ဒီသီတင်းပတ် အားကစားအစီအစဉ်မှာတော့ မကြာခင်အချိန်ပိုင်းအတွင်း ကစားမယ့် လီဗာပူးလ်နဲ့ ရိုးမား ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအကြောင်း၊ လာလီဂါ ဖလားကို ဘာစီလိုနာရသွားတာ၊ အနားယူသွားပြီဖြစ်တဲ့ အာဆင် ဗင်းဂါးရဲ့ နောက်ဆုံးပွဲ၊ ဝေဖန်သံတွေထွက်နေတဲ့ Leeds United ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ တင်းနစ်စတား Nadal မကြာသေးခင် က အနိုင်ရသွားတဲ့ပွဲအကြောင်းတွေကို နားဆင်ရပါမယ်။ ကိုကျော်ကျော်သိန်းက စီစဉ်တင်ဆက်ထားပါတယ်။