ရုရှားစစ်တပ်တွေ ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်သွားခဲ့တဲ့အပေါ် ခပ်တင်းတင်းတုံ့ပြန်သွားဖို့အတွက် အနောက်အင်အားကြီးနိုင်ငံတွေက တနင်္ဂနွေနေ့မှာ ပြင်ဆင်နေကြပြီး ရုရှားအစိုးရအနေနဲ့ တပ်တွေကို ပြန်မရုပ်သိမ်းဘူးဆိုရင် စီးပွားရေးဒဏ်ခတ်မှုတွေ၊ သံတမန်ရေးပိတ်ဆို့မှုအပြင် ဥရောပမှာ မဟာမိတ်တပ်ဖွဲ့ရဲ့ ကာကွယ်ရေးတွေကို တိုးမြှင့်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
ရုရှားတပ်တွေက အခုအခါမှာ ခရိုင်းမီးယားဒေသကို အပြည့်အဝထိန်းချုပ်ထားနိုင်လိုက်ပြီး အဲဒီဒေသမှာ ရုရှားတပ်ဖွဲ့ဝင်အင်အား ၆ ထောင်ကျော်ရှိတယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားအစိုးရအဖွဲ့အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ သူ့အနေနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဒီလို ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီးတော့ ရုရှားနိုင်ငံကို အထီးကျန်တဲ့နိုင်ငံဖြစ်အောင်လုပ်သွားဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။ သမ္မတအိုဘားမားဟာ တနင်္ဂနွေနေ့ကတော့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာ မာကယ်လ် (Angela Merkel) ၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် (David Cameron) အပါအဝင် ပိုလန်သမ္မတ Bronislaw Komorowski တို့နဲ့ စကားပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ ယူကရိန်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကိယက်ဗ်မြို့ကို အင်္ဂါနေ့မှာ သွားရောက်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင်ယူကရိန်းနိုင်ငံကို စီးပွားရေးအကူအညီပေးဖို့အတွက် အစီအစဉ်တရပ်ကိုလည်း သမ္မတအိုဘားမားအစိုးရက အခုသီတင်းပတ်မှာ အာရုံစိုက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂပဋိဉာဉ်ကိုကို ချိုးဖောက်နေတာဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ဘရပ်ဆဲလ်စ်မြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် နေတိုးတပ်ဖွဲ့အနေနဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေတယ်လို့လည်း သူက ပြောပါတယ်။
ဗာတီကန်မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စ် (Francis) ကလည်း ယူကရိန်းနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးညှိနှိုင်းကြဖို့ စိန့်ပီတာရင်ပြင်မှာ တနင်္ဂနွေနေ့ နေ့လည်က ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။