=== Unicode ===
မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံအပတ်စဉ် အစီအစဉ်ကို ဖရန့်တီးယားမြန်မာ (Frontier Myanmar) နဲ့ ဖွန်ဒေးရှင်း ဟီရွှန်ဒဲလ် (Foundation Hirondelle) တို့က တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အဖက်ဖက်က ယိုယွင်းနေတဲ့ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ သွေးသွင်းကုသမှုတွေအတွက် အချိန်မီသွေးရဖို့က ခက်ခဲလာခဲ့ပါပြီ။ အစိုးရဆေးရုံတွေကလည်း လူနာတွေကို သွေးရောင်းတယ်ဆိုတဲ့ စွပ်စွဲခံရတာတွေ ရှိနေပါတယ်။ ဒီအစီအစဉ်ကို Frontier Myanmar ရဲ့ သတင်းထောက်တွေက စုစည်းတင်ဆက်ထားတာ ဖြစ်ပါတယ်။