကျနော်တို့လည်း ပြောပေါင်းများခဲ့ပါပြီ။ ကျနော်တို့ (၆၂) ခုနှစ်တုန်းကလည်း ပြောခဲ့တယ်။ Pill က ရှိပြီသားပဲ။ အခု ရောဂါသိ ဆေးသိ ဆေးရှိပဲ။ ရှိပေမယ့် ဆေးက ကြီးတယ်၊ ခါးတယ် မသောက်ချင်တဲ့သဘောမျိုး ဖြစ်နေတယ်။ အမှန်ဆိုရင် ဒီ တိုင်းရင်းသားတွေက ဘာရချင်တယ်ဆိုတာ နှစ်ပေါင်း (၆၀) စောင့်ပြီး ဖြေရှင်းတယ်ဆိုတာ အံ့သြလှအောင် အတော် ဟိုဟာဖြစ်တယ်။ နောက်ပြီးတော့ အတိုင်ပင်ခံကောင်စီဖွဲ့တယ်။ နိုင်ငံတော်ကို တော်လှန်ဖို့ လုပ်တယ်ဆိုပြီးတော့ ရမယ်ရှာပြီးတော့ ရှမ်းတွေကို ဖမ်းတယ်။ တခြားလူတွေကြတော့ နိုင်ငံတော်ကောင်စီက လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတယ်ဆိုတာကတော့ ကျနော်ထင်တယ်။ ဒီမှာ အစိုးရရဲ့ mind-set က မှားနေပြီလို့ ထင်တယ်။ အမှန်ဆိုလို့ရှိရင် ဖြစ်နိုင်တာက အကုန်လုံး တပြေညီအောင် အပစ်အခတ်ရပ်စဲရေးကာလက ရက် (၆၀)၊ ရက် (၉၀) တန် ပေးပြီး လက်နက်ကိုင်အားလုံး စဉ်းစားကြ၊ ဆွေးနွေးကြ။ ဘယ်နေ့ဘယ်အခါမှာပြီးပြီ - တွေ့ကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် အခုအချိန်အခါမှာ ပင်လုံညီလာခံထက် စုံညီတဲ့ တိုင်းရင်းသားတွေ ရှိနေပြီးပဲ။ အဲဒီတော့ ဒီအခွင့်အရေးကို ကျနော်တို့ ဒီအတိုင်း ရပ်ကြည့်နေမယ့်အစား၊ မယူဘဲ နေမယ့်အစား လုပ်သင့်တယ်။ ကရင်ကိုတော့ ငြိမ်းချမ်းရေးယူ။ နောက်ပြီးတော့ ကချင်ကိုတော့ တိုက်နေတယ်။ ရှမ်းကြတော့ တောင်မတင်ရေမကျ ဖြစ်နေတယ်။ အဲဒီလိုမျိုးနဲ့ သွားနေလို့ကတော့ ဒီ formula အတိုင်း သွားမယ်ဆိုရင်တော့ နှစ်ပေါင်း ၁၀၀ ကျော်သွားလဲ တိုင်းရင်းသားအရေးက ပြေလည်မှာ မဟုတ်ဘူး။ ဆိုလိုချင်တာကတော့ အကုန်လုံး လက်ခံနိုင်မယ့် mechanism တခုကိုတော့ ကျနော်တို့ တွေ့နေပြီပဲ။ ကျနော်တို့ အဲဒီ mechanism နဲ့ သွားမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလက်ရှိလဲ ပင်လုံညီလာခံလို ဆွေးနွေးပွဲမျိုး၊၊ တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲမျိုး၊ နေပြည်တော်မှာ လုပ်မယ်လို့ အစိုးရဘက်ကပြောတာကို ကြားမိပါတယ်။ အဲဒီအပေါ် ဘယ်လောက် အယုံအကြည် ရှိပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ ဒါကတော့ ခေါ်ယူတဲ့လူရဲ့ mind-set ပေါ့။ ရိုးသားမှု၊ တည်ကြည်မှု၊ ဖြောင့်မတ်မှုတွေပေါ့။ အဲဒီ ပေတံနဲ့ တိုင်းပေါ့။

ဦးကျော်ဇံသာ ။ ။ သတင်းသမားတယောက်အနေနဲ့ ဘာကြားသလဲဆိုရင် တချို့စစ်တပ်ထဲက တချို့ခပ်ကြီးကြီး အရာရှိဟောင်းတွေ ပြောတာကို တဆင့် ကြားရပါတယ်။ ဒီမိုကရေစီ လိုချင်တာ ဗမာတွေပဲ လိုချင်တာတဲ့။ တိုင်းရင်းသားတွေက ဖက်ဒရယ်ပဲ တောင်းနေကြတာပဲ ဒီမိုကရေစီမှ မတောင်းတာဆိုတော့။ ဖက်ဒရယ်ဆိုတာကလည်း ပြည်ထောင်စုက ခွဲထွက်ဖို့ တောင်းနေတာလို့ သူတို့ ပြောနေကြတယ်။

ဦးခွန်ထွန်းဦး ။ ။ တိုင်းရင်းသားတွေ ရချင်တာက တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင်ထိန်းသိမ်းထားချင်တယ်။ ကိုယ့်စာပေ ကိုယ်တိုင်ထိန်းသိမ်းထားချင်တယ်။ ၂၀၀၈ အခြေခံဥပဒေတွေထဲမှာ ဒီ အာမခံချက် မပါလို့ NLD နဲ့ ကျနော်တို့ ညီလာခံ မတက်ဘဲ ထွက်ခဲ့တယ်။ နောက်ပြီးတော့ (၁၇) ဖွဲ့လို့ ပြောတယ်။ (၁၇) ဖွဲ့က ပြီးပြီရောကွာ ပြန်ပြီး လက်နက်ပြန်ကိုင်တာပေါ့ဆိုတဲ့ ဒီလို idea မျိုးလည်း ရှိခဲ့တာပဲ။ အဲဒါ အမှန်ဆိုရင် အမျိုးသားညီလာခံကြီးက တကယ့် political platform မဟုတ်ခဲ့ဘူး။ ဆိုလိုတာက ငါတို့က ဒါပဲ ပေးနိုင်တယ်။ သူတို့ရချင်တာ ဒါမျိုး ဖြစ်နေတယ်။ အဲဒါ ကျနော်ထင်တာကတော့ အားလုံးရဲ့ ဘုံရပ်တည်ချက်ကို ရှာပြီးတော့ လုပ်မယ်ဆိုရင်တော့ရမယ်။ မပေးချင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ ဘယ်နည်းနဲ့မှ အောင်မြင်တော့မှာ မဟုတ်ဘူး။ အခုန ကျနော်ပြောခဲ့တယ် အနာသိတယ်၊ ဆေးရှိတယ်။ ဘာအနာဆိုတာကတော့ အကုန်သိနေပြီ။ အားလုံးကတော့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရေး။ အဓိကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နောက် တန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်တဲ့ တိုင်းရင်းသားတွေ။ အဲဒါကိုမှ မပေးဘူး။ ပေးဖို့ မပြောနဲ့အုန်း ဒါကို လက်ခံပြီး မဆွေးနွေးနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး process က ဆက်မသွားရုံ ရှိတော့မှပေါ့။ ဆက်လည်း မသွားနိုင်တဲ့ အခြေအနေမျိုး ရောက်သွားလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို နည်းနည်းလေး အကျယ်ရှင်းပြပါလား။

ဦးခွန်ထွန်းဦး ။ ။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကတော့ အမျိုးမျိုး ရှိတာပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်က like culture autonomy တို့ ဘာတို့ညာတို့ပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်ကတော့ တော်တော်လေးကိုတော့ ကျယ်ပြန့်တယ်။ ဒါပေမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာတော့ ကျနော်တို့ ပြန်ပြီးတော့ အပေးအယူလုပ်ပြီး ဆွေးနွေးလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုကလည်း ကေအိုင်အိုနဲ့ ဖြစ်နေတယ့်ကိစ္စမှာ ကေအိုင်အေ ဘက်က စစ်ရေးအရ အသာစီးရနေတာတွေရှိတယ်။ အစိုးရစစ်တပ်ဘက်က ထိခိုက်တာ၊ နှစ်နာတာတွေများတယ်။ အဲဒီတော့ စစ်ရေးအရ အပေါ်စီးရမှ ဆွေးနွေးချင်တဲ့ လေသံမျိုးလည်း ကျနော် ကြားသိရပါတယ်။ သူတို့က စစ်တပ်ရဲ့ way of thinking စစ်ရေးရှုထောင့်ကနေသာ ကြည့်နေကြပါတယ်။ အဲဒါ ဘယ်လိုပြေလည်စရာ အကြောင်းရှိပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ အဲဒါကလဲ အဲဒီလိုမျိုး ဖြစ်စဉ်ပဲ။ တိုက်နေတာ ကြာပြီပဲ။ စစ်ရေးအရဆိုရင် ကျနော်တို့ အရပ်ထဲစကားနဲ့ ပြောရင်တော့ သူတို့ လိုင်ဇားကျမှ ပြောမယ်ဆွေးနွေးမယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်။ ကရင်နဲ့ လက်မှတ်ထိုးနေပြီ၊ တခြားလူတွေနဲ့လည်း ထိုးနေပြီ။ ဘာကြောင့် ကေအိုင်အေ နဲ့ မထိုးနိုင်သလဲ။ ဘာကြောင့် အခုထိ ပေါင်းခနဲ့ မထိုးနိုင်သေးသလဲ။ အဲဒီ double standard တွေကြောင့် ဒီပြဿနာကြီးက ပြောလို့ရှိရင် မပြီးနိုင်တာ အဲဒါတွေကြောင့်ပဲ။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ထွန်းဦး က အစကတည်းကလည်း အခုပြောတဲ့စကားတွေကိုပဲ တန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရပ်တည်ပြီး တောင်းဆိုခဲ့တယ်။ အဲဒီအတွက်ပဲ သူတို့ဟာ ဦးခွန်ထွန်းဦးတို့ကို ဖမ်းဆီးပြီး ထောင်ချခဲ့တယ်လို့ နားလည်းပါတယ်။ အခုလည်း ဦးခွန်ထွန်းဦးရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲဆိုတော့ အာဏာပိုင်တွေ ဆက်လက်လှုပ်ရှားနေတဲ့ နိုင်ငံရေး ရေစီးထဲမှာ ဦးခွန်ထွန်းဦး ကို အဆင်ပြေပြေ ပါဝင်လာခွင့် ပေးလိမ့်မယ်။ ပါဝင်ဆွေးနွေးခွင့်၊ အလားတူ တင်ပြခွင့် ရလာလိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးခွန်ထွန်းဦး ။ ။ ကျနော်က ပါဝင်ခွင့် ရရေးမရရေး အဓိက မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အခွင့်အရေး ရဖို့က အဓိကပါ။ မပေးချင်ဘဲနဲ့လည်း ဖိတ်ပြီးတော့ ပါပြီးပြောခိုင်းလည်း ဘာထူးမှာလဲ။ မိန်းမဆန်လှတဲ့ မပေးနိုင်ဘူးဆိုရင် ဒါတော့ ကျနော်လည်း မတတ်နိုင်ဘူး။ ကျနော်ပြောတာက ပြေလည်ရာပြေလည်ကြောင်းကို ရှင်းပြနေတာ။ ဒါရမှ တတ်မယ်ဆိုတာလည်း မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက အခု ပါလီမန်လွှတ်တော်မှာ အရွေးခံပြီးတော့ ပါဝင်ဆောင်ရွက်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားပါတီတွေကို ဘယ်လို သဘောထားပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ သူတို့ကတော့ သူတို့ ယုံကြည်ချက်နဲ့ လုပ်သွားတာကိုတော့ - အခုတော့ တက်တော့တက်နေပြီးပေါ့။ ဒါပေမဲ့ ကျနော်ထင်တယ် မျှော်မှန်းတဲ့ ပြောင်းလဲမှုအထိ၊ ပြေလည်တဲ့အထိတော့ မရောက်သေးဘူး။ သူတို့ ရပ်တည်ချက်၊ ခံယူချက်ကိုတော့ ကျနော် ဘာမှတော့ ဆန္ဒမပေးလိုပါဘူး။ ဒါကတော့ သူတို့ရဲ့ ယုံကြည်ချက်နဲ့ လုပ်သွားတဲ့အရာဖြစ်ပါတယ်။

XS
SM
MD
LG