သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ခ်င့္ခ်ိန္ေဝဖန္စရာေတြ ရွိေနတဲ့ ၿငိမ္းခ်မ္းေရးဖိတ္ေခၚခ်က္


ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)

ျမန္မာႏိုင္ငံမွာ လြတ္လပ္ေရးနဲ႔အတူ ေပၚေပါက္လာခဲ့တဲ့ တိုင္းရင္းသားပဋိပကၡေတြကို ေျဖရွင္းဖို႔ အစိုးရအဆက္ဆက္ အႀကိမ္ႀကိမ္ႀကိဳးပမ္းမႈေတြ ရွိခဲေပမဲ့၊ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို မရရွိႏိုင္ေသးပါဘူး။ အခု လက္ရွိအုပ္စိုးေနတဲ့ စစ္ေကာင္စီဥကၠဌရဲ႕ ဖိတ္ေခၚခ်က္ေပၚထြက္လာေတာ့ တိုင္းရင္းသားအင္အားစုေတြ ေလ့လာသုံးသပ္သူေတြရဲ႕ ခ်င့္ခ်ိန္တြက္ဆခ်က္ေတြ၊ ေဝဖန္ခန႔္မွန္းခ်က္ေတြ အမ်ားအျပားၾကားေနရပါတယ္။ ဒီအခ်က္ေတြနဲ႔ ပတ္သက္ၿပီး PPST (ေခၚ) ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္ေကာ္မီတီရဲ႕ အႀကံေပးပုဂၢိဳလ္ ဦးခြန္းဆိုင္ နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ စစ္ေကာင္စီ ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈဟာ အက်ပ္အတည္း သိပ္ၿပီးျပင္းျပင္းထန္ထန္ ႀကံဳေနရလို႔ အဲဒီက ထြက္ေပါက္ရွာေနတဲ့သေဘာသာ ျဖစ္တယ္လို႔ သံုးသပ္ေနၾကပါတယ္။ အဲဒါကို ဦးခြန္ဆိုင္ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ ၿပီးခဲ့တဲ့ ေမလ (၆) ရက္ေန႔တုန္းက PPST အစည္းအေဝးလုပ္တုန္းကလဲ ဒီလိုျမင္တဲ့ အဖြဲ႔ေတြလည္း ရိွပါတယ္။ ဒါေပမဲ့ ဒီလိုမျမင္ဘဲနဲ႔ အခု တပ္ခ်ဳပ္ႀကီးက အဆင္သင့္ျဖစ္ေနၿပီဆိုေတာ့ သူက ဖိတ္ေခၚတာ ျဖစ္တယ္လို႔ ျမင္ၾကတဲ့ အဖြဲ႔ေတြလည္း ရိွပါတယ္။ အဲဒီလို မတူညီတဲ့အျမင္ကို ျပန္လည္ေျဖရွင္းႏိုင္တာကလည္း အဓိကက တပ္မေတာ္ဘက္ကဆိုေပမဲ့လဲ တပ္မေတာ္ဘက္ကလဲ ဒီအေျခအေနကို အားလံုးနားလည္ေအာင္ ရွင္းလင္းဖို႔ကလဲ မရိွေသးဘူး။ သူတို႔ကေတာ့ ေခါင္းေဆာင္ႀကီးေတြ လာၾကပါ။ အဖြဲ႔ဝင္ႏွစ္ေယာက္ စာရင္းေပးပါ။ အဲဒီေနာက္ သူတုုိ႔နဲ႔ တဖြဲ႔ခ်င္းေတြ႔မယ္။ တဖြဲ႔ခ်င္းရဲ ႔ လိုလားခ်က္ေတြကို သူတို႔က တတ္ႏိုင္သေလာက္ ျဖည့္ဆည္းေပးမယ္။ ေနာက္ၿပီးေတာ့မွ လိုအပ္လို႔ရိွရင္လဲ သူတုိ႔ဖြဲ႔ထားတဲ့ ေကာ္မတီဝင္ (၃) ဦးနဲ႔ ေတြ႔မယ္။ ေနာက္ၿပီး လိုအပ္လို႔ရိွရင္ ထပ္ၿပီးေတာ့ ေတြ႔ဆံုေဆြးေႏြးမယ္ဆိုတာပဲ ရိွေနေသးတယ္။ အဲဒီေတာ့ ဒီအေျခအေနကေတာ့ ယတိျပတ္ဆံုးျဖတ္ႏုိင္တဲ့ အေျခအေန မဟုတ္ဘူးလို႔ပဲ ေျပာလို႔ရပါမယ္။

ေမး ။ ။ အခုနေျပာသလို အဖြဲ႔ေတြက သူတို႔ဖိတ္ေခၚတာ အက်င္းအၾကပ္ေၾကာင့္ ထြက္ေပါက္ရွာတယ္လို႔ ေျပာသလို၊ ဒီအခ်ိန္ဟာ အခြင့္အလမ္း ျဖစ္ႏိုင္တယ္ဆုိၿပီး အမ်ဳိးမ်ဳိး သံုးသပ္ၾကသလို၊ လူေတာ္ေတာ္မ်ားမ်ား သံုးသပ္ၾကတဲ့ ေနာက္တခုက ဘာလဲဆိုေတာ့ အခုအခါမွာ ဒီလိုတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ EAO ေတြကိုသာ ဖိတ္ေခၚၿပီးေတာ့ NUG, PDF တို႔ကို အျပတ္သတ္ေခ်မႈန္းမယ္လို႔ ေျပာထားတဲ့ကိစၥဟာကလဲ NUG, PDF နဲ႔ တိုင္းရင္းသားအင္အားစုေတြ ကြဲျပားသြားေအာင္ တမင္တကာ ေသြးခြဲၿပီးလုပ္တယ္ဆိုတဲ့ သံုးသပ္ခ်က္လဲ ရိွပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးပါ။

ေျဖ ။ ။ ဒီကိစၥကိုလဲ ၿပီးခဲ့တဲ့ က်ေနာ္တို႔ PPST အစည္းအေဝးမွာပါတဲ့ အခ်က္ (၁) ခ်က္ ျဖစ္ပါတယ္။ အဖြဲ႔တခ်ဳိ ႔ ေျပာတာက အားလံုးကိုဖိတ္မွ သြားသင့္တယ္။ အားလံုးကို မဖိတ္ဘူးဆိုရင္ ဒါဟာ တကယ့္ၿငိမ္းခ်မ္းေရးျဖစ္မွာ မဟုတ္ဘူး။ အဖြဲ႔ႀကီးတခ်ဳိ ႔ေတြနဲ႔ တုိက္ပြဲျဖစ္ေနတဲ့ကာလမွာ ဖိတ္တယ္ဆိုေတာ့ အခုသြားေဆြးေႏြးတာ လက္ေတြ႔က်ပါ့မလား။ တဖြဲ႔ခ်င္းေတြ႔တယ္ဆိုရင္ ေသြးခြဲတာ မဟုတ္ဘူးလား။ ဖိတ္တဲ့ေလသံကို ၾကည့္လိုက္လို႔ရိွရင္လဲ အထက္စီးဆက္ဆံတဲ့သေဘာ မျဖစ္ေနဘူးလား။ အဲဒီလိုမ်ဳိး ေဝဖန္တာကို ၾကားရပါတယ္။ တခ်ဳိ ႔ကလဲ လူထုအသံကိုလည္း နားေထာင္သင့္တယ္။ အခုအခ်ိန္အခါမွာ ယံုၾကည္မႈ အကင္းမဲ့ဆံုးကာလ ျဖစ္ေနတယ္ဆိုတာကို ေမ့လို႔မရဘူး။ က်ေနာ္တုိ႔အေနနဲ႔ SAC ကို တရားဝင္မႈ လုပ္ေဆာင္ျခင္းကို ေရွာင္သင့္တယ္။ ဒီလိုမဟုတ္ဘူးဆိုရင္ က်ေနာ္တို႔ EAO ေတြက အသံုးခ်ခံေတြ ျဖစ္လာမယ္။ အခုက စစ္မ်က္ႏွာႏွစ္ခုကို တခုကိုပိတ္ၿပီးေတာ့ တခုကိုဖြင့္မယ္ပံုစံမ်ဳိး ျဖစ္တယ္ဆိုတာကို က်ေနာ္တို႔ ၾကားရေတာ့ ဒါကမဆန္းဘူး။

ေမး ။ ။ အခုနေျပာတယ္ - တဖြဲ႔ခ်င္းဖိတ္တယ္။ ဘာျဖစ္လို႔ တဖြဲ႔ခ်င္းဖိတ္သလဲ။ တိုင္းရင္းသားပဋိပကၡ ေျပလည္ေရးဆိုတာ တဖြဲ႔ခ်င္းလိုအပ္ခ်က္နဲ႔ ေျဖရွင္းလို႔ရတာ မဟုတ္ပါဘူး။ တိုင္းရင္းသားအင္အားစုအားလံုး၊ တုိင္းရင္းသားအားလံုးရဲ ႔ ဆႏၵသေဘာထားနဲ႔ ညိွႏိႈင္းေျဖရွင္းရမယ့္ကိစၥလို႔ လူတုိင္းက လက္ခံထားၾကပါတယ္။ ဒီအခ်ိန္မွာ စစ္ေကာင္စီက ဖိတ္ေခၚတာက တဖြဲ႔ခ်င္း၊ သံုးေယာက္စီလာၾက ဘာညာလုပ္တယ္ဆိုတာကိုေတာ့ လူတိုင္းသံသယျဖစ္စရာ ရိွမယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ အဲဒီလိုမသြားခင္၊ တိုင္းရင္းသားအဖြဲ႔ေတြကေရာ သူတုိ႔ႀကိဳတင္ၿပီးေတာ့ ညိွဖို႔ေကာ မျဖစ္ႏိုင္ဘူးလား။ ႀကိဳတင္ညိွဖို႔ အခ်ိန္အလံုအေလာက္မေပးထားဘူးလား ဆိုတာကလဲ သံုးသပ္စရာ ျဖစ္မယ္လို႔ ထင္ပါတယ္။

ေျဖ ။ ။ ဒါက သံသယျဖစ္စရာေကာင္းတဲ့ အခ်က္တခ်က္ ျဖစ္ပါတယ္။ က်ေနာ္တို႔ ဒီမိုကေရစီ ထူေထာင္မယ္၊ ဖက္ဒရယ္စနစ္ႀကီးေပၚ အေျခခံတဲ့ ျပည္ေထာင္စုႀကီးကို က်ေနာ္တို႔ တည္ေဆာက္မယ္ဆိုရင္ တဖြဲ႔ခ်င္းနဲ႔ မလုပ္ႏုိင္ပါဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔ တဖြဲ႔ခ်င္း ေတြ႔ဖို႔လဲလိုတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တဖြဲ႔ခ်င္းရဲ ႔ လိုအပ္ခ်က္ေတြက မတူၾကဘူး။ အေျခအေနက မတူၾကဘူး။ သို႔ေသာ္ အားလံုးနဲ႔လည္း ေပါင္းစံုေတြ႔ဖို႔လည္း လိုမယ္ဆိုတဲ့ ေတာင္းဆိုမႈလည္း ရိွပါတယ္။ ဒါကိုေတာင္းဆိုတာ PPST ဘက္ကတင္ မကပါဘူး၊ ေျမာက္ပိုင္းက FPNCC ကလည္း ေတာင္းဆိုတယ္လို႔လည္း ၾကားသိရပါတယ္။ ဒါေပမဲ့ ေနျပည္ေတာ္ဘက္ကေနေတာ့ တဖြဲ႔ခ်င္းပဲ ေတြ႔ဖို႔သာ ရိွေသးတယ္လို႔ ေျပာတယ္။ သို႔ေသာ္လဲပဲ အေျခအေနကို ၾကည့္လိုက္မယ္ဆိုရင္ အားလံုးကို ပံုေသကားခ်ပ္ခ်လို႔ မရေသးလို႔ ေဆြးေႏြးတာပဲ ရိွပါတယ္။ ဥပမာဆိုပါေတာ့ ပထမဦးဆံုး တပ္ခ်ဳပ္ႀကီးက ေၾကညာတဲ့အခါၾကေတာ့ ေနျပည္ေတာ္ကို ေမးၾကည့္တယ္ - ဖိတ္စာေတြ မထုတ္္ဘူးလား။ ေကာ္မတီေတြ မဖြဲ႔ဘူးလား။ သြားေရာက္ၿပီးေတာ့ မေဆြးေႏြးဘူးလားဆိုေတာ့ က်ေနာ္တို႔ ဖိတ္စာေတြ မထုတ္ဘူးလို႔ ေျပာတယ္။ သို႔ေသာ္လဲ အဘက္ဘက္ကေနၿပီးေတာ့ ေမးျမန္းတာမ်ားတဲ့အခါၾကေတာ့ ဖိတ္စာလို႔ မေခၚဘဲနဲ႔ ထပ္မံအသိေပးျခင္းစာဆိုၿပီးေတာ့ ထုတ္တာပဲ ရိွခဲ့တယ္။ အဲဒီေတာ့ ဒီအေျခအေနကေတာ့ အခုေလာေလာဆယ္က ပံုေသကားခ်ပ္ မလုပ္ႏိုင္ဘူးလို႔ ေျပာလို႔ရႏိုင္ပါတယ္။ ဒီေတာ့ အခုေလာေလာဆယ္ေတာ့ သူတုိ႔က တဖြဲ႔ခ်င္းပဲ ေတြ႔မယ္လို႔ ေျပာေပမဲ့ ဒီလိုေဆြးေႏြးရင္နဲ႔ အားလံုးနဲ႔ ေတြ႔မလားဆိုတာလဲ၊ အခင္းအက်င္းေပးတာလဲ ရိွတယ္။ ေနာက္တဘက္က ဘာလဲဆိုေတာ့ ဒီဥစၥာက တပြဲထိုးလုပ္တယ္ဆိုလို႔ရိွရင္ေတာ့ အေျဖက ရဖို႔သိပ္နည္းမယ္။ က်ေနာ္တို႔ ဒီတေခါက္ ေဆြးေႏြးပြဲလုပ္တာဟာ ဝင္ေပါက္ကို ဖြင့္ျခင္းျဖစ္တယ္။ NCA ကို ဖြင့္ျခင္းျဖစ္တယ္ဆိုရင္ေတာ့ ဒါကို က်ေနာ္တို႔ ျဖစ္ေအာင္လုပ္ဖို႔လိုတယ္။ ပထမအဆင့္မွာေတာ့ က်ေနာ္တုိ႔ လက္မွတ္္ထိုးထားတဲ့ အဖြဲ႔ေတြနဲ႔ လက္မွတ္မထိုးထားတဲ့ အဖြဲ႔ေတြနဲ႔ စေပမယ္။ ေနာက္ပိုင္းၾကရင္ သက္ဆိုင္ရာ stakeholder လို႔ေခၚတဲ့ ယံုၾကည္စိတ္ခ်ရတဲ့အဖြဲ႔ေတြအားလံုးနဲ႔ ေတြ႔ဖို႔ ျဖစ္ႏုိင္တယ္လို႔ တခ်ဳိ ႔က ထင္ေၾကးေပးတာလည္း ရိွပါတယ္။

ေမး ။ ။ အခုတႀကိမ္ ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာဟာ မေအာင္ျမင္ဘူး။ Failed Coup ျဖစ္တယ္လို႔ သံုးသပ္ေနၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔ဟာ တိုင္းျပည္ကို တရားဝင္အုပ္ခ်ဳပ္ပိုင္ခြင့္ မရိွဘူးဆိုၿပီးေတာ့ လက္မခံႏိုင္ၾကေသးတဲ့ လူေတြလည္း အမ်ားႀကီးပါ။ အဲဒီလို သတ္မွတ္ျခင္းခံရတဲ့ စစ္ေကာင္စီအေနနဲ႔ ျပည္ေထာင္စုသမိုင္းမွာ ဒီေလာက္ေတာင္ အေရးႀကီးတဲ့ ျပႆနာတရပ္ကို ကိုင္တြယ္ေျဖရွင္းပိုင္ခြင့္ေကာ ရိွရဲ ႔လားဆိုတာကို ေမးခြန္းထုတ္လာရင္ေကာ။

ေျဖ ။ ။ ၿပီးခဲ့တဲ့ တပ္ခ်ဳပ္ႀကီးရဲ ႔ မိန္႔ခြန္းတခုမွာ သူကိုယ္တိုင္ေျပာခဲ့တာ ရိွပါတယ္။ အခုလို စစ္တပ္က အုပ္ခ်ဳပ္တဲ့ အစိုးရ ျဖစ္ေနခ်ိန္မွာ ၿငိမ္းခ်မ္းေရး၊ ဖြံ႔ၿဖိဳးေရးတို႔ မလုပ္ႏိုင္ဘူးဆိုေပမဲ့ က်ေနာ္တို႔က လုပ္ႏိုင္ခဲ့တယ္ဆိုတာကိုလဲ သက္ေသျပခဲ့ဖူးပါတယ္လို႔ ေျပာတယ္။ ေနာက္ၿပီးေတာ့ ေနျပည္ေတာ္ဘက္ေန ေျပာတဲ့ပုဂၢိဳလ္ေတြတခ်ဳိ ႔လည္း ရိွတယ္။ အရင္တုန္းကဆိုလို႔ရိွရင္ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ လုပ္တာဟာ ဥပမာ အဓိကလုပ္တာက ဦးေအာင္မင္း ျဖစ္ေပမဲ့၊ ဦးေအာင္မင္းကေန လႊတ္ေတာ္ဥကၠ႒ႀကီး ဦးေရႊမန္းဆီေျပးရ၊ သမၼတႀကီးဦးသိန္းစိန္ဆီေျပးရ၊ တပ္ခ်ဳပ္ဆီေျပးရနဲ႔ ပတ္ပတ္လည္ေျပးၿပီးေတာ့မွ သူက သေဘာတူညီခ်က္ရယူလုပ္လို႔ရတယ္။ အခုေတာ့ အာဏာသံုးရပ္စလံုးက တေယာက္ထဲမွာ ရိွတယ္ဆိုေတာ့ အားလံုးကလြယ္ပါတယ္ဆိုတဲ့ အေၾကာင္းျပခ်က္။ အခုေလာေလာဆယ္ ေရြးေကာက္ပြဲကလာတဲ့ အစိုးရ မဟုတ္တဲ့အတြက္ေၾကာင့္ လႊတ္ေတာ္လည္း မရိွဘူးဆိုေတာ့ ဒီအာဏာသံုးရပ္စလံုးကို ကိုင္စြဲထားတဲ့ တပ္ခ်ဳပ္ႀကီးနဲ႔ က်ေနာ္တို႔ ေဆြးေႏြးလို႔ရတဲ့ သေဘာတူညီခ်က္ေတြကို ၂၀၂၃ မွာ က်င္းပမဲ့ ေရြးေကာက္ပြဲကေန ထြက္လာတဲ့ လႊတ္ေတာ္ကေန၊ အစိုးရကေန အသိအမွတ္ျပဳမယ္လို႔ က်ေနာ္တို႔ ေဆာင္ရြက္ေပးႏုိင္ပါတယ္လို႔ ဒီလိုေျပာတာလဲ ရိွပါတယ္။ အခုေလာေလာဆယ္ က်ေနာ္တင္ျပေနတာ ေထာက္ခံေဆြးေႏြးတာ မဟုတ္ဘူး။ စဥ္းစားစရာအေနနဲ႔ တင္ျပေပးတာ ျဖစ္ပါတယ္။ အခု သူတို႔ေဆြးေႏြးတာ ဘယ္လိုမ်ဳိး အေျခအေန ရိွသလဲ။ က်ေနာ္တို႔ ဘယ္လို ဆံုးျဖတ္သံုးသပ္သင့္သလဲ ဆိုတာကိုေတာ့ နားဆင္တဲ့လူတိုင္း ဝိုင္းဝန္းၿပီးေတာ့ ဆံုးျဖတ္သံုးသပ္ေပးပါ။

ေမး ။ ။ သေဘာေပါက္ပါတယ္။ က်ေနာ္တို႔လည္း ၿငိမ္းခ်မ္းေရးကို လိုခ်င္လို႔၊ တကယ္ျဖစ္ေစခ်င္လို႔ ဘာလုပ္သင့္တယ္ဆိုတဲ့ သေဘာနဲ႔ ေမးျမန္းျခင္းသာ ျဖစ္ပါတယ္။ ဆိုေတာ့ ဦးခြန္းဆိုင္ဟာ တိုင္းရင္းသားအဖြဲ႔ေတြနဲ႔ ေစ့စပ္ေရးနဲ႔ပတ္သက္တဲ့ အဖြဲ႔ရဲ ႔ နာယကတဦး၊ အႀကံေပးတဦးလည္း ျဖစ္ပါတယ္ဆိုေတာ့ ဦးခြန္းဆိုင္အေနနဲ႔ ဒီစစ္မွန္တဲ့ တိုင္းရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရးရရိွဖို႔ ဆိုလိုရိွရင္ တုိင္းရင္းသားအင္အားစုေတြဘက္က ဘယ္လို ျပင္ဆင္ၿပီးေတာ့ ေတြ႔ဆံုေဆြးေႏြးသင့္သလဲ။ ဦးခြန္းဆိုင္ရဲ ႔ အႀကံေပးခ်က္ကို ၾကားပါရေစ။

ေျဖ ။ ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့မွ က်ေနာ္တို႔ PPST အစည္းအေဝးမွာလဲ က်ေနာ္တုိ႔ ဝိုင္းဝန္းေဆြးေႏြးေနတဲ့ အခ်က္တခု ျဖစ္ပါတယ္။ ဒီလို က်ေနာ္တို႔ သြားေတြ႔မယ္ဆိုလို႔ရိွရင္ ဘာမွမျပင္ဆင္ထားဘဲနဲ႔ သြားေတြ႔လို႔ မသင့္ပါဘူး။ ျပင္ဆင္ၿပီးေတာ့မွ သြားေတြ႔သင့္ပါတယ္။ အခုေလာေလာဆယ္ဆုိလုိ႔ရိွရင္ PPST အေနနဲ႔ NCA ကို ထုတ္ၾကည့္လိုက္ရင္ အေျခခံမူ အနစ္သာရ (၃) ခ်က္ ရိွတယ္။ (၁) ႏိုင္ငံေရးျပႆနာကို ႏုိင္ငံေရးနည္းနဲ႔ ေျဖရွင္းရမယ္။ (၂) ပါဝင္ပတ္သက္တဲ့ သက္ဆိုင္ရာအားလံုး အဖြဲ႔အစည္းေတြအားလံုး ပါဝင္ဖို႔လိုတယ္။ (၃) အရပ္သားေတြရဲ ႔ လံုၿခံဳေရး၊ ကာကြယ္ေရးကို လုပ္ေဆာင္ေပးဖို႔ လိုတယ္ဆိုၿပီးေတာ့ NCA ရဲ ႔ အနစ္သာရ (၃) ခ်က္ ရိွပါတယ္။ ဒီအျပင္လဲမကဘူး ႏိုင္ငံေရးရည္မွန္းခ်က္ႀကီး (၇) ခ်က္နဲ႔ လမ္းျပေျမပံုအတြက္ အဆိုျပဳခ်က္ဆိုၿပီးေတာ့ ျပင္ဆင္ထားတာေတြလည္း ရိွတယ္။ ဒါေတြကို က်ေနာ္တို႔က ေနျပည္ေတာ္မွာ ရိွေနတဲ့ အာဏာပိုင္ပုဂၢိဳလ္ေတြနဲ႔ ေတြ႔မယ္ဆိုရင္ က်ေနာ္တို႔ သြားတင္ျပဖို႔လိုတယ္။ ျဖစ္ႏုိင္လို႔ရိွရင္ သြားမေတြ႔ခင္ကတည္းက က်ေနာ္တို႔ ႀကိဳတင္ၿပီးေတာ့ ေၾကညာထားဖို႔လိုတယ္ဆိုတာကို တင္ျပထားပါတယ္။ ေနာက္တခုကလဲ ဒီလို က်ေနာ္တို႔ ေဆြးေႏြးတာ ခ်က္ခ်င္းေလ်ာ့နည္းသမွ် ေလ်ာ့နည္းမလားဆိုတဲ့ အဆင့္မ်ဳိး မဟုတ္ဘဲနဲ႔ အခုေလာေလာဆယ္ ျဖစ္ေပၚေနတဲ့ ႏုိင္ငံေရးအက်ပ္အတည္းေတြကို ေက်ာ္လႊာႏုိင္ဖို႔ ဒါေတြကို က်ေနာ္တုိ႔ ျပင္ဆင္ၿပီးေတာ့ သြားေဆြးေႏြးဖို႔ လိုတယ္ဆိုတာေတာ့ တင္ျပၿပီးၿပီ ျဖစ္ပါတယ္။

==Unicode===

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းဖို့ အစိုးရအဆက်ဆက် အကြိမ်ကြိမ်ကြိုးပမ်းမှုတွေ ရှိခဲပေမဲ့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်သေးပါဘူး။ အခု လက်ရှိအုပ်စိုးနေတဲ့ စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ပေါ်ထွက်လာတော့ တိုင်းရင်းသားအင်အားစုတွေ လေ့လာသုံးသပ်သူတွေရဲ့ ချင့်ချိန်တွက်ဆချက်တွေ၊ ဝေဖန်ခန့်မှန်းချက်တွေ အများအပြားကြားနေရပါတယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး PPST (ခေါ်) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မီတီရဲ့ အကြံပေးပုဂ္ဂိုလ် ဦးခွန်းဆိုင် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အကျပ်အတည်း သိပ်ပြီးပြင်းပြင်းထန်ထန် ကြုံနေရလို့ အဲဒီက ထွက်ပေါက်ရှာနေတဲ့သဘောသာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ အဲဒါကို ဦးခွန်ဆိုင် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့တုန်းက PPST အစည်းအဝေးလုပ်တုန်းကလဲ ဒီလိုမြင်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမမြင်ဘဲနဲ့ အခု တပ်ချုပ်ကြီးက အဆင်သင့်ဖြစ်နေပြီဆိုတော့ သူက ဖိတ်ခေါ်တာ ဖြစ်တယ်လို့ မြင်ကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ အဲဒီလို မတူညီတဲ့အမြင်ကို ပြန်လည်ဖြေရှင်းနိုင်တာကလည်း အဓိကက တပ်မတော်ဘက်ကဆိုပေမဲ့လဲ တပ်မတော်ဘက်ကလဲ ဒီအခြေအနေကို အားလုံးနားလည်အောင် ရှင်းလင်းဖို့ကလဲ မရှိသေးဘူး။ သူတို့ကတော့ ခေါင်းဆောင်ကြီးတွေ လာကြပါ။ အဖွဲ့ဝင်နှစ်ယောက် စာရင်းပေးပါ။ အဲဒီနောက် သူတို့နဲ့ တဖွဲ့ချင်းတွေ့မယ်။ တဖွဲ့ချင်းရဲ့ လိုလားချက်တွေကို သူတို့က တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။ နောက်ပြီးတော့မှ လိုအပ်လို့ရှိရင်လဲ သူတို့ဖွဲ့ထားတဲ့ ကော်မတီဝင် (၃) ဦးနဲ့ တွေ့မယ်။ နောက်ပြီး လိုအပ်လို့ရှိရင် ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာပဲ ရှိနေသေးတယ်။ အဲဒီတော့ ဒီအခြေအနေကတော့ ယတိပြတ်ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မဟုတ်ဘူးလို့ပဲ ပြောလို့ရပါမယ်။

မေး ။ ။ အခုနပြောသလို အဖွဲ့တွေက သူတို့ဖိတ်ခေါ်တာ အကျင်းအကြပ်ကြောင့် ထွက်ပေါက်ရှာတယ်လို့ ပြောသလို၊ ဒီအချိန်ဟာ အခွင့်အလမ်း ဖြစ်နိုင်တယ်ဆိုပြီး အမျိုးမျိုး သုံးသပ်ကြသလို၊ လူတော်တော်များများ သုံးသပ်ကြတဲ့ နောက်တခုက ဘာလဲဆိုတော့ အခုအခါမှာ ဒီလိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ EAO တွေကိုသာ ဖိတ်ခေါ်ပြီးတော့ NUG, PDF တို့ကို အပြတ်သတ်ချေမှုန်းမယ်လို့ ပြောထားတဲ့ကိစ္စဟာကလဲ NUG, PDF နဲ့ တိုင်းရင်းသားအင်အားစုတွေ ကွဲပြားသွားအောင် တမင်တကာ သွေးခွဲပြီးလုပ်တယ်ဆိုတဲ့ သုံးသပ်ချက်လဲ ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါ။

ဖြေ ။ ။ ဒီကိစ္စကိုလဲ ပြီးခဲ့တဲ့ ကျနော်တို့ PPST အစည်းအဝေးမှာပါတဲ့ အချက် (၁) ချက် ဖြစ်ပါတယ်။ အဖွဲ့တချို့ ပြောတာက အားလုံးကိုဖိတ်မှ သွားသင့်တယ်။ အားလုံးကို မဖိတ်ဘူးဆိုရင် ဒါဟာ တကယ့်ငြိမ်းချမ်းရေးဖြစ်မှာ မဟုတ်ဘူး။ အဖွဲ့ကြီးတချို့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ကာလမှာ ဖိတ်တယ်ဆိုတော့ အခုသွားဆွေးနွေးတာ လက်တွေ့ကျပါ့မလား။ တဖွဲ့ချင်းတွေ့တယ်ဆိုရင် သွေးခွဲတာ မဟုတ်ဘူးလား။ ဖိတ်တဲ့လေသံကို ကြည့်လိုက်လို့ရှိရင်လဲ အထက်စီးဆက်ဆံတဲ့သဘော မဖြစ်နေဘူးလား။ အဲဒီလိုမျိုး ဝေဖန်တာကို ကြားရပါတယ်။ တချို့ကလဲ လူထုအသံကိုလည်း နားထောင်သင့်တယ်။ အခုအချိန်အခါမှာ ယုံကြည်မှု အကင်းမဲ့ဆုံးကာလ ဖြစ်နေတယ်ဆိုတာကို မေ့လို့မရဘူး။ ကျနော်တို့အနေနဲ့ SAC ကို တရားဝင်မှု လုပ်ဆောင်ခြင်းကို ရှောင်သင့်တယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ကျနော်တို့ EAO တွေက အသုံးချခံတွေ ဖြစ်လာမယ်။ အခုက စစ်မျက်နှာနှစ်ခုကို တခုကိုပိတ်ပြီးတော့ တခုကိုဖွင့်မယ်ပုံစံမျိုး ဖြစ်တယ်ဆိုတာကို ကျနော်တို့ ကြားရတော့ ဒါကမဆန်းဘူး။

မေး ။ ။ အခုနပြောတယ် - တဖွဲ့ချင်းဖိတ်တယ်။ ဘာဖြစ်လို့ တဖွဲ့ချင်းဖိတ်သလဲ။ တိုင်းရင်းသားပဋိပက္ခ ပြေလည်ရေးဆိုတာ တဖွဲ့ချင်းလိုအပ်ချက်နဲ့ ဖြေရှင်းလို့ရတာ မဟုတ်ပါဘူး။ တိုင်းရင်းသားအင်အားစုအားလုံး၊ တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒသဘောထားနဲ့ ညှိနှိုင်းဖြေရှင်းရမယ့်ကိစ္စလို့ လူတိုင်းက လက်ခံထားကြပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီက ဖိတ်ခေါ်တာက တဖွဲ့ချင်း၊ သုံးယောက်စီလာကြ ဘာညာလုပ်တယ်ဆိုတာကိုတော့ လူတိုင်းသံသယဖြစ်စရာ ရှိမယ်လို့ ထင်ပါတယ်။ ဆိုတော့ အဲဒီလိုမသွားခင်၊ တိုင်းရင်းသားအဖွဲ့တွေကရော သူတို့ကြိုတင်ပြီးတော့ ညှိဖို့ကော မဖြစ်နိုင်ဘူးလား။ ကြိုတင်ညှိဖို့ အချိန်အလုံအလောက်မပေးထားဘူးလား ဆိုတာကလဲ သုံးသပ်စရာ ဖြစ်မယ်လို့ ထင်ပါတယ်။

ဖြေ ။ ။ ဒါက သံသယဖြစ်စရာကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ ထူထောင်မယ်၊ ဖက်ဒရယ်စနစ်ကြီးပေါ် အခြေခံတဲ့ ပြည်ထောင်စုကြီးကို ကျနော်တို့ တည်ဆောက်မယ်ဆိုရင် တဖွဲ့ချင်းနဲ့ မလုပ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ တဖွဲ့ချင်း တွေ့ဖို့လဲလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖွဲ့ချင်းရဲ့ လိုအပ်ချက်တွေက မတူကြဘူး။ အခြေအနေက မတူကြဘူး။ သို့သော် အားလုံးနဲ့လည်း ပေါင်းစုံတွေ့ဖို့လည်း လိုမယ်ဆိုတဲ့ တောင်းဆိုမှုလည်း ရှိပါတယ်။ ဒါကိုတောင်းဆိုတာ PPST ဘက်ကတင် မကပါဘူး၊ မြောက်ပိုင်းက FPNCC ကလည်း တောင်းဆိုတယ်လို့လည်း ကြားသိရပါတယ်။ ဒါပေမဲ့ နေပြည်တော်ဘက်ကနေတော့ တဖွဲ့ချင်းပဲ တွေ့ဖို့သာ ရှိသေးတယ်လို့ ပြောတယ်။ သို့သော်လဲပဲ အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် အားလုံးကို ပုံသေကားချပ်ချလို့ မရသေးလို့ ဆွေးနွေးတာပဲ ရှိပါတယ်။ ဥပမာဆိုပါတော့ ပထမဦးဆုံး တပ်ချုပ်ကြီးက ကြေညာတဲ့အခါကြတော့ နေပြည်တော်ကို မေးကြည့်တယ် - ဖိတ်စာတွေ မထုတ်ဘူးလား။ ကော်မတီတွေ မဖွဲ့ဘူးလား။ သွားရောက်ပြီးတော့ မဆွေးနွေးဘူးလားဆိုတော့ ကျနော်တို့ ဖိတ်စာတွေ မထုတ်ဘူးလို့ ပြောတယ်။ သို့သော်လဲ အဘက်ဘက်ကနေပြီးတော့ မေးမြန်းတာများတဲ့အခါကြတော့ ဖိတ်စာလို့ မခေါ်ဘဲနဲ့ ထပ်မံအသိပေးခြင်းစာဆိုပြီးတော့ ထုတ်တာပဲ ရှိခဲ့တယ်။ အဲဒီတော့ ဒီအခြေအနေကတော့ အခုလောလောဆယ်က ပုံသေကားချပ် မလုပ်နိုင်ဘူးလို့ ပြောလို့ရနိုင်ပါတယ်။ ဒီတော့ အခုလောလောဆယ်တော့ သူတို့က တဖွဲ့ချင်းပဲ တွေ့မယ်လို့ ပြောပေမဲ့ ဒီလိုဆွေးနွေးရင်နဲ့ အားလုံးနဲ့ တွေ့မလားဆိုတာလဲ၊ အခင်းအကျင်းပေးတာလဲ ရှိတယ်။ နောက်တဘက်က ဘာလဲဆိုတော့ ဒီဥစ္စာက တပွဲထိုးလုပ်တယ်ဆိုလို့ရှိရင်တော့ အဖြေက ရဖို့သိပ်နည်းမယ်။ ကျနော်တို့ ဒီတခေါက် ဆွေးနွေးပွဲလုပ်တာဟာ ဝင်ပေါက်ကို ဖွင့်ခြင်းဖြစ်တယ်။ NCA ကို ဖွင့်ခြင်းဖြစ်တယ်ဆိုရင်တော့ ဒါကို ကျနော်တို့ ဖြစ်အောင်လုပ်ဖို့လိုတယ်။ ပထမအဆင့်မှာတော့ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ စပေမယ်။ နောက်ပိုင်းကြရင် သက်ဆိုင်ရာ stakeholder လို့ခေါ်တဲ့ ယုံကြည်စိတ်ချရတဲ့အဖွဲ့တွေအားလုံးနဲ့ တွေ့ဖို့ ဖြစ်နိုင်တယ်လို့ တချို့က ထင်ကြေးပေးတာလည်း ရှိပါတယ်။

မေး ။ ။ အခုတကြိမ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာဟာ မအောင်မြင်ဘူး။ Failed Coup ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါကြောင့် သူတို့ဟာ တိုင်းပြည်ကို တရားဝင်အုပ်ချုပ်ပိုင်ခွင့် မရှိဘူးဆိုပြီးတော့ လက်မခံနိုင်ကြသေးတဲ့ လူတွေလည်း အများကြီးပါ။ အဲဒီလို သတ်မှတ်ခြင်းခံရတဲ့ စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုသမိုင်းမှာ ဒီလောက်တောင် အရေးကြီးတဲ့ ပြဿနာတရပ်ကို ကိုင်တွယ်ဖြေရှင်းပိုင်ခွင့်ကော ရှိရဲ့လားဆိုတာကို မေးခွန်းထုတ်လာရင်ကော။

ဖြေ ။ ။ ပြီးခဲ့တဲ့ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းတခုမှာ သူကိုယ်တိုင်ပြောခဲ့တာ ရှိပါတယ်။ အခုလို စစ်တပ်က အုပ်ချုပ်တဲ့ အစိုးရ ဖြစ်နေချိန်မှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ မလုပ်နိုင်ဘူးဆိုပေမဲ့ ကျနော်တို့က လုပ်နိုင်ခဲ့တယ်ဆိုတာကိုလဲ သက်သေပြခဲ့ဖူးပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ နေပြည်တော်ဘက်နေ ပြောတဲ့ပုဂ္ဂိုလ်တွေတချို့လည်း ရှိတယ်။ အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တာဟာ ဥပမာ အဓိကလုပ်တာက ဦးအောင်မင်း ဖြစ်ပေမဲ့၊ ဦးအောင်မင်းကနေ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းဆီပြေးရ၊ သမ္မတကြီးဦးသိန်းစိန်ဆီပြေးရ၊ တပ်ချုပ်ဆီပြေးရနဲ့ ပတ်ပတ်လည်ပြေးပြီးတော့မှ သူက သဘောတူညီချက်ရယူလုပ်လို့ရတယ်။ အခုတော့ အာဏာသုံးရပ်စလုံးက တယောက်ထဲမှာ ရှိတယ်ဆိုတော့ အားလုံးကလွယ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်။ အခုလောလောဆယ် ရွေးကောက်ပွဲကလာတဲ့ အစိုးရ မဟုတ်တဲ့အတွက်ကြောင့် လွှတ်တော်လည်း မရှိဘူးဆိုတော့ ဒီအာဏာသုံးရပ်စလုံးကို ကိုင်စွဲထားတဲ့ တပ်ချုပ်ကြီးနဲ့ ကျနော်တို့ ဆွေးနွေးလို့ရတဲ့ သဘောတူညီချက်တွေကို ၂၀၂၃ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကနေ ထွက်လာတဲ့ လွှတ်တော်ကနေ၊ အစိုးရကနေ အသိအမှတ်ပြုမယ်လို့ ကျနော်တို့ ဆောင်ရွက်ပေးနိုင်ပါတယ်လို့ ဒီလိုပြောတာလဲ ရှိပါတယ်။ အခုလောလောဆယ် ကျနော်တင်ပြနေတာ ထောက်ခံဆွေးနွေးတာ မဟုတ်ဘူး။ စဉ်းစားစရာအနေနဲ့ တင်ပြပေးတာ ဖြစ်ပါတယ်။ အခု သူတို့ဆွေးနွေးတာ ဘယ်လိုမျိုး အခြေအနေ ရှိသလဲ။ ကျနော်တို့ ဘယ်လို ဆုံးဖြတ်သုံးသပ်သင့်သလဲ ဆိုတာကိုတော့ နားဆင်တဲ့လူတိုင်း ဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်သုံးသပ်ပေးပါ။

မေး ။ ။ သဘောပေါက်ပါတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်လို့၊ တကယ်ဖြစ်စေချင်လို့ ဘာလုပ်သင့်တယ်ဆိုတဲ့ သဘောနဲ့ မေးမြန်းခြင်းသာ ဖြစ်ပါတယ်။ ဆိုတော့ ဦးခွန်းဆိုင်ဟာ တိုင်းရင်းသားအဖွဲ့တွေနဲ့ စေ့စပ်ရေးနဲ့ပတ်သက်တဲ့ အဖွဲ့ရဲ့ နာယကတဦး၊ အကြံပေးတဦးလည်း ဖြစ်ပါတယ်ဆိုတော့ ဦးခွန်းဆိုင်အနေနဲ့ ဒီစစ်မှန်တဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆိုလိုရှိရင် တိုင်းရင်းသားအင်အားစုတွေဘက်က ဘယ်လို ပြင်ဆင်ပြီးတော့ တွေ့ဆုံဆွေးနွေးသင့်သလဲ။ ဦးခွန်းဆိုင်ရဲ့ အကြံပေးချက်ကို ကြားပါရစေ။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ PPST အစည်းအဝေးမှာလဲ ကျနော်တို့ ဝိုင်းဝန်းဆွေးနွေးနေတဲ့ အချက်တခု ဖြစ်ပါတယ်။ ဒီလို ကျနော်တို့ သွားတွေ့မယ်ဆိုလို့ရှိရင် ဘာမှမပြင်ဆင်ထားဘဲနဲ့ သွားတွေ့လို့ မသင့်ပါဘူး။ ပြင်ဆင်ပြီးတော့မှ သွားတွေ့သင့်ပါတယ်။ အခုလောလောဆယ်ဆိုလို့ရှိရင် PPST အနေနဲ့ NCA ကို ထုတ်ကြည့်လိုက်ရင် အခြေခံမူ အနစ်သာရ (၃) ချက် ရှိတယ်။ (၁) နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ (၂) ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာအားလုံး အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်။ (၃) အရပ်သားတွေရဲ့ လုံခြုံရေး၊ ကာကွယ်ရေးကို လုပ်ဆောင်ပေးဖို့ လိုတယ်ဆိုပြီးတော့ NCA ရဲ့ အနစ်သာရ (၃) ချက် ရှိပါတယ်။ ဒီအပြင်လဲမကဘူး နိုင်ငံရေးရည်မှန်းချက်ကြီး (၇) ချက်နဲ့ လမ်းပြမြေပုံအတွက် အဆိုပြုချက်ဆိုပြီးတော့ ပြင်ဆင်ထားတာတွေလည်း ရှိတယ်။ ဒါတွေကို ကျနော်တို့က နေပြည်တော်မှာ ရှိနေတဲ့ အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုရင် ကျနော်တို့ သွားတင်ပြဖို့လိုတယ်။ ဖြစ်နိုင်လို့ရှိရင် သွားမတွေ့ခင်ကတည်းက ကျနော်တို့ ကြိုတင်ပြီးတော့ ကြေညာထားဖို့လိုတယ်ဆိုတာကို တင်ပြထားပါတယ်။ နောက်တခုကလဲ ဒီလို ကျနော်တို့ ဆွေးနွေးတာ ချက်ချင်းလျော့နည်းသမျှ လျော့နည်းမလားဆိုတဲ့ အဆင့်မျိုး မဟုတ်ဘဲနဲ့ အခုလောလောဆယ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်လွှာနိုင်ဖို့ ဒါတွေကို ကျနော်တို့ ပြင်ဆင်ပြီးတော့ သွားဆွေးနွေးဖို့ လိုတယ်ဆိုတာတော့ တင်ပြပြီးပြီ ဖြစ်ပါတယ်။

XS
SM
MD
LG