သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာကာသစခန္းရဲ႕ ဒုတိယအစိတ္အပိုင္း တ႐ုတ္လႊတ္တင္


တ႐ုတ္ႏုိင္ငံရဲ႕အၿမဲတမ္းအာကာသစခန္းတည္ေဆာက္ရာမွာ ဒုတိယထိန္းခ်ဳပ္ေရးစခန္းအပိုင္းကို ဒံုးပ်ံနဲ႔သယ္ေဆာင္ပစ္လႊတ္စဥ္။ (ဇူလိုင္ ၂၄၊ ၂၀၂၂)


[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံက အၿမဲတမ္းအာကာသစခန္းရဲ႕ ဒုတိယထိန္းခ်ဳပ္ေရးစခန္းကို တနဂၤေႏြေန႔က လႊတ္တင္လိုက္ပါတယ္။ ခုလႊတ္လိုက္တဲ့ ဒုတိယထိန္းခ်ဳပ္ေရး စခန္းဟာ ပထမလႊတ္တင္ထားၿပီး စခန္းနဲ႔ သြားေရာက္ ခ်ိတ္ဆက္ရဦးမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ တတိယထိန္းခ်ဳပ္ေရးစခန္းကို လႊတ္တင္ခ်ိတ္ဆက္ ၿပီးတာနဲ႔ တ႐ုတ္ရဲ႕ အၿမဲတမ္းအာကာသစခန္းက ဒီႏွစ္အကုန္မွာ ျပည့္စုံသြားမွာ ျဖစ္ပါတယ္။

ဝမ္က်န္း Wentian အမည္ရွိတဲ့ အဲဒီ ဓာတ္ခြဲစမ္းသပ္ခန္းပါ ဒုတိယထိန္းခ်ဳပ္ ေရးအပိုင္းကို ခရီးရွည္ခ်ီတက္ပြဲအမည္ရွိ ဒုံးပ်ံက ေဒသစံေတာ္ခ်ိန္ ၂ နာရီ ၂၂ မိနစ္မွာ ဟိုင္နန္ကြၽန္းကေန သယ္ေဆာင္သြားတာကို ႐ုပ္ျမင္သံၾကားကေန တိုက္႐ိုက္ ထုတ္လႊင့္ ျပသခဲ့ပါတယ္။

ဒုံးပ်ံ တက္သြားၿပီးေနာက္ ဆယ္မိနစ္အၾကာမွာ ဝမ္က်န္း ဒုတိယထိန္းခ်ဳပ္ေရး အပိုင္းကို ဒုံးပ်ံကေန ခြဲထုတ္လိုက္တဲ့အခါမွာ ထိန္းခ်ဳပ္ေရးစခန္းမွာ ရွိၾကတဲ့ ဝန္ထမ္းေတြက ဝမ္းသာအားရ လက္ခုပ္တီး ေအာင္ပြဲခံၾကပါတယ္။ ခုလို ပစ္လႊတ္တာ လုံးဝ ေအာင္ျမင္မႈျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံေတာ္ပိုင္႐ုပ္ျမင္သံၾကား သတင္းဌာန CCTV က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အာကာသစခန်းရဲ့ ဒုတိယအစိတ်အပိုင်း တရုတ်လွှတ်တင်

တရုတ်နိုင်ငံက အမြဲတမ်းအာကာသစခန်းရဲ့ ဒုတိယထိန်းချုပ်ရေးစခန်းကို တနင်္ဂနွေနေ့က လွှတ်တင်လိုက်ပါတယ်။ ခုလွှတ်လိုက်တဲ့ ဒုတိယထိန်းချုပ်ရေး စခန်းဟာ ပထမလွှတ်တင်ထားပြီး စခန်းနဲ့ သွားရောက် ချိတ်ဆက်ရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ် တတိယထိန်းချုပ်ရေးစခန်းကို လွှတ်တင်ချိတ်ဆက် ပြီးတာနဲ့ တရုတ်ရဲ့ အမြဲတမ်းအာကာသစခန်းက ဒီနှစ်အကုန်မှာ ပြည့်စုံသွားမှာ ဖြစ်ပါတယ်။

ဝမ်ကျန်း Wentian အမည်ရှိတဲ့ အဲဒီ ဓာတ်ခွဲစမ်းသပ်ခန်းပါ ဒုတိယထိန်းချုပ် ရေးအပိုင်းကို ခရီးရှည်ချီတက်ပွဲအမည်ရှိ ဒုံးပျံက ဒေသစံတော်ချိန် ၂ နာရီ ၂၂ မိနစ်မှာ ဟိုင်နန်ကျွန်းကနေ သယ်ဆောင်သွားတာကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဒုံးပျံ တက်သွားပြီးနောက် ဆယ်မိနစ်အကြာမှာ ဝမ်ကျန်း ဒုတိယထိန်းချုပ်ရေး အပိုင်းကို ဒုံးပျံကနေ ခွဲထုတ်လိုက်တဲ့အခါမှာ ထိန်းချုပ်ရေးစခန်းမှာ ရှိကြတဲ့ ဝန်ထမ်းတွေက ဝမ်းသာအားရ လက်ခုပ်တီး အောင်ပွဲခံကြပါတယ်။ ခုလို ပစ်လွှတ်တာ လုံးဝ အောင်မြင်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ပိုင်ရုပ်မြင်သံကြား သတင်းဌာန CCTV က ပြောပါတယ်။

XS
SM
MD
LG