သုံးရလွယ်ကူစေသည့် Link များ

Bush Institute ခေါင်းဆောင်မှုသင်တန်းသူ ဒေါက်တာ ခင်သာရှန်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်


တက္ကဆက်ပြည်နယ်မှာ သီတင်းသုံးပတ်ကြာမယ့် Bush Institute က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ်ရဲ့ ဒုတိယပတ်သင်တန်းကို လက်ရှိ တက်ရောက်နေတဲ့ မြန်မာလူငယ်ခေါင်းဆောင် ၁၈ ဦးထဲမှာ ဒေါက်တာခင်သာရှန်ဇော်လည်း ပါဝင်ပါတယ်။

သူဟာ မူဆလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ခွဲစိတ်ကုသမှုပိုင်းဆိုင်ရာ ပထမလက်ထောက် ဆရာဝန်အဖြစ် လုပ်အားပေးနေသလို အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ယက်မှာလည်း နယ်လှည့် ကွင်းဆင်းကုသမှုထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ သူဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လည်း ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ သူရဲ့စေတနာ့ဝန်ထမ်း အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

XS
SM
MD
LG