ဗွီအိုအေရဲ့ သီတင်းပတ်စဉ် အားကစားအစီအစဉ်ကနေ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အထူးအစီအစဉ်အဖြစ် တင်ဆက် နေတာမှာ ဒီသီတင်းပတ်မှာတော့ အုပ်စု E, F, G နဲ့ H တို့မှာ ဘယ်အသင်းတွေ အုပ်စုအဆင့်ကိုကျော်ပြီး ဒုတိယအဆင့်ကို တက်နိုင်ခြေ ရှိသလဲဆိုတာ နဲ့ ကြာသပတေးနေ့ စတင်မယ့် ကမ္ဘာ့ဖလားဖွင့်ပွဲမှာ အိမ်ရှင်ရုရှားနဲ့ ဆော်ဒီ အာရေးဘီးယားပွဲ၊ သောကြာနေ့ကစားမယ့် အီဂျစ်နဲ့ ဥရုဂွေးပွဲ၊ မော်ရိုကိုနဲ့ အီရန်ပွဲ၊ ပေါ်တူဂီနဲ့ စပိန်ပွဲ အနိုင် အရှုံးခန့်မှန်းချက်တွေကို တင်ဆက်ထားပါတယ်။
အားကစား ဆောင်းပါးရှင်တွေဖြစ်ကြတဲ့ ကိုဝဏ္ဏကို၊ ကိုဝင်းကျော်မင်းတို့နဲ့အတူ သုံးသပ်ဆွေးနွေးပြီး ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။