သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလွမ္းေဝးေနေသးတဲ့ ဇာတ္သိမ္းခန္း


ျမစ္ႀကီးနားၿမိဳ႕ဆီသို႔ ေလာင္စာဆီသည္ေဆာင္သည့္ကား ပစ္ခတ္ခံရစဥ္ (Photo by Handout / KACHINWAVES / AFP)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ သူတိုလုပ္ရပ္ေတြကို ရပ္တန႔္ၿပီး၊ ေနာက္ျပန္ဆုတ္စရာအေၾကာင္း မေတြ႔ရသလို၊ ျပည္သူေတြကလဲ အာဏာသိမ္းတာကို လက္ခံၿပီး၊ စစ္အုပ္ခ်ဳပ္ေရး လက္ေအာက္ျပန္သြားမယ့္ အေျခအေန လုံးဝမရွိဘူးလို႔ ICG (International Crisis Group) ႏိုင္ငံတကာပဋိပကၡေလ့လာေရးဖြဲ႔ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အႀကီးတန္းအႀကံေပး Richard Horsey က သုံးသပ္ပါတယ္။ ဒါျဖင့္ရင္ ဒီျပႆနာဟာ ဘယ္အခ်ိန္ ဘယ္အေျခအေနက်မွ အဆုံးသတ္မလဲဆိုတာကို Richard Horsey နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပထမဦးဆံုး ျမန္မာႏိုင္ငံရဲ ႔ လက္ရိွအေျခအေနကို လႊမ္းၿခံဳသံုးသပ္ပါအံုး။ ဘယ္ဘက္ကို ေရြ ႔ေနပါသလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔အားလံုး သိေနတဲ့အတိုင္းပါပဲ အေျခအေနက သိပ္ကိုဆိုးဝါးေနဆဲ ျဖစ္ပါတယ္။ စစ္ေကာင္စီက အၾကမ္းဖက္မႈမ်ဳိးစံုကို ဆက္လုပ္ေနၿပီး တိုင္းျပည္ကို ထိန္းခ်ဳပ္ထားေနပါတယ္။ ဒါေပမဲ့ ဒါက အလုပ္မျဖစ္ဘူးဆိုတာကိုလည္း ေတြ႔ေနရပါတယ္။ ခုခံတြန္းလွန္တဲ့ အင္အားစုကလည္း သိပ္ကိုခိုင္မာျပင္းထန္ေနဆဲပါ။ ျမန္မာႏုိင္ငံရဲ ႔ တခ်ဳိ ႔အစိတ္အပိုင္းေတြမွာ ပိုမိုျပင္းထန္ၿပီး တႏိုင္ငံလံုးလိုလို စစ္အာဏာသိမ္းမႈကို လက္ခံဖို႔၊ ျငင္းဆန္ေနၾကတာပါ။ ဆိုေတာ့ ၂၀၂၂ မွာလည္း အၾကမ္းဖက္မႈေတြ ပိုမိုေတြ႔လာရအံုးမယ္လို႔ စိ္တ္မေကာင္းစြာနဲ႔ပဲ ထင္ျမင္မိပါတယ္။ စစ္ေကာင္စီဘက္ကလည္း ေနာက္ဆုတ္မွာ မဟုတ္သလို၊ ခုခံေရးဘက္ကလည္း လံုးဝအေလွ်ာ့ေပးလိမ့္မွာ မဟုတ္ပါဘူး။

ေမး ။ ။ ဆိုေတာ့ စစ္ေကာင္စီအေနနဲ႔ သူတုို႔ရဲ ႔ ထိန္းခ်ဳပ္မႈကို ခိုင္မာေအာင္၊ သူတုိ႔ရဲ ႔အာဏာ တည္ၿမဲေအာင္ လုပ္ႏုိင္မယ့္အလားအလာေကာ ရိွပါရဲ ႔လား။ ျမင္ရပါသလား။

ေျဖ ။ ။ အရမ္းကိုခက္ခဲလိမ့္မယ္လို႔ ထင္ပါတယ္။ ျပန္သံုးသပ္ၾကည့္ရင္ လြတ္လပ္ေရးရၿပီးကတည္းက ဘယ္စစ္အုပ္ခ်ဳပ္ေရး၊ ဘယ္အစိုးရကမွ တႏိုင္ငံလံုးကို ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တာ မရိွခဲ့ပါဘူး။ အထူးသျဖင့္ တုိင္းရင္းသားနယ္ေျမ အမ်ားအျပားမွာ ေဒသဆိုင္ရာ လူမ်ဳိးစု၊ စစ္တပ္နဲ႔ အာဏာပိုင္စိုးမႈေအာက္မွာ ရိွေနခဲ့တာကို ေတြ႔ရမွာပါ။ ဒီကေန ထူးျခားတာကေတာ့ ဗမာေတြေနထိုင္တဲ့ နယ္ေျမေဒသအခ်ဳိ ႔ကိုလည္း စစ္ေကာင္စီက မထိန္းခ်ဳပ္ႏုိင္တာေတြ ေတြ႔ေနရပါတယ္။ ဒါမ်ဳိးက ဆယ္စုႏွစ္ ေတာ္ေတာ္မ်ားမ်ားမွာ မေတြ႔ခဲ့ရပါဘူး။ စစ္တပ္အတြက္လည္း ဒီလို ဗမာလူမ်ဳိးေတြၾကား၊ နယ္ေျမသိမ္းပိုက္ ခုခံမႈမ်ဳိးနဲ႔ ႀကံဳရတာ အေတြ႔အႀကံဳသစ္ ျဖစ္ပါတယ္။ တိုင္းျပည္ရဲ ႔ အလယ္ဗဟိုေဒသကို ထိန္းခ်ဳပ္ႏုိင္ဖို႔ သိပ္ခက္ခဲလိမ့္မယ္လို႔ ထင္ပါတယ္။ အထက္ပိုင္းေဒသေတြလည္း သူတုိ႔လက္ေအာက္က လြတ္ေျမာက္ေနပါလိမ့္မယ္။ ၿပီးခဲ့တဲ့ (၁၂) လအတြင္းမွာ စစ္ေကာင္စီက ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမယ့္ စစ္ကိုင္း၊ မေကြးနဲ႔ မႏၱေလးတိုင္း တခ်ဳိ ႔ေနရာေတြမွာ ခုခံေရးအင္အားစုေတြကသာ ေရွ ႔တိုးလာတာသာ ေတြ႔ခဲ့ရပါတယ္။ ေနာက္ၿပီး ခ်င္း၊ ကယားစတဲ့ တိုင္းရင္းသားေဒသေတြမွာလည္း စစ္တပ္က လက္လႊတ္လာရတာေတြ ရိွပါတယ္။

ေမး ။ ။ အျခားတဘက္မွာ ခုခံတြန္းလွန္တဲ့ တိုင္းရင္းသားအင္အားစုေတြ၊ ျမန္မာျပည္မအင္အားစုေတြၾကားမွာေကာ အရင္ကထက္ပိုၿပီး စည္းရံုးညီညႊတ္လာၾကတယ္။ အင္အားခိုင္မာလာတယ္လို႔ ေျပာလို႔ရမလား။ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ အာဏာသိမ္းမႈနဲ႔ စစ္တပ္ရဲ ႔ အၾကမ္းဖက္မႈေတြက တိုင္းျပည္ထဲကလူေတြ တေယာက္ခ်င္းဆီကို အားလံုးညီညႊတ္သြားေအာင္ လုပ္ေပးလိုက္တယ္လို႔ က်ေနာ္ထင္ပါတယ္။ စစ္အုပ္ခ်ဳပ္ေအာက္ကို ဘယ္သူမွ ျပန္မသြားခ်င္ၾကေတာ့ပါဘူး။ ဒါကို အားလံုးကို သေဘာတူညီၾကတယ္လို႔ ထင္ပါတယ္။ တနည္းေျပာရရင္ အရင္က မျဖစ္ႏုိင္တဲ့ ဗမာေတြနဲ႔ တုိင္းရင္းသားေတြ ညီညႊတ္မႈဟာ အာဏာသိမ္းယူမႈ၊ စစ္တပ္ရဲ ႔ ရက္စက္ၾကမ္းၾကဳတ္မႈေတြေၾကာင့္ အခုအခါ ရရိွသြားၾကၿပီလို ဆိုရမွာပါ။ ဒါေပမဲ့ တုိင္းျပည္ရဲ ႔ အနာဂတ္အတြက္ ကြဲလြဲတဲ့အျမင္ေတြ အမ်ားႀကီးရိွေနပါတယ္။ အၿပိဳင္အဆိုင္ အယူအဆေတြအမ်ဳိးမ်ဳိး ရိွေနပါတယ္။ ေျဖရွင္းရမယ့္ ျပႆနာေတြကလည္း အမ်ားအျပား ရိွေနဆဲပါ။ ဒါေၾကာင့္ ေရွ ႔မွာႀကံဳေတြ႔လာရမယ့္ စိန္ေခၚမႈေတြကို ေလွ်ာ့တြက္လို႔ မရပါဘူး။ ဒါေပမဲ့ ဒီေန႔ရရိွထားတဲ့ ညီညြတ္မႈကေတာ့ အရင္က မရရိွခဲ့ဘူးတဲ့ ညီညႊတ္မႈမ်ဳိးေတာ့ ဟုတ္ပါတယ္။

ေမး ။ ။ အဲဒီခုခံတြန္းလွန္ေနတဲ့ အင္အားစုေတြအတြက္ ေလာေလာဆယ္မွာ အဓိကစိန္ေခၚမႈက ဘာလို႔ထင္ပါသလဲ။

ေျဖ ။ ။ အဓိကစိန္ေခၚမႈကေတာ့ ေတာ္လွန္ေရးေအာင္ျမင္ၿပီးတဲ့ေနာက္မွာ ႀကံဳေတြ႔ရမယ္လို႔ ထင္ပါတယ္။ ေတာ္လွန္ေရးက အရိွန္အဟုန္ သိပ္ႀကီးမားတဲ့အတြက္ စစ္တပ္ရဲ ႔ တုိင္းျပည္အေပၚ ထိန္းခ်ဳပ္မႈကို လက္ခံလို႔မရေအာင္ လုပ္ႏုိင္မွာေတာ့ ေသခ်ာပါတယ္။ ဒါေပမဲ့ စစ္တပ္ကို ဖယ္ရွားၿပီး၊ တိုင္းျပည္ကို သူတုိ႔ထိန္းခ်ဳပ္မႈကေတာ့ ပိုမိုခက္ခဲပါလိမ့္မယ္။ ေအာင္ျမင္မႈရလာတဲ့အခါ တကယ္ခက္ခဲတဲ့ အခ်ိန္ကို ေရာက္လာပါလိမ့္မယ္။ ဒါဟာ အနာဂတ္အတြက္ ေဆြးေႏြးရမယ့္အခ်ိန္ပါ။ ခုခံတြန္းလွန္ေနတဲ့ အင္အားစုေတြက စုေဝးၿပီး တိုင္းျပည္အတြက္ စည္းလံုးညီညႊတ္မႈ၊ ပံုစံသစ္၊ ႏုိင္ငံေရးလမ္းေၾကာင္းသစ္ကို ခ်မွတ္ၾကရမွာ ျဖစ္ပါတယ္။ ဒါဟာ တကယ့္ကို ႀကီးမားတဲ့ စိန္ေခၚမႈ ျဖစ္လာပါလိမ့္မယ္။

ေမး ။ ။ ဒီေနရာမွာ ႏိုင္ငံတကာအေၾကာင္းကိုလည္း ဆက္ၿပီးေတာ့ ေျပာၾကရေအာင္ပါ။ ႏုိင္ငံတကာအသိုင္းအဝိုင္းမွာ ဘာမ်ားအခက္အခဲ ရိွေနလို႔၊ ဒီကိစၥကို ထိထိေရာက္ေရာက္ ပါဝင္မေဆာင္ရြက္ႏိုင္ၾကတာလဲ။ လူတုိင္းက ႏိုင္ငံတကာရဲ ႔ လုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ အားမလုိအားမရ ျဖစ္ေနၾကတာကို ၾကားေနရပါတယ္။ ဘယ္လိုသေဘာရပါသလဲ။

ေျဖ ။ ။ သိတဲ့အတိုင္းပါပဲ ႏိုင္ငံတကာအသိုင္းအဝိုင္းက လြန္ခဲ့တဲ့ႏွစ္က ဘာမွလုပ္ေဆာင္ခဲ့တာကို မေတြ႔ရပါဘူး။ အာရံုစူးစိုက္မႈ၊ အေလးထားမႈ မေတြ႔ရသေလာက္ပါဘူး။ အာဆီယံက ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ အာဆီယံမွာ အကန္႔အသတ္ေတြ ရိွပါတယ္။ ကုလလံုၿခံဳေရးေကာင္စီ၊ တရုတ္နဲ႔ အေနာက္ႏုိင္ငံႀကီးေတြကလည္း ဒီေလာက္အေရးႀကီးတဲ့ကိစၥမွာ အာဆီယံကိုပဲအားထား ေမွ်ာ္လင့္ေနၾကပါတယ္။ ဒါဟာ အေနာက္ႏုိင္ငံေတြအေနနဲ႔ ျမန္မာ့ျပႆနာကို အေလးမထားဘူးဆိုတာကို ျပသေနတယ္လို႔ ထင္ပါတယ္။ ဘာလုပ္ရမွန္းျဖစ္ေနတာ၊ ဦးစားေပးရမယ့္ တျခားကိစၥေတြ ရိွေနတာလည္း ပါမယ္ထင္ပါတယ္။ ျမန္မာႏုိင္ငံ ရရိွသင့္တဲ့ အာရံုစူးစိုက္မႈ၊ အေလးထားမႈ မရရိွခဲ့ပါဘူး။ တကယ္ေတာ့ ဒီျပႆနာဟာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့ ျပႆနာေလာက္သာ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံသာမက ေဒသတြင္းနဲ႔ ႏုိင္ငံတကာလံုၿခံဳေရးကိုပါ လက္ခံႏုိင္တဲ့ ျပႆနာ ျဖစ္ေနတဲ့အတြက္ ပိုၿပီးအေလးထားသင့္ၾကပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံဟာ ပထဝီႏိုင္ငံေရး အေနအထားအရ မဟာဗ်ဴဟာေျမာက္တဲ့ေနရာမွာ ရိွေနပါတယ္။ ဒီေန႔ဆိုရင္ ပိုအေရးႀကီးလာပါတယ္။ အိႏိၵယသမုဒၵရာကို လႊမ္းမိုးခ်င္ၾကတဲ့လူေတြ၊ ျမန္မာႏုိင္ငံမွာ အေျခစိုက္တဲ့ စစ္စခန္းလုိခ်င္တဲ့ ႏိုင္ငံေတြ ရိွလာတယ္။ ျမန္မာႏုိင္ငံကို သူတုိ႔ ၾသဇာေအာက္ကို သြင္းခ်င္တဲ့ ႏိုင္ငံေတြ ရိွလာေတာ့ က်န္တဘက္ကလဲ သူတုိ႔အတြက္ အေရးႀကီးတယ္လုိ႔ စဥ္းစားရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုၾကေတာ့ အဲဒါကိုလဲ သူတို႔ သိပ္ၿပီးေတာ့ ဂရုမစိုက္ၾကသလိုပဲ၊ ဘာျဖစ္လို႔လဲ။

ေျဖ ။ ။ ႏုိင္ငံအမ်ားအျပားက ျပႆနာေတြကို အေစာပိုင္းမွာ လစ္လ်ဴရွဴထားခဲ့ၾကလို႔ ေနာက္ပိုင္းမွာ အေျခအေနေတြက ပိုဆိုးလာတာေတြ ရိွခဲ့ပါတယ္။ ရိုဟင္ဂ်ာျပႆနာမွာလည္း အေစာပိုင္းက တနည္းနည္းနဲ႔ မကိုင္တြယ္ခဲ့လို႔ ေနာက္ပိုင္းမွာ ပိုဆိုးလာခဲ့ပါတယ္။ ေနာက္တခါ အေျခအေန ဆိုးေနေပမယ့္ သူတုိ႔မွာ တျခားဦးစားေပးရမယ့္ ျပႆနာေတြလည္း ရိွလာေနတာပါ။ အခုဆိုရင္လဲ ျပႆနာေတြနဲ႔ ရုန္းကန္ေနရတာေတြ ရိွပါတယ္။ ဥေရာပမွာလည္း ယူကရိန္းျပႆနာက ဦးစားေပးစရာ ျဖစ္လာပါတယ္္။ ေလာေလာဆယ္အတြက္ ျမန္မာ့ျပႆနာက အေရးႀကီးေနသည့္တုိင္ေအာင္ အာရံုစူးစိုက္မႈ အလံုအေလာက္ မရရိွႏိုင္သလုိ၊ ခ်က္ခ်င္းေျပလည္ႏိုင္မယ့္ နည္းလမ္းလည္း သူတုိ႔အေနနဲ႔ စဥ္းစားမရ ျဖစ္ေနဟန္တူပါတယ္။ သိပ္အခ်ိန္ကုန္ၿပီး၊ အားစိုက္ထုတ္ရမယ့္ အေျခအေနမ်ဳိး ျဖစ္ေနတာလည္း တေၾကာင္းပါ။ ဒါေၾကာင့္လဲ လစ္လ်ဴရွဴထားသလို ျဖစ္ေနပါတယ္။ ဒါဟာ ႀကီးမားတဲ့ မွားယြင္းမႈဆိုတာကို ေနာက္မွေတြ႔လာၾကရမွာလိမ့္မယ္္။

ေမး ။ ။ ဆိုေတာ့ အာဆီယံရဲ ႔ အားထုတ္မႈကေရာ။ အာဆီယံရဲ ႔ သေဘာကို ၾကည့္ရတာကေတာ့ ႏွစ္ဘက္ကို ေစ့စပ္ေျပလည္ေစခ်င္တယ္၊ ေျပလည္မႈ ရေစခ်င္တဲ့သေဘာကို ေတြ႔ရပါတယ္။ တေလာတုန္းက ေနာ္လင္းေဟဇာကိုဆိုရင္ အာဏာခြဲေဝေရးဆိုတာကို ေျပာတယ္ဆိုၿပီးေတာ့ ေဝဖန္ရွဳတ္ခ်ခံရလို႔၊ သူက မနည္းျငင္းခဲ့ရတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ Richard အေနနဲ႔ေကာ ထင္ပါသလား။ ႏွစ္ဘက္ေစ့စပ္ညိွႏိႈင္းဖို႔ကိစၥ - power sharing ကို ထားအံုးေပါ့၊ စားပြဲဝိုင္းမွာ အတူထိုင္ၿပီးေတာ့ ေစ့စပ္ေဆြးေႏြးဖို႔ အလားအလာေကာ ရိွပါရဲ ႔လား။

ေျဖ ။ ။ အခုေလာေလာဆယ္မွာေတာ့ စစ္ေကာင္စီအေနနဲ႔ ေတြ႔ဆံုစကားေျပာေရးကို စိတ္ဝင္စားမႈ ျပသတာ လံုးဝမရိွပါဘူး။ ေလာေလာဆယ္မွာ သူတုိ႔ေတြက ပစ္မယ္၊ ခတ္မယ္၊ အၾကမ္းဖက္ၿပီး အႏုိင္ယူမယ္ဆိုတာကိုပဲ စိတ္ဝင္စားေနပါတယ္။ ေဆြးေႏြးဖို႔ တံခါးဖြင့္ထားတာ လံုးဝမေတြ႔ရပါဘူး။ တကယ္လို႔ သူတို႔အေရးနိမ့္လာမယ္ဆိုရင္ေတာ့ ဒါဟာ ခ်က္ခ်င္းေျပာင္းလဲသြားပါလိမ့္မယ္။ လက္ရိွမွာေတာ့ မျဖစ္ႏိုင္ေသးပါဘူး။ ျပည္သူေတြဘက္ကလည္း ေတြ႔ဆံုေဆြးေႏြးေရးကို ေလာေလာဆယ္ မလိုလားၾကပါဘူး။ ဒီအခ်ိန္ ေဆြးေႏြးစကားေျပာရင္ စစ္ေကာင္စီ အျမတ္ထြက္မွာ ျဖစ္ပါတယ္။ စစ္ေကာင္စီရဲ ႔ လုပ္ရပ္ေတြကိုၾကည္ရင္ ဒါဟာ ေဆြးေႏြးစကားေျပာဖို႔ ထိုက္တန္တဲ့ဘက္၊ a worthy dialogue partner မဟုတ္ပါဘူး။ ဆိုေတာ့ ႏွစ္ဘက္စလံုးက ေတြ႔ဆံုေဆြးေႏြးဖို႔ မလိုလာၾကဘူး၊ ေျပာစရာအေၾကာင္းအရာလည္း မရိွၾကပါဘူး။ ဒါေပမဲ့ ေနာင္မွာေတာ့ ေျပာင္းလဲလာၾကမွာပါ။

ေမး ။ ။ ဒီအတိုင္းသာဆုိရင္ေတာ့ ျမန္မာႏုိင္ငံရဲ ႔ အေျခအေနက ေတာ္ေတာ္နဲ႔ ေျပလည္မႈ ရရိွမယ့္အေျခအေန မဟုတ္ေတာ့၊ ျပည္သူေတြကေတာ့ ဆက္လက္ၿပီးေတာ့ ဒုကၡေတြကို ခါးစည္းခံေနရမယ့္သေဘာ ျဖစ္ေနပါတယ္။

ေျဖ ။ ။ ဒါအမ်ားစု ျဖစ္ႏုိင္မယ့္ အေျခအေနပါ။ စစ္တပ္ဘက္က အာဏာရဖို႔အတြက္ လုပ္ထားတာလဲ သိပ္ကိုလြန္ကၽြံေနပါၿပီ။ သူတုိ႔ကိုယ္က်ဳိးနဲ႔ အဖြဲ႔အစည္းအက်ဳိးကို ေရွ ႔တန္းတင္ လုပ္လာေနၾကတာပါ။ ျမန္မာျပည္သူေတြကလဲ ဒါကိုလံုးဝလက္ခံႏိုင္မယ့္ အေနအထားကို မေတြ႔ရပါဘူး။ ဆိုေတာ့ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းသြားစရာ မျမင္မိဘူးလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ေျပာခ်င္ပါတယ္။

ေမး ။ ။ ႏိုင္ငံတကာဖိအားဆိုလို႔ က်ေနာ္ တခု ေနာက္ဆံုးေမးလိုက္ပါရေစ။ ႏုိင္ငံတကာဖိအားရဲ ႔ ထိေရာက္မႈကို ခင္မ်ား ယံုၾကည္ပါသလား။ ၁၉၈၈ ေနာက္ပိုင္းမွာ နည္းနည္းေျဖေလွ်ာ့မႈ ရိွလာခဲ့တယ္။ အဲဒီေနရာမွာေကာ ႏုိင္ငံတကာဖိအားရဲ ႔ အခန္းက႑က ဘယ္ေလာက္ရိွခဲ့တယ္လို႔ ထင္ပါသလဲ။ အဲဒီလို ထိေရာက္မႈ ရိွခဲ့တယ္ဆိုရင္ အခုေကာ အဲဒီလို ထိေရာက္မႈမ်ဳိး ရိွလာႏုိင္ပါ့မလား။

ေျဖ ။ ။ ဒီေန႔ကမာၻႀကီးက ၁၉၈၈၊ ၁၉၉၀ ေက်ာ္ကာလနဲ႔ အမ်ားႀကီး ကြဲလြဲသြားခဲ့ပါၿပီ။ တရုတ္ႏိုင္ငံ အင္အားႀကီးမားလာတာ၊ အေနာက္အုပ္စု အင္အားက်ဆင္းလာတာ၊ အားလံုးက ပထဝီႏုိင္ငံေရးအေနအထားကို ေျပာင္းလဲေစခဲ့ပါတယ္။ အထိေရာက္ဆံုး ဖိအားေပးႏိုင္မယ့္ ေဒသတြင္း ႏုိင္ငံေတြ၊ အထူးသျဖင့္ တရုတ္လို ႏုိင္ငံေတြကလဲ သိပ္မတက္ၾကြေတာ့ အေနာက္ႏုိင္ငံေတြအေနနဲ႔ သိပ္ထိေရာက္မႈမရိွ ျဖစ္ေနပါတယ္။ တခ်ိန္တည္းမွာပဲ အေနာက္ႏုိင္ငံေတြကလဲ သူတုိ႔ရဲ ႔ ႏိုင္ငံျခားေရးမူဝါဒမွာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးဆိုတာကို မရိွမျဖစ္ ထည့္သြင္းက်င့္သံုးေနတာမ်ဳိး မဟုတ္ပါဘူး။

==Unicode==

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတိုလုပ်ရပ်တွေကို ရပ်တန့်ပြီး၊ နောက်ပြန်ဆုတ်စရာအကြောင်း မတွေ့ရသလို၊ ပြည်သူတွေကလဲ အာဏာသိမ်းတာကို လက်ခံပြီး၊ စစ်အုပ်ချုပ်ရေး လက်အောက်ပြန်သွားမယ့် အခြေအနေ လုံးဝမရှိဘူးလို့ ICG (International Crisis Group) နိုင်ငံတကာပဋိပက္ခလေ့လာရေးဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က သုံးသပ်ပါတယ်။ ဒါဖြင့်ရင် ဒီပြဿနာဟာ ဘယ်အချိန် ဘယ်အခြေအနေကျမှ အဆုံးသတ်မလဲဆိုတာကို Richard Horsey နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို လွှမ်းခြုံသုံးသပ်ပါအုံး။ ဘယ်ဘက်ကို ရွေ့နေပါသလဲ။

ဖြေ ။ ။ ကျနော်တို့အားလုံး သိနေတဲ့အတိုင်းပါပဲ အခြေအနေက သိပ်ကိုဆိုးဝါးနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီက အကြမ်းဖက်မှုမျိုးစုံကို ဆက်လုပ်နေပြီး တိုင်းပြည်ကို ထိန်းချုပ်ထားနေပါတယ်။ ဒါပေမဲ့ ဒါက အလုပ်မဖြစ်ဘူးဆိုတာကိုလည်း တွေ့နေရပါတယ်။ ခုခံတွန်းလှန်တဲ့ အင်အားစုကလည်း သိပ်ကိုခိုင်မာပြင်းထန်နေဆဲပါ။ မြန်မာနိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေမှာ ပိုမိုပြင်းထန်ပြီး တနိုင်ငံလုံးလိုလို စစ်အာဏာသိမ်းမှုကို လက်ခံဖို့၊ ငြင်းဆန်နေကြတာပါ။ ဆိုတော့ ၂၀၂၂ မှာလည်း အကြမ်းဖက်မှုတွေ ပိုမိုတွေ့လာရအုံးမယ်လို့ စိတ်မကောင်းစွာနဲ့ပဲ ထင်မြင်မိပါတယ်။ စစ်ကောင်စီဘက်ကလည်း နောက်ဆုတ်မှာ မဟုတ်သလို၊ ခုခံရေးဘက်ကလည်း လုံးဝအလျှော့ပေးလိမ့်မှာ မဟုတ်ပါဘူး။

မေး ။ ။ ဆိုတော့ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ ထိန်းချုပ်မှုကို ခိုင်မာအောင်၊ သူတို့ရဲ့အာဏာ တည်မြဲအောင် လုပ်နိုင်မယ့်အလားအလာကော ရှိပါရဲ့လား။ မြင်ရပါသလား။

ဖြေ ။ ။ အရမ်းကိုခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ပြန်သုံးသပ်ကြည့်ရင် လွတ်လပ်ရေးရပြီးကတည်းက ဘယ်စစ်အုပ်ချုပ်ရေး၊ ဘယ်အစိုးရကမှ တနိုင်ငံလုံးကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေ အများအပြားမှာ ဒေသဆိုင်ရာ လူမျိုးစု၊ စစ်တပ်နဲ့ အာဏာပိုင်စိုးမှုအောက်မှာ ရှိနေခဲ့တာကို တွေ့ရမှာပါ။ ဒီကနေ ထူးခြားတာကတော့ ဗမာတွေနေထိုင်တဲ့ နယ်မြေဒေသအချို့ကိုလည်း စစ်ကောင်စီက မထိန်းချုပ်နိုင်တာတွေ တွေ့နေရပါတယ်။ ဒါမျိုးက ဆယ်စုနှစ် တော်တော်များများမှာ မတွေ့ခဲ့ရပါဘူး။ စစ်တပ်အတွက်လည်း ဒီလို ဗမာလူမျိုးတွေကြား၊ နယ်မြေသိမ်းပိုက် ခုခံမှုမျိုးနဲ့ ကြုံရတာ အတွေ့အကြုံသစ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အလယ်ဗဟိုဒေသကို ထိန်းချုပ်နိုင်ဖို့ သိပ်ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ အထက်ပိုင်းဒေသတွေလည်း သူတို့လက်အောက်က လွတ်မြောက်နေပါလိမ့်မယ်။ ပြီးခဲ့တဲ့ (၁၂) လအတွင်းမှာ စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း တချို့နေရာတွေမှာ ခုခံရေးအင်အားစုတွေကသာ ရှေ့တိုးလာတာသာ တွေ့ခဲ့ရပါတယ်။ နောက်ပြီး ချင်း၊ ကယားစတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း စစ်တပ်က လက်လွှတ်လာရတာတွေ ရှိပါတယ်။

မေး ။ ။ အခြားတဘက်မှာ ခုခံတွန်းလှန်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မြန်မာပြည်မအင်အားစုတွေကြားမှာကော အရင်ကထက်ပိုပြီး စည်းရုံးညီညွှတ်လာကြတယ်။ အင်အားခိုင်မာလာတယ်လို့ ပြောလို့ရမလား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက တိုင်းပြည်ထဲကလူတွေ တယောက်ချင်းဆီကို အားလုံးညီညွှတ်သွားအောင် လုပ်ပေးလိုက်တယ်လို့ ကျနော်ထင်ပါတယ်။ စစ်အုပ်ချုပ်အောက်ကို ဘယ်သူမှ ပြန်မသွားချင်ကြတော့ပါဘူး။ ဒါကို အားလုံးကို သဘောတူညီကြတယ်လို့ ထင်ပါတယ်။ တနည်းပြောရရင် အရင်က မဖြစ်နိုင်တဲ့ ဗမာတွေနဲ့ တိုင်းရင်းသားတွေ ညီညွှတ်မှုဟာ အာဏာသိမ်းယူမှု၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အခုအခါ ရရှိသွားကြပြီလို ဆိုရမှာပါ။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကွဲလွဲတဲ့အမြင်တွေ အများကြီးရှိနေပါတယ်။ အပြိုင်အဆိုင် အယူအဆတွေအမျိုးမျိုး ရှိနေပါတယ်။ ဖြေရှင်းရမယ့် ပြဿနာတွေကလည်း အများအပြား ရှိနေဆဲပါ။ ဒါကြောင့် ရှေ့မှာကြုံတွေ့လာရမယ့် စိန်ခေါ်မှုတွေကို လျှော့တွက်လို့ မရပါဘူး။ ဒါပေမဲ့ ဒီနေ့ရရှိထားတဲ့ ညီညွတ်မှုကတော့ အရင်က မရရှိခဲ့ဘူးတဲ့ ညီညွှတ်မှုမျိုးတော့ ဟုတ်ပါတယ်။

မေး ။ ။ အဲဒီခုခံတွန်းလှန်နေတဲ့ အင်အားစုတွေအတွက် လောလောဆယ်မှာ အဓိကစိန်ခေါ်မှုက ဘာလို့ထင်ပါသလဲ။

ဖြေ ။ ။ အဓိကစိန်ခေါ်မှုကတော့ တော်လှန်ရေးအောင်မြင်ပြီးတဲ့နောက်မှာ ကြုံတွေ့ရမယ်လို့ ထင်ပါတယ်။ တော်လှန်ရေးက အရှိန်အဟုန် သိပ်ကြီးမားတဲ့အတွက် စစ်တပ်ရဲ့ တိုင်းပြည်အပေါ် ထိန်းချုပ်မှုကို လက်ခံလို့မရအောင် လုပ်နိုင်မှာတော့ သေချာပါတယ်။ ဒါပေမဲ့ စစ်တပ်ကို ဖယ်ရှားပြီး၊ တိုင်းပြည်ကို သူတို့ထိန်းချုပ်မှုကတော့ ပိုမိုခက်ခဲပါလိမ့်မယ်။ အောင်မြင်မှုရလာတဲ့အခါ တကယ်ခက်ခဲတဲ့ အချိန်ကို ရောက်လာပါလိမ့်မယ်။ ဒါဟာ အနာဂတ်အတွက် ဆွေးနွေးရမယ့်အချိန်ပါ။ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေက စုဝေးပြီး တိုင်းပြည်အတွက် စည်းလုံးညီညွှတ်မှု၊ ပုံစံသစ်၊ နိုင်ငံရေးလမ်းကြောင်းသစ်ကို ချမှတ်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်။

မေး ။ ။ ဒီနေရာမှာ နိုင်ငံတကာအကြောင်းကိုလည်း ဆက်ပြီးတော့ ပြောကြရအောင်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘာများအခက်အခဲ ရှိနေလို့၊ ဒီကိစ္စကို ထိထိရောက်ရောက် ပါဝင်မဆောင်ရွက်နိုင်ကြတာလဲ။ လူတိုင်းက နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ အားမလိုအားမရ ဖြစ်နေကြတာကို ကြားနေရပါတယ်။ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ သိတဲ့အတိုင်းပါပဲ နိုင်ငံတကာအသိုင်းအဝိုင်းက လွန်ခဲ့တဲ့နှစ်က ဘာမှလုပ်ဆောင်ခဲ့တာကို မတွေ့ရပါဘူး။ အာရုံစူးစိုက်မှု၊ အလေးထားမှု မတွေ့ရသလောက်ပါဘူး။ အာဆီယံက ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံမှာ အကန့်အသတ်တွေ ရှိပါတယ်။ ကုလလုံခြုံရေးကောင်စီ၊ တရုတ်နဲ့ အနောက်နိုင်ငံကြီးတွေကလည်း ဒီလောက်အရေးကြီးတဲ့ကိစ္စမှာ အာဆီယံကိုပဲအားထား မျှော်လင့်နေကြပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာ့ပြဿနာကို အလေးမထားဘူးဆိုတာကို ပြသနေတယ်လို့ ထင်ပါတယ်။ ဘာလုပ်ရမှန်းဖြစ်နေတာ၊ ဦးစားပေးရမယ့် တခြားကိစ္စတွေ ရှိနေတာလည်း ပါမယ်ထင်ပါတယ်။ မြန်မာနိုင်ငံ ရရှိသင့်တဲ့ အာရုံစူးစိုက်မှု၊ အလေးထားမှု မရရှိခဲ့ပါဘူး။ တကယ်တော့ ဒီပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြဿနာလောက်သာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသာမက ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကိုပါ လက်ခံနိုင်တဲ့ ပြဿနာ ဖြစ်နေတဲ့အတွက် ပိုပြီးအလေးထားသင့်ကြပါတယ်။

မေး ။ ။ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး အနေအထားအရ မဟာဗျူဟာမြောက်တဲ့နေရာမှာ ရှိနေပါတယ်။ ဒီနေ့ဆိုရင် ပိုအရေးကြီးလာပါတယ်။ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးချင်ကြတဲ့လူတွေ၊ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ စစ်စခန်းလိုချင်တဲ့ နိုင်ငံတွေ ရှိလာတယ်။ မြန်မာနိုင်ငံကို သူတို့ သြဇာအောက်ကို သွင်းချင်တဲ့ နိုင်ငံတွေ ရှိလာတော့ ကျန်တဘက်ကလဲ သူတို့အတွက် အရေးကြီးတယ်လို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကြတော့ အဲဒါကိုလဲ သူတို့ သိပ်ပြီးတော့ ဂရုမစိုက်ကြသလိုပဲ၊ ဘာဖြစ်လို့လဲ။

ဖြေ ။ ။ နိုင်ငံအများအပြားက ပြဿနာတွေကို အစောပိုင်းမှာ လစ်လျူရှူထားခဲ့ကြလို့ နောက်ပိုင်းမှာ အခြေအနေတွေက ပိုဆိုးလာတာတွေ ရှိခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာမှာလည်း အစောပိုင်းက တနည်းနည်းနဲ့ မကိုင်တွယ်ခဲ့လို့ နောက်ပိုင်းမှာ ပိုဆိုးလာခဲ့ပါတယ်။ နောက်တခါ အခြေအနေ ဆိုးနေပေမယ့် သူတို့မှာ တခြားဦးစားပေးရမယ့် ပြဿနာတွေလည်း ရှိလာနေတာပါ။ အခုဆိုရင်လဲ ပြဿနာတွေနဲ့ ရုန်းကန်နေရတာတွေ ရှိပါတယ်။ ဥရောပမှာလည်း ယူကရိန်းပြဿနာက ဦးစားပေးစရာ ဖြစ်လာပါတယ်။ လောလောဆယ်အတွက် မြန်မာ့ပြဿနာက အရေးကြီးနေသည့်တိုင်အောင် အာရုံစူးစိုက်မှု အလုံအလောက် မရရှိနိုင်သလို၊ ချက်ချင်းပြေလည်နိုင်မယ့် နည်းလမ်းလည်း သူတို့အနေနဲ့ စဉ်းစားမရ ဖြစ်နေဟန်တူပါတယ်။ သိပ်အချိန်ကုန်ပြီး၊ အားစိုက်ထုတ်ရမယ့် အခြေအနေမျိုး ဖြစ်နေတာလည်း တကြောင်းပါ။ ဒါကြောင့်လဲ လစ်လျူရှူထားသလို ဖြစ်နေပါတယ်။ ဒါဟာ ကြီးမားတဲ့ မှားယွင်းမှုဆိုတာကို နောက်မှတွေ့လာကြရမှာလိမ့်မယ်။

မေး ။ ။ ဆိုတော့ အာဆီယံရဲ့ အားထုတ်မှုကရော။ အာဆီယံရဲ့ သဘောကို ကြည့်ရတာကတော့ နှစ်ဘက်ကို စေ့စပ်ပြေလည်စေချင်တယ်၊ ပြေလည်မှု ရစေချင်တဲ့သဘောကို တွေ့ရပါတယ်။ တလောတုန်းက နော်လင်းဟေဇာကိုဆိုရင် အာဏာခွဲဝေရေးဆိုတာကို ပြောတယ်ဆိုပြီးတော့ ဝေဖန်ရှုတ်ချခံရလို့၊ သူက မနည်းငြင်းခဲ့ရတာကို တွေ့ရပါတယ်။ ဆိုတော့ Richard အနေနဲ့ကော ထင်ပါသလား။ နှစ်ဘက်စေ့စပ်ညှိနှိုင်းဖို့ကိစ္စ - power sharing ကို ထားအုံးပေါ့၊ စားပွဲဝိုင်းမှာ အတူထိုင်ပြီးတော့ စေ့စပ်ဆွေးနွေးဖို့ အလားအလာကော ရှိပါရဲ့လား။

ဖြေ ။ ။ အခုလောလောဆယ်မှာတော့ စစ်ကောင်စီအနေနဲ့ တွေ့ဆုံစကားပြောရေးကို စိတ်ဝင်စားမှု ပြသတာ လုံးဝမရှိပါဘူး။ လောလောဆယ်မှာ သူတို့တွေက ပစ်မယ်၊ ခတ်မယ်၊ အကြမ်းဖက်ပြီး အနိုင်ယူမယ်ဆိုတာကိုပဲ စိတ်ဝင်စားနေပါတယ်။ ဆွေးနွေးဖို့ တံခါးဖွင့်ထားတာ လုံးဝမတွေ့ရပါဘူး။ တကယ်လို့ သူတို့အရေးနိမ့်လာမယ်ဆိုရင်တော့ ဒါဟာ ချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်။ လက်ရှိမှာတော့ မဖြစ်နိုင်သေးပါဘူး။ ပြည်သူတွေဘက်ကလည်း တွေ့ဆုံဆွေးနွေးရေးကို လောလောဆယ် မလိုလားကြပါဘူး။ ဒီအချိန် ဆွေးနွေးစကားပြောရင် စစ်ကောင်စီ အမြတ်ထွက်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုကြည်ရင် ဒါဟာ ဆွေးနွေးစကားပြောဖို့ ထိုက်တန်တဲ့ဘက်၊ a worthy dialogue partner မဟုတ်ပါဘူး။ ဆိုတော့ နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးဖို့ မလိုလာကြဘူး၊ ပြောစရာအကြောင်းအရာလည်း မရှိကြပါဘူး။ ဒါပေမဲ့ နောင်မှာတော့ ပြောင်းလဲလာကြမှာပါ။

မေး ။ ။ ဒီအတိုင်းသာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေက တော်တော်နဲ့ ပြေလည်မှု ရရှိမယ့်အခြေအနေ မဟုတ်တော့၊ ပြည်သူတွေကတော့ ဆက်လက်ပြီးတော့ ဒုက္ခတွေကို ခါးစည်းခံနေရမယ့်သဘော ဖြစ်နေပါတယ်။

ဖြေ ။ ။ ဒါအများစု ဖြစ်နိုင်မယ့် အခြေအနေပါ။ စစ်တပ်ဘက်က အာဏာရဖို့အတွက် လုပ်ထားတာလဲ သိပ်ကိုလွန်ကျွံနေပါပြီ။ သူတို့ကိုယ်ကျိုးနဲ့ အဖွဲ့အစည်းအကျိုးကို ရှေ့တန်းတင် လုပ်လာနေကြတာပါ။ မြန်မာပြည်သူတွေကလဲ ဒါကိုလုံးဝလက်ခံနိုင်မယ့် အနေအထားကို မတွေ့ရပါဘူး။ ဆိုတော့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားစရာ မမြင်မိဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ပြောချင်ပါတယ်။

မေး ။ ။ နိုင်ငံတကာဖိအားဆိုလို့ ကျနော် တခု နောက်ဆုံးမေးလိုက်ပါရစေ။ နိုင်ငံတကာဖိအားရဲ့ ထိရောက်မှုကို ခင်များ ယုံကြည်ပါသလား။ ၁၉၈၈ နောက်ပိုင်းမှာ နည်းနည်းဖြေလျှော့မှု ရှိလာခဲ့တယ်။ အဲဒီနေရာမှာကော နိုင်ငံတကာဖိအားရဲ့ အခန်းကဏ္ဍက ဘယ်လောက်ရှိခဲ့တယ်လို့ ထင်ပါသလဲ။ အဲဒီလို ထိရောက်မှု ရှိခဲ့တယ်ဆိုရင် အခုကော အဲဒီလို ထိရောက်မှုမျိုး ရှိလာနိုင်ပါ့မလား။

ဖြေ ။ ။ ဒီနေ့ကမ္ဘာကြီးက ၁၉၈၈၊ ၁၉၉၀ ကျော်ကာလနဲ့ အများကြီး ကွဲလွဲသွားခဲ့ပါပြီ။ တရုတ်နိုင်ငံ အင်အားကြီးမားလာတာ၊ အနောက်အုပ်စု အင်အားကျဆင်းလာတာ၊ အားလုံးက ပထဝီနိုင်ငံရေးအနေအထားကို ပြောင်းလဲစေခဲ့ပါတယ်။ အထိရောက်ဆုံး ဖိအားပေးနိုင်မယ့် ဒေသတွင်း နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်လို နိုင်ငံတွေကလဲ သိပ်မတက်ကြွတော့ အနောက်နိုင်ငံတွေအနေနဲ့ သိပ်ထိရောက်မှုမရှိ ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေကလဲ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို မရှိမဖြစ် ထည့်သွင်းကျင့်သုံးနေတာမျိုး မဟုတ်ပါဘူး။

XS
SM
MD
LG