သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥပေဒမဲ့သတ္ျဖတ္မႈမ်ား ဆက္လုပ္ေနၾကဦးမလား


MYANMAR-POLITICS/PRISON -A smuggled sketch shows people inside of Myanmar's Insein prison with a written date April 17, 2021, in this undated picture obtained by REUTERS

ဒဂုံတကၠသိုလ္ေက်ာင္းသား (၇) ေယာက္ကို စစ္ေကာင္စီ စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္ထားတဲ့အတိုင္း တကယ္ကြပ္မ်က္ေတာ့မလားဆိုတာ လူတိုင္း စိုးရိမ္ေနၾကပါတယ္။ တခ်ိန္တည္းမွာပဲ စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာ အမ်ိဳးသမီးတဦးကို ဒလန္လို႔ စြပ္စြဲၿပီး ရက္ရက္စက္စက္ သတ္ျဖတ္တဲ့ကိစၥဟာလည္း ထိတ္လန႔္တုန္လႈပ္စရာ ေကာင္းလွပါတယ္။ ျပည္ေထာင္စုေရွ႕ေနမ်ားအသင္း ဥကၠ႒ဦးႀကီးျမင့္ကေတာ့ ဒီလုပ္ရပ္ ၂ ခုလုံး တရားဥပေဒနဲ႔ မကိုက္ညီဘူးဆိုၿပီး အျပင္းအထန္ရႈတ္ခ်ပါတယ္။ လႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဦးႀကီးျမင့္နဲ႔ ေဆြးေႏြးစရာအေၾကာင္းက ေပၚလာျပန္ၿပီ။ အဲဒါကေတာ့ ျမန္မာႏိုင္ငံမွာ တရားဥပေဒမဲ့ သတ္ျဖတ္မႈေတြနဲ႔ ပတ္သက္ပါတယ္။ ပထမတခုကေတာ့ ဒဂုံတကၠသိုလ္က ေက်ာင္းသားေတြကို ေသဒဏ္အမိန႔္ ခ်မွတ္ထားတဲ့ကိစၥနဲ႔ ေနာက္တခုကေတာ့ တမူးၿမိဳ႕မွာ အမ်ိဳးသမီးတေယာက္ကို ဒလန္လို႔ စြပ္စြဲၿပီးေတာ့ လမ္းေပၚမွာ ေန႔ခင္းေၾကာင္ေတာင္ သတ္ျဖတ္ခဲ့တဲ့ကိစၥ ျဖစ္ပါတယ္။ က်ေနာ္က ဥပေဒမဲ့လို႔သုံးေတာ့ ဒဂုံတကၠသိုလ္သမဂၢက ေက်ာင္းသားေတြကို ေသဒဏ္ခ်မွတ္ထားတာ၊ သတ္ေတာ့မသတ္ေသးဘူးေပါ့။ ေသဒဏ္မစီရင္ေသးဘူး။ အင္းစိန္ေထာင္ထဲမွာရွိတဲ့ စစ္ခု႐ုံးက ခ်မွတ္တယ္လို႔ ဆိုပါတယ္။ အဲဒါကို ဥပေဒမဲ့လို႔သုံးတာ မွန္ပါသလား။ သူတို႔ဟာ တရားဥေပဒအရ စနစ္တက် ျပစ္ဒဏ္ခ်မွတ္တာ ခံရတာလား။ ဥပေဒအရ ေရွ႕ေနေရွ႕ရပ္ငွားၿပီးေတာ့ ခုခံေခ်ပခြင့္ေကာ ရခဲ့သလား စတာေတြကို လႊမ္းၿခဳံၿပီေတာ့ သုံးသပ္ေပးပါ။

ေျဖ ။ ။ က်ေနာ္လည္း အဲဒါကို စိတ္ထိခိုက္ရတာေတြ မ်ားလြန္အားႀကီးလို႔ ဘယ္လိုမွ လက္မခံႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သားသမီးခ်င္း ကိုယ္ခ်င္စာၾကည့္မယ္ဆိုရင္ ေက်ာင္းသားေတြကိုခ်တဲ့ အျပစ္က အလြန္ျပင္းထန္တယ္။ အဲဒါတခ်က္ေပါ့။ ေနာက္တခ်က္က ဘာလဲဆိုေတာ့ ဥပေဒနဲ႔ ဘယ္ေလာက္ေလာက္ ညီလဲမညီသလဲဆိုတဲ့အေပၚမွာ ၾကည့္ၿပီေတာ့ စိတ္မခ်မ္းသာတာဟာ အဲဒါအဓိကပဲ။ ဥပေဒနဲ႔ မညီမၫႊတ္ အမိန႔္ခ်ခံရတယ္ဆိုတဲ့အေပၚမွာ ပိုစိတ္ထိခိုက္တာ အဲဒါပါ။ ေတာ္လွန္ေရးမွာ လူေတြေသၾကမယ္။ သတ္ၾကမယ္။ ကိုယ့္ယုံၾကည္ခ်က္ ကိုယ္လုပ္ၾကတယ္။ ဒါေတြက ေတာ္လွန္ေရးမွာပဲ ျဖတ္သန္းရမွာပဲ။ က်ေနာ္တို႔လည္းမိရင္ ေသမွာပဲ။ ဒါေပမဲ့ ဥပေဒမဲ့ သတ္ျဖတ္တာၾကေတာ့ လုံးဝလက္မခံႏိုင္ဘူး။ ညဖမ္းသြားၿပီးေတာ့ မနက္အေလာင္းလာယူဆိုတာမ်ိဳးေတြ။ ေနာက္ လမ္းေပၚမွာ ပစ္သတ္ထားတာမ်ိဳးေတြ။ ဥပမာ ဘီလင္းမွာဆိုရင္ မိတယ္။ မိၿပီးေတာ့ လမ္းေပၚမွာတင္ ပစ္သတ္ၿပီး၊ ႐ႊံဗြက္ထဲ ျမဳပ္ပစ္ထားခဲ့တာ။ အဲဒါ အမတ္ ျဖစ္တယ္။

တကၠသိုလ္ေက်ာင္းသားေတြနဲ႔ ပတ္သက္လို႔ စနစ္တက် ႐ုံးတင္လား။ မဟုတ္ဘူးဗ်။ ကေလးေတြကို ဖမ္းသြားတယ္။ ဖမ္းသြားေတာ့လဲ မိဘေတြက မသိရဘူး။ ဘယ္ေရာက္လို႔ ဘယ္ေရာက္ေနမွန္း မသိရဘူး။ ေရာက္ေနတာ ပါဆယ္လည္းေပးခြင့္ မရွိ။ ေရွ႕ေနလည္း ေခၚခြင့္မရွိဘူး။ ေထာင္တြင္းမွာပဲ စစ္ခု႐ုံးနဲ႔စစ္တယ္။ သူတို႔က ဆင္ျခင္ေပးတာက စစ္ခု႐ုံးျဖစ္လို႔ ေရွ႕ေန မလိုဘူးတဲ့။ အဲဒီလိုေျပာတယ္။ အဲဒီေတာ့ ဒါက စစ္သားေတြ မဟုတ္ဘူးေလ။ အရပ္သားေတြ။ အရပ္သားေတြနဲ႔ ပတ္သက္ရင္ ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒကို လိုက္နာရမယ္။ ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒမွာ ဘယ္လိုျပဌာန္းထားသလဲဆိုေတာ့ ေသဒဏ္ထိုက္သင့္ေသာ အမႈေတြကို ေရွ႕ေနမပါလို႔ မရဘူး။ ေရွ႕ေနမပါဘဲခ်တဲ့ အျပစ္က ပ်က္ျပယ္တယ္။ တရားမဝင္ဘူးလို႔ ဒီလိုျပဌာန္းထားတာ။ အဲဒီေတာ့ မင္းတို႔ ေရွ႕ေနငွားမလား။ ႏိုင္ငံေတာ္က ငွားေပးရမလားလို႔ အဲဒီလိုေမးရတယ္။ ေမးၿပီးေတာ့မွ က်ေနာ္ မငွားႏိုင္ပါဘူး။ မငွားဘူး။ ျဖစ္ခ်င္တာျဖစ္ဆိုရင္ေတာင္ ႏိုင္ငံေတာ္က ငွားကိုငွားေပးရတယ္။ အဲဒီလို ႏိုင္ငံေတာ္ကလည္း ငႈားမေပးဘူးဆိုရင္ ျပစ္မႈဆိုင္ရာက်င့္ထုံးဥပေဒအရ အရပ္သားေတြကိုစစ္တဲ့ အမႈေတြက ပ်က္ျပယ္တယ္။ တရားမဝင္ဘူးေပါ့။ အဲဒီလို တရားမဝင္တဲ့ဟာကို လုပ္ေနသမွ် ဒါဟာလူသတ္မႈပဲ။ လူသတ္မႈ က်ဴးလြန္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အခုက တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္လိုက္တယ္။ ေသဒဏ္ေပးတယ္ဆိုၿပီေတာ့ ကိုဂ်င္မီတို႔ အမႈတုန္းကလည္း ေသဒဏ္ခ်မွတ္တဲ့အခ်ိန္မွာ တေခါက္၊ ဦးႀကီးျမင္နဲ႔က်ေနာ္ ေဆြးေႏြးပါတယ္။ ဦးႀကီးျမင့္က ယုံေတာင္မယုံႏိုင္ဘူး။ ဒီလိုဟာကေတာ့ သတ္မယ္လို႔ မထင္ပါဘူး။ သတ္လည္းမသတ္ပါေစနဲ႔လို႔ ေျပာတယ္။ ဒါေပမဲ့ တကယ္သတ္တယ္။ ျပစ္ဒဏ္စီရင္လိုက္တယ္။ ကြပ္မ်က္လိုက္တယ္။ ဆိုေတာ့ အခုေကာ အဲဒီလို ျဖစ္လာမေလလားလို႔ လူတိုင္းစိုးရိမ္ေနၾကပါတယ္။ က်ေနာ္လည္း စိုးရိမ္တယ္။ ဘယ္လိုမ်ား ျဖစ္လာႏိုင္မလဲ ထင္ပါသလဲ။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံတကာကလည္း ကိုဂ်င္မီတို႔ကို ကြပ္မ်က္ၿပီးေနာက္မွာ ဖိအားေတြေပးလာတယ္ဆိုေတာ့ အခု သူတို႔က ဒါကိုလိုက္ေလ်ာခ်င္တဲ့သေဘာနဲ႔ ႏိုင္ငံေရးအက်ဥ္းသမားတခ်ိဳ႕ကို လႊတ္ေပးတယ္။ ႏိုင္ငံျခားသားေတြကို လႊတ္ေပးတယ္။ ေနာက္မၾကာခင္ သူတို႔ေ႐ြးေကာက္ပြဲလုပ္မွာကို လမ္းေျဖာင့္ေအာင္လည္း လုပ္ခ်င္တယ္ဆိုေတာ့ ဒီအေျခအေနမွာ ဒါမ်ိဳးေတြလုပ္ျပမလား။ ဘယ္လိုထင္ပါသလဲ။

ေျဖ ။ ။ အဲဒီ့လုပ္ရဲပါ့မလား ဆိုတာနဲ႔ ပတ္သက္ၿပီေတာ့ သူတို႔က ဘာမဆိုလုပ္ရဲတယ္လို႔ ေျပာထားၿပီသား။ ဒါေပမဲ့ ဒီတခါေတာ့ မလုပ္ရဲေလာက္ဘူး။ မလုပ္ေလာက္ဘူးလို႔ က်ေနာ္က ေျပာခ်င္တယ္။ ဘာျဖစ္လို႔ ဒီလိုေျပာတာလဲဆိုေတာ့ တစ္က ေ႐ြးေကာက္ပြဲလုပ္မယ့္ကိစၥက ျပည္တြင္းျပည္ပ ေထာက္ခံမႈ လိုခ်င္တယ္။ ဒါကို အလြန္ရက္စက္တဲ့ဟာမ်ိဳးေတြကို သူတို႔ ဆင္ျခင္လိမ့္မယ္လို႔ တခ်က္ထင္တယ္။ ေနာက္တခ်က္က ဂ်င္မီတို႔ကို သတ္လိုက္တဲ့ကိစၥမွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီထိ ေရာက္သြားၿပီေတာ့ ရႈတ္ခ်ခံရတာ။ အဲဒီေတာ့ ႐ုရွား၊ တ႐ုတ္ ရွိေနတဲ့ၾကားထဲက ရႈတ္ခ်ခံရတာ။ အဲဒါႀကီးကို ေနာက္တႀကိမ္ က်ဴးလြန္မယ္လို႔ က်ေနာ္ကေတာ့ မထင္ဘူး။ လုပ္လည္းမလုပ္သင့္ဘူး။ ဒီတခါ ကေလးေတြကို လုပ္မယ္ဆိုရင္ ေတာ္လွန္ေရး အရမ္းျပင္းထန္ၿပီေတာ့ မီးေတာက္ႀကီးက အရမ္းႀကီးၿပီေတာ့ ဒီတိုင္းသူျပည္သားေတြက ေတာ္႐ုံတန္႐ုံ စိတ္ေပ်ာ့သြားမယ္။ ခြင့္လႊတ္မယ့္လူေတြေတာင္ ခြင့္မလႊတ္ေတာ့ဘူး။ ေနာက္ သူတို႔ထဲမွာလည္း စိတ္ဝမ္းကြဲမႈေတြ ျဖစ္သြားလိမ့္မယ္။ ၿပီးေတာ့ ကိုဂ်င္မီတို႔ကိစၥနဲ႔လည္း ထပ္တူမတူဘူးဗ်။ တကယ္ၾကေတာ့ သတ္တဲ့လူကို မိခ်င္မွမိမယ္။ မိရင္လဲ သတ္တဲ့လူက တေယာက္ထဲက ပစ္သတ္တာ။ က်န္တဲ့လူေတြက အတူရွိေနတယ္ဆိုတာ အျပစ္ေပးခံရတာဆိုေတာ့ ကိုဂ်င္မီတို႔ကိစၥနဲ႔လည္း မတူဘူး။

ေမး ။ ။ သူတို႔ေတြကို တရား႐ုံးက ေသဒဏ္ခ်မွတ္တယ္ဆိုတဲ့အခါမွာ က်ေနာ္ ဘာကိုသြားသတိရသလဲဆိုေတာ့ ကိုဂ်င္မီတို႔ကို ကြပ္မ်က္လိုက္ၿပီေနာက္ သတင္းစာရွင္လင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရက ေျပာတယ္။ တႀကိမ္မက ဆယ္ႀကိမ္ေလာက္ေပးဖို႔ေကာင္းတာ - အခိုင္အမာေျပာတာဆိုေတာ့ ဒီတႀကိမ္ လုပ္အုံးမလားဆိုတာကို စိုးရိမ္သြားတယ္။

ေျဖ ။ ။ အဲဒီတုန္းက လုပ္ခဲ့တာ NLD မို႔ မဲၿပီးေတာ့ လုပ္ခဲ့တာ။ အခုဟာက ကေလးေတြက NLD လည္း မဟုတ္ဘူး။ ေႏြဦးေတာ္လွန္ေရးရဲ႕ သာမန္သားသမီးေတြပဲ။ အဲဒီေတာ့ ထပ္တူေတာ့ မတူဘူး။ လုပ္ရက္ရင္လုပ္ေပါ့ တိုင္းျပည္ကေတာ့ အရမ္းနာက်င္သြားလိမ့္မယ္။ ကမာၻႀကီးကလည္း သူတို႔အေပၚမွာ အရမ္းအထင္ေသးသြားလိမ့္မယ္။ ၂၀၂၃ ေ႐ြးေကာက္ပြဲကိုေတာ့ ႀကိမ္းေသေပါက္ ထိခိုက္မွာ။ အဲဒါကေတာ့ အေသအခ်ာပဲ။

ေမး ။ ။ တကယ္ေတာ့ ျမန္မာျပည္မွာ အခုေသဒဏ္ေပးထားတဲ့လူေပါင္း ရာေက်ာ္ရွိတယ္လို႔ AAPP စာရင္းအရ သိရပါတယ္။ အဲဒီအထဲမွာမွ သိပ္မၾကာေသးခင္က မႏၲေလးမွာ ငါးေယာက္ကို ေသဒဏ္စီရင္ခဲ့တယ္။ သတ္ခဲ့တယ္ဆိုၿပီေတာ့ သတင္းေတြလည္း ထြက္ခဲ့တယ္။ အဲဒါကို ဦးႀကီးျမင့္ ၾကားမိပါေသးလား။

ေျဖ ။ ။ ၾကားတယ္။ တကယ္မဟုတ္ဘူးတဲ့။ က်ေနာ္တို႔က သတင္းေတြကို အေတာ္စီစစ္ၿပီေတာ့ လက္ခံေနရတယ္။ တကယ္ ေသဒဏ္မေပးပါဘူး။ မဟုတ္ပါဘူး။

ေမး ။ ။ ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္။ ေနာက္တခုက တမူးမွာ မိန္းကေလးတေယာက္ကို လမ္းေပၚမွာ ေန႔ခင္းေၾကာင္ေတာင္ ဒလန္ဆိုၿပီေတာ့ စြပ္စြဲၿပီးသတ္တယ္ဆိုၿပီး သတင္းေတြက အမ်ားႀကီးထြက္ေနပါတယ္။ တကယ္လဲ ပုံေတြနဲ႔ တက္လာတာကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။ အဲဒီကိစၥကို ဘယ္လိုေျပာၾကမလဲ။ ဘယ္သူက တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေအာင္ လုပ္ၾကမလဲ။ PDF ေတြကို ထိန္းခ်ဳပ္ထားတဲ့ ေတာ္လွန္ေရးအင္အားစုႀကီးေတြ၊ အဖြဲ႕ႀကီးေတြ မရွိဘူးလား။ အဲဒီအဖြဲ႕ေတြက ဒီကိစၥကို တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေအာင္ မလုပ္ႏိုင္ဘူးလားဆိုတာကို စဥ္းစားမိပါတယ္။ ဦးႀကီးျမင့္သေဘာလည္း ေျပာပါအုံး။

ေျဖ ။ ။ အဲဒါေတြကလည္း ကာကြယ္ေရးတပ္ဖြဲ႕ေတြကို ျပည္သူေတြက ကိုယ့္ဘာသာကိုယ္ဖြဲ႕ၿပီး ေတာ္လွန္တိုက္ခိုက္ေနတဲ့ ႏိုင္ငံမွာ အဖြဲ႕အစည္းေတြကလည္း နည္းတာမဟုတ္ဘူး။ ရာနဲ႔ခ်ီ ရွိေနတယ္။ အဲဒါေတြက သူတို႔ခ်င္းလဲ မိတ္ဖက္ခ်ိတ္ဆက္ထားတာ ရွိတယ္။ မလုပ္ထားတာ ရွိတယ္။ NUG ေအာက္ကို ဝင္တာရွိတယ္။ မဝင္တာရွိတယ္။ ကိုေအာင္မ်ိဳးမင္းကိုယ္တိုင္ ေျပာတယ္။ သူတို႔လည္း ဒီကိစၥကို စုံစမ္းစစ္ေဆးေနပါတယ္။ အဲဒါကို သူတို႔က ေၾကညာတယ္။ ဘာမွေတာ့ ထြက္မလာေသးဘူး။ ပထမေတာ့ ဒါက စကစ စိတ္ဓါတ္စစ္ဆင္ေရး လုပ္တာလား။ သူတို႔က မၾကာခဏ လုပ္တတ္တယ္။ အေယာင္ေဆာင္ၿပီး လုပ္တတ္တယ္ဆိုေတာ့။ အခုၾကေတာ့ က်ေနာ္က ကာကြယ္ေရးအဖြဲ႕တခုခုက လုပ္တာမ်ားလားဆိုတဲ့အေပၚမွာ သံသယေတာ့ နည္းနည္းေတာ့ဝင္တယ္။ အလြန္လည္းရက္စက္တယ္။ လုံးဝ လုံးဝ လက္မခံႏိုင္ဘူး။ တစ္ရာရာခိုင္ႏႈန္း လက္မခံႏိုင္ဘူး။ ဘယ္သူကလုပ္လုပ္ ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းမွာ လူ႔အခြင့္အေရးနဲ႔ၾကည့္ၾကည့္၊ ဒီမိုကေရစီကို အေၾကာင္းျပလို႔ပဲျဖစ္ျဖစ္ ဘာျဖစ္လို႔ပဲျပျပ သတ္သတ္၊ ဥပေဒမဲ့ သတ္ျဖတ္မႈေတြကို က်ေနာ္ လုံးဝဆန႔္က်င္တယ္။ ဘာျဖစ္လို႔ အဲဒီလိုျဖစ္ရတာလဲဆိုေတာ့ ကိုယ့္ဘာသာကိုယ္ ကာကြယ္ေရးတပ္ဖြဲ႕ေတြ ဖြဲ႕ၿပီး၊ ဘယ္ေအာက္မွာမွ မရွိဘူး။ သူတို႔ဘာသာ အလွ်ဴေငြေကာက္ၿပီး လုပ္တယ္။ တခ်ိဳ႕ဆိုရင္ ဓါးျပတိုက္တဲ့ လုတဲ့အဆင့္ေလာက္အထိ ေရာက္တယ္လို႔ ၾကားသိရတယ္။ အဲဒီအဖြဲ႕ေတြလည္း အေရးယူသင့္ၿပီ။ တခ်ိဳ႕ဆိုရင္ ကိုယ့္အခ်င္းခ်င္းကို တိုက္ခိုက္ၿပီး တားေနတဲ့ၾကားထဲကေန သတ္ျဖတ္တာေတြ ရွိတယ္။ ရွိေနေတာ့ အဲဒီလူေတြကို ဖမ္းခ်ဳပ္ၿပီး၊ NUG က စစ္ေဆးတယ္။ ေသနတ္ေတြျဖဳတ္တယ္။ အဲဒီဘက္မွာ စစ္ကိုင္းဘက္မွာ ျဖစ္တယ္။ ဥပေဒနဲ႔အညီ စစ္ေဆးၿပီး အျပစ္ေပးရမယ့္အလုပ္မ်ိဳး ျဖစ္တယ္။ ေနာက္တခါ စကစ က အေယာင္ေဆာင္လုပ္တာလည္း မျဖစ္ပါေစနဲ႔လို႔ က်ေနာ္လည္း ဆုေတာင္းပါတယ္။

စည္းလြတ္ကမ္းလြတ္ ျဖစ္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ဒီမိုကေရစီ ျဖစ္လာတဲ့အခါမွာျဖစ္ေစ က်ေနာ္တို႔က ထိန္းႏိုင္သိမ္းႏိုင္တဲ့ ေထာင္ေတြလည္း ထားႏိုင္ၿပီ။ ဥပေဒနဲ႔အညီ စစ္ႏိုင္ၿပီဆိုရင္ အဲဒီအမႈေတြက ျပန္ေဖာ္ၿပီးေတာ့ စည္းမဲ့ကမ္းမဲ့ လုပ္ထားတာေတြကို ေနာက္ဆုံးေတာ့ အေရးယူရမွာပဲ။ အဲဒီလိုပဲ စကစက လုပ္ထားတဲ့ ျပစ္မႈေတြကိုလည္း ေနာက္ဆုံးၾက အေရးယူရမွာပဲ။

ေမး ။ ။ အဲဒီလိုအေျခအေနမ်ိဳးကို ေရာက္လာဖို႔ိကို နည္းနည္းမွန္းၾကည့္ပါအုံး။ ဒီမိုကေရစီ ျဖစ္ၿပီေတာ့ ႏွစ္ဘက္စလုံးရဲ႕ စည္းမဲ့ကမ္းမဲ့ ဥပေဒမဲ့ သတ္ျဖတ္မႈေတြကို အေရးယူႏိုင္မယ့္ အေျခအေနေရာက္ဖို႔ ဘယ္ေလာက္ၾကာအုံးမလဲ။

ေျဖ ။ ။ အဲဒါကေတာ့ ခင္မ်ားတို႔ က်ေနာ္တို႔ေတြ ျပည္သူလူထုက ေျပာေနရမွာ ေအာ္ေနရမွာ။ အခုလို ခင္မ်ားတို႔ မီဒီယာကေန ေျပာေပးေနရမွာ။ အဲဒီေတာ့မွ ဆင္ျခင္ႏိုင္မွာ။ သူတို႔လည္း ဆင္ျခင္ႏိုင္ရင္ ဆင္ျခင္။ မဆင္ျခင္ႏိုင္ရင္လည္းေန။ ကိုယ့္ဘက္က အခ်င္းခ်င္းေတာ့ ေျပာေနရမွာ။ မီဒီယာေတြကေနတဆင့္ ေျပာေနရမွာ။ သတိေပးေနရမွာ။ ငါ့လူေတြ လုပ္တာမို႔ တစ္ရာရာခိုင္ႏႈန္း မွန္တယ္လို႔ အဲဒီလိုေတာ့ ေျပာလို႔မရဘူး။ က်ေနာ္တို႔ကေတာ့ ေျပာေနမယ္။ ေထာက္ျပေနမယ္။ မင္းတို႔ ဥပေဒမဲ့လုပ္ရင္ မင္းတို႔လည္း တခ်ိန္မွာ အေရးယူခံရမယ္ဆိုတာကို အခုကတည္းက သူတို႔ကို က်ေနာ္တို႔က Notice စာ ေပးထားရမယ္။ အဲဒါကေတာ့ လုပ္ကိုလုပ္ရမယ္။

=== Unicode ===

ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ယောက်ကို စစ်ကောင်စီ စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတဲ့အတိုင်း တကယ်ကွပ်မျက်တော့မလားဆိုတာ လူတိုင်း စိုးရိမ်နေကြပါတယ်။ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း တမူးမြို့မှာ အမျိုးသမီးတဦးကို ဒလန်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်တဲ့ကိစ္စဟာလည်း ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပါတယ်။ ပြည်ထောင်စုရှေ့နေများအသင်း ဥက္ကဋ္ဌဦးကြီးမြင့်ကတော့ ဒီလုပ်ရပ် ၂ ခုလုံး တရားဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး အပြင်းအထန်ရှုတ်ချပါတယ်။ လွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဦးကြီးမြင့်နဲ့ ဆွေးနွေးစရာအကြောင်းက ပေါ်လာပြန်ပြီ။ အဲဒါကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပါတယ်။ ပထမတခုကတော့ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေကို သေဒဏ်အမိန့် ချမှတ်ထားတဲ့ကိစ္စနဲ့ နောက်တခုကတော့ တမူးမြို့မှာ အမျိုးသမီးတယောက်ကို ဒလန်လို့ စွပ်စွဲပြီးတော့ လမ်းပေါ်မှာ နေ့ခင်းကြောင်တောင် သတ်ဖြတ်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်က ဥပဒေမဲ့လို့သုံးတော့ ဒဂုံတက္ကသိုလ်သမဂ္ဂက ကျောင်းသားတွေကို သေဒဏ်ချမှတ်ထားတာ၊ သတ်တော့မသတ်သေးဘူးပေါ့။ သေဒဏ်မစီရင်သေးဘူး။ အင်းစိန်ထောင်ထဲမှာရှိတဲ့ စစ်ခုရုံးက ချမှတ်တယ်လို့ ဆိုပါတယ်။ အဲဒါကို ဥပဒေမဲ့လို့သုံးတာ မှန်ပါသလား။ သူတို့ဟာ တရားဥပေဒအရ စနစ်တကျ ပြစ်ဒဏ်ချမှတ်တာ ခံရတာလား။ ဥပဒေအရ ရှေ့နေရှေ့ရပ်ငှားပြီးတော့ ခုခံချေပခွင့်ကော ရခဲ့သလား စတာတွေကို လွှမ်းခြုံပြီတော့ သုံးသပ်ပေးပါ။

ဖြေ ။ ။ ကျနော်လည်း အဲဒါကို စိတ်ထိခိုက်ရတာတွေ များလွန်အားကြီးလို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးချင်း ကိုယ်ချင်စာကြည့်မယ်ဆိုရင် ကျောင်းသားတွေကိုချတဲ့ အပြစ်က အလွန်ပြင်းထန်တယ်။ အဲဒါတချက်ပေါ့။ နောက်တချက်က ဘာလဲဆိုတော့ ဥပဒေနဲ့ ဘယ်လောက်လောက် ညီလဲမညီသလဲဆိုတဲ့အပေါ်မှာ ကြည့်ပြီတော့ စိတ်မချမ်းသာတာဟာ အဲဒါအဓိကပဲ။ ဥပဒေနဲ့ မညီမညွှတ် အမိန့်ချခံရတယ်ဆိုတဲ့အပေါ်မှာ ပိုစိတ်ထိခိုက်တာ အဲဒါပါ။ တော်လှန်ရေးမှာ လူတွေသေကြမယ်။ သတ်ကြမယ်။ ကိုယ့်ယုံကြည်ချက် ကိုယ်လုပ်ကြတယ်။ ဒါတွေက တော်လှန်ရေးမှာပဲ ဖြတ်သန်းရမှာပဲ။ ကျနော်တို့လည်းမိရင် သေမှာပဲ။ ဒါပေမဲ့ ဥပဒေမဲ့ သတ်ဖြတ်တာကြတော့ လုံးဝလက်မခံနိုင်ဘူး။ ညဖမ်းသွားပြီးတော့ မနက်အလောင်းလာယူဆိုတာမျိုးတွေ။ နောက် လမ်းပေါ်မှာ ပစ်သတ်ထားတာမျိုးတွေ။ ဥပမာ ဘီလင်းမှာဆိုရင် မိတယ်။ မိပြီးတော့ လမ်းပေါ်မှာတင် ပစ်သတ်ပြီး၊ ရွှံဗွက်ထဲ မြုပ်ပစ်ထားခဲ့တာ။ အဲဒါ အမတ် ဖြစ်တယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ပတ်သက်လို့ စနစ်တကျ ရုံးတင်လား။ မဟုတ်ဘူးဗျ။ ကလေးတွေကို ဖမ်းသွားတယ်။ ဖမ်းသွားတော့လဲ မိဘတွေက မသိရဘူး။ ဘယ်ရောက်လို့ ဘယ်ရောက်နေမှန်း မသိရဘူး။ ရောက်နေတာ ပါဆယ်လည်းပေးခွင့် မရှိ။ ရှေ့နေလည်း ခေါ်ခွင့်မရှိဘူး။ ထောင်တွင်းမှာပဲ စစ်ခုရုံးနဲ့စစ်တယ်။ သူတို့က ဆင်ခြင်ပေးတာက စစ်ခုရုံးဖြစ်လို့ ရှေ့နေ မလိုဘူးတဲ့။ အဲဒီလိုပြောတယ်။ အဲဒီတော့ ဒါက စစ်သားတွေ မဟုတ်ဘူးလေ။ အရပ်သားတွေ။ အရပ်သားတွေနဲ့ ပတ်သက်ရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို လိုက်နာရမယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ ဘယ်လိုပြဌာန်းထားသလဲဆိုတော့ သေဒဏ်ထိုက်သင့်သော အမှုတွေကို ရှေ့နေမပါလို့ မရဘူး။ ရှေ့နေမပါဘဲချတဲ့ အပြစ်က ပျက်ပြယ်တယ်။ တရားမဝင်ဘူးလို့ ဒီလိုပြဌာန်းထားတာ။ အဲဒီတော့ မင်းတို့ ရှေ့နေငှားမလား။ နိုင်ငံတော်က ငှားပေးရမလားလို့ အဲဒီလိုမေးရတယ်။ မေးပြီးတော့မှ ကျနော် မငှားနိုင်ပါဘူး။ မငှားဘူး။ ဖြစ်ချင်တာဖြစ်ဆိုရင်တောင် နိုင်ငံတော်က ငှားကိုငှားပေးရတယ်။ အဲဒီလို နိုင်ငံတော်ကလည်း ငှုားမပေးဘူးဆိုရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အရပ်သားတွေကိုစစ်တဲ့ အမှုတွေက ပျက်ပြယ်တယ်။ တရားမဝင်ဘူးပေါ့။ အဲဒီလို တရားမဝင်တဲ့ဟာကို လုပ်နေသမျှ ဒါဟာလူသတ်မှုပဲ။ လူသတ်မှု ကျူးလွန်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ ဆိုတော့ အခုက တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တယ်။ သေဒဏ်ပေးတယ်ဆိုပြီတော့ ကိုဂျင်မီတို့ အမှုတုန်းကလည်း သေဒဏ်ချမှတ်တဲ့အချိန်မှာ တခေါက်၊ ဦးကြီးမြင်နဲ့ကျနော် ဆွေးနွေးပါတယ်။ ဦးကြီးမြင့်က ယုံတောင်မယုံနိုင်ဘူး။ ဒီလိုဟာကတော့ သတ်မယ်လို့ မထင်ပါဘူး။ သတ်လည်းမသတ်ပါစေနဲ့လို့ ပြောတယ်။ ဒါပေမဲ့ တကယ်သတ်တယ်။ ပြစ်ဒဏ်စီရင်လိုက်တယ်။ ကွပ်မျက်လိုက်တယ်။ ဆိုတော့ အခုကော အဲဒီလို ဖြစ်လာမလေလားလို့ လူတိုင်းစိုးရိမ်နေကြပါတယ်။ ကျနော်လည်း စိုးရိမ်တယ်။ ဘယ်လိုများ ဖြစ်လာနိုင်မလဲ ထင်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကလည်း ကိုဂျင်မီတို့ကို ကွပ်မျက်ပြီးနောက်မှာ ဖိအားတွေပေးလာတယ်ဆိုတော့ အခု သူတို့က ဒါကိုလိုက်လျောချင်တဲ့သဘောနဲ့ နိုင်ငံရေးအကျဉ်းသမားတချို့ကို လွှတ်ပေးတယ်။ နိုင်ငံခြားသားတွေကို လွှတ်ပေးတယ်။ နောက်မကြာခင် သူတို့ရွေးကောက်ပွဲလုပ်မှာကို လမ်းဖြောင့်အောင်လည်း လုပ်ချင်တယ်ဆိုတော့ ဒီအခြေအနေမှာ ဒါမျိုးတွေလုပ်ပြမလား။ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ အဲဒီ့လုပ်ရဲပါ့မလား ဆိုတာနဲ့ ပတ်သက်ပြီတော့ သူတို့က ဘာမဆိုလုပ်ရဲတယ်လို့ ပြောထားပြီသား။ ဒါပေမဲ့ ဒီတခါတော့ မလုပ်ရဲလောက်ဘူး။ မလုပ်လောက်ဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာဖြစ်လို့ ဒီလိုပြောတာလဲဆိုတော့ တစ်က ရွေးကောက်ပွဲလုပ်မယ့်ကိစ္စက ပြည်တွင်းပြည်ပ ထောက်ခံမှု လိုချင်တယ်။ ဒါကို အလွန်ရက်စက်တဲ့ဟာမျိုးတွေကို သူတို့ ဆင်ခြင်လိမ့်မယ်လို့ တချက်ထင်တယ်။ နောက်တချက်က ဂျင်မီတို့ကို သတ်လိုက်တဲ့ကိစ္စမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထိ ရောက်သွားပြီတော့ ရှုတ်ချခံရတာ။ အဲဒီတော့ ရုရှား၊ တရုတ် ရှိနေတဲ့ကြားထဲက ရှုတ်ချခံရတာ။ အဲဒါကြီးကို နောက်တကြိမ် ကျူးလွန်မယ်လို့ ကျနော်ကတော့ မထင်ဘူး။ လုပ်လည်းမလုပ်သင့်ဘူး။ ဒီတခါ ကလေးတွေကို လုပ်မယ်ဆိုရင် တော်လှန်ရေး အရမ်းပြင်းထန်ပြီတော့ မီးတောက်ကြီးက အရမ်းကြီးပြီတော့ ဒီတိုင်းသူပြည်သားတွေက တော်ရုံတန်ရုံ စိတ်ပျော့သွားမယ်။ ခွင့်လွှတ်မယ့်လူတွေတောင် ခွင့်မလွှတ်တော့ဘူး။ နောက် သူတို့ထဲမှာလည်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကိုဂျင်မီတို့ကိစ္စနဲ့လည်း ထပ်တူမတူဘူးဗျ။ တကယ်ကြတော့ သတ်တဲ့လူကို မိချင်မှမိမယ်။ မိရင်လဲ သတ်တဲ့လူက တယောက်ထဲက ပစ်သတ်တာ။ ကျန်တဲ့လူတွေက အတူရှိနေတယ်ဆိုတာ အပြစ်ပေးခံရတာဆိုတော့ ကိုဂျင်မီတို့ကိစ္စနဲ့လည်း မတူဘူး။

မေး ။ ။ သူတို့တွေကို တရားရုံးက သေဒဏ်ချမှတ်တယ်ဆိုတဲ့အခါမှာ ကျနော် ဘာကိုသွားသတိရသလဲဆိုတော့ ကိုဂျင်မီတို့ကို ကွပ်မျက်လိုက်ပြီနောက် သတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရက ပြောတယ်။ တကြိမ်မက ဆယ်ကြိမ်လောက်ပေးဖို့ကောင်းတာ - အခိုင်အမာပြောတာဆိုတော့ ဒီတကြိမ် လုပ်အုံးမလားဆိုတာကို စိုးရိမ်သွားတယ်။

ဖြေ ။ ။ အဲဒီတုန်းက လုပ်ခဲ့တာ NLD မို့ မဲပြီးတော့ လုပ်ခဲ့တာ။ အခုဟာက ကလေးတွေက NLD လည်း မဟုတ်ဘူး။ နွေဦးတော်လှန်ရေးရဲ့ သာမန်သားသမီးတွေပဲ။ အဲဒီတော့ ထပ်တူတော့ မတူဘူး။ လုပ်ရက်ရင်လုပ်ပေါ့ တိုင်းပြည်ကတော့ အရမ်းနာကျင်သွားလိမ့်မယ်။ ကမ္ဘာကြီးကလည်း သူတို့အပေါ်မှာ အရမ်းအထင်သေးသွားလိမ့်မယ်။ ၂၀၂၃ ရွေးကောက်ပွဲကိုတော့ ကြိမ်းသေပေါက် ထိခိုက်မှာ။ အဲဒါကတော့ အသေအချာပဲ။

မေး ။ ။ တကယ်တော့ မြန်မာပြည်မှာ အခုသေဒဏ်ပေးထားတဲ့လူပေါင်း ရာကျော်ရှိတယ်လို့ AAPP စာရင်းအရ သိရပါတယ်။ အဲဒီအထဲမှာမှ သိပ်မကြာသေးခင်က မန္တလေးမှာ ငါးယောက်ကို သေဒဏ်စီရင်ခဲ့တယ်။ သတ်ခဲ့တယ်ဆိုပြီတော့ သတင်းတွေလည်း ထွက်ခဲ့တယ်။ အဲဒါကို ဦးကြီးမြင့် ကြားမိပါသေးလား။

ဖြေ ။ ။ ကြားတယ်။ တကယ်မဟုတ်ဘူးတဲ့။ ကျနော်တို့က သတင်းတွေကို အတော်စီစစ်ပြီတော့ လက်ခံနေရတယ်။ တကယ် သေဒဏ်မပေးပါဘူး။ မဟုတ်ပါဘူး။

မေး ။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ နောက်တခုက တမူးမှာ မိန်းကလေးတယောက်ကို လမ်းပေါ်မှာ နေ့ခင်းကြောင်တောင် ဒလန်ဆိုပြီတော့ စွပ်စွဲပြီးသတ်တယ်ဆိုပြီး သတင်းတွေက အများကြီးထွက်နေပါတယ်။ တကယ်လဲ ပုံတွေနဲ့ တက်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြောကြမလဲ။ ဘယ်သူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ကြမလဲ။ PDF တွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုကြီးတွေ၊ အဖွဲ့ကြီးတွေ မရှိဘူးလား။ အဲဒီအဖွဲ့တွေက ဒီကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် မလုပ်နိုင်ဘူးလားဆိုတာကို စဉ်းစားမိပါတယ်။ ဦးကြီးမြင့်သဘောလည်း ပြောပါအုံး။

ဖြေ ။ ။ အဲဒါတွေကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ကိုယ့်ဘာသာကိုယ်ဖွဲ့ပြီး တော်လှန်တိုက်ခိုက်နေတဲ့ နိုင်ငံမှာ အဖွဲ့အစည်းတွေကလည်း နည်းတာမဟုတ်ဘူး။ ရာနဲ့ချီ ရှိနေတယ်။ အဲဒါတွေက သူတို့ချင်းလဲ မိတ်ဖက်ချိတ်ဆက်ထားတာ ရှိတယ်။ မလုပ်ထားတာ ရှိတယ်။ NUG အောက်ကို ဝင်တာရှိတယ်။ မဝင်တာရှိတယ်။ ကိုအောင်မျိုးမင်းကိုယ်တိုင် ပြောတယ်။ သူတို့လည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒါကို သူတို့က ကြေညာတယ်။ ဘာမှတော့ ထွက်မလာသေးဘူး။ ပထမတော့ ဒါက စကစ စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလား။ သူတို့က မကြာခဏ လုပ်တတ်တယ်။ အယောင်ဆောင်ပြီး လုပ်တတ်တယ်ဆိုတော့။ အခုကြတော့ ကျနော်က ကာကွယ်ရေးအဖွဲ့တခုခုက လုပ်တာများလားဆိုတဲ့အပေါ်မှာ သံသယတော့ နည်းနည်းတော့ဝင်တယ်။ အလွန်လည်းရက်စက်တယ်။ လုံးဝ လုံးဝ လက်မခံနိုင်ဘူး။ တစ်ရာရာခိုင်နှုန်း လက်မခံနိုင်ဘူး။ ဘယ်သူကလုပ်လုပ် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လူ့အခွင့်အရေးနဲ့ကြည့်ကြည့်၊ ဒီမိုကရေစီကို အကြောင်းပြလို့ပဲဖြစ်ဖြစ် ဘာဖြစ်လို့ပဲပြပြ သတ်သတ်၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ကျနော် လုံးဝဆန့်ကျင်တယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲဆိုတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့ပြီး၊ ဘယ်အောက်မှာမှ မရှိဘူး။ သူတို့ဘာသာ အလျှူငွေကောက်ပြီး လုပ်တယ်။ တချို့ဆိုရင် ဓါးပြတိုက်တဲ့ လုတဲ့အဆင့်လောက်အထိ ရောက်တယ်လို့ ကြားသိရတယ်။ အဲဒီအဖွဲ့တွေလည်း အရေးယူသင့်ပြီ။ တချို့ဆိုရင် ကိုယ့်အချင်းချင်းကို တိုက်ခိုက်ပြီး တားနေတဲ့ကြားထဲကနေ သတ်ဖြတ်တာတွေ ရှိတယ်။ ရှိနေတော့ အဲဒီလူတွေကို ဖမ်းချုပ်ပြီး၊ NUG က စစ်ဆေးတယ်။ သေနတ်တွေဖြုတ်တယ်။ အဲဒီဘက်မှာ စစ်ကိုင်းဘက်မှာ ဖြစ်တယ်။ ဥပဒေနဲ့အညီ စစ်ဆေးပြီး အပြစ်ပေးရမယ့်အလုပ်မျိုး ဖြစ်တယ်။ နောက်တခါ စကစ က အယောင်ဆောင်လုပ်တာလည်း မဖြစ်ပါစေနဲ့လို့ ကျနော်လည်း ဆုတောင်းပါတယ်။

စည်းလွတ်ကမ်းလွတ် ဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ ဒီမိုကရေစီ ဖြစ်လာတဲ့အခါမှာဖြစ်စေ ကျနော်တို့က ထိန်းနိုင်သိမ်းနိုင်တဲ့ ထောင်တွေလည်း ထားနိုင်ပြီ။ ဥပဒေနဲ့အညီ စစ်နိုင်ပြီဆိုရင် အဲဒီအမှုတွေက ပြန်ဖော်ပြီးတော့ စည်းမဲ့ကမ်းမဲ့ လုပ်ထားတာတွေကို နောက်ဆုံးတော့ အရေးယူရမှာပဲ။ အဲဒီလိုပဲ စကစက လုပ်ထားတဲ့ ပြစ်မှုတွေကိုလည်း နောက်ဆုံးကြ အရေးယူရမှာပဲ။

မေး ။ ။ အဲဒီလိုအခြေအနေမျိုးကို ရောက်လာဖို့ိကို နည်းနည်းမှန်းကြည့်ပါအုံး။ ဒီမိုကရေစီ ဖြစ်ပြီတော့ နှစ်ဘက်စလုံးရဲ့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို အရေးယူနိုင်မယ့် အခြေအနေရောက်ဖို့ ဘယ်လောက်ကြာအုံးမလဲ။

ဖြေ ။ ။ အဲဒါကတော့ ခင်များတို့ ကျနော်တို့တွေ ပြည်သူလူထုက ပြောနေရမှာ အော်နေရမှာ။ အခုလို ခင်များတို့ မီဒီယာကနေ ပြောပေးနေရမှာ။ အဲဒီတော့မှ ဆင်ခြင်နိုင်မှာ။ သူတို့လည်း ဆင်ခြင်နိုင်ရင် ဆင်ခြင်။ မဆင်ခြင်နိုင်ရင်လည်းနေ။ ကိုယ့်ဘက်က အချင်းချင်းတော့ ပြောနေရမှာ။ မီဒီယာတွေကနေတဆင့် ပြောနေရမှာ။ သတိပေးနေရမှာ။ ငါ့လူတွေ လုပ်တာမို့ တစ်ရာရာခိုင်နှုန်း မှန်တယ်လို့ အဲဒီလိုတော့ ပြောလို့မရဘူး။ ကျနော်တို့ကတော့ ပြောနေမယ်။ ထောက်ပြနေမယ်။ မင်းတို့ ဥပဒေမဲ့လုပ်ရင် မင်းတို့လည်း တချိန်မှာ အရေးယူခံရမယ်ဆိုတာကို အခုကတည်းက သူတို့ကို ကျနော်တို့က Notice စာ ပေးထားရမယ်။ အဲဒါကတော့ လုပ်ကိုလုပ်ရမယ်။

XS
SM
MD
LG