သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက် ဗာဂျီးနီးယား ရေဘေး လူ၂၀ ကျော် သေဆုံး


ဂျွန်လ ၂၄ရက်နေ့က ရေလွှမ်းမိုးမှု ဖြစ်ပွားနေသော West Virginia ပြည်နယ် White Sulphur Springs ဒေသ ကို တွေ့ရစဉ်။ (AP Photo/Steve Helber)
ဂျွန်လ ၂၄ရက်နေ့က ရေလွှမ်းမိုးမှု ဖြစ်ပွားနေသော West Virginia ပြည်နယ် White Sulphur Springs ဒေသ ကို တွေ့ရစဉ်။ (AP Photo/Steve Helber)

အမေရိကန် ပြည်ထောင်စု West Virginia ပြည်နယ်မှာ နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြီး ဖြစ်ခဲ့ပြီးတဲ့နောက်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်ထဲမှာရှိတဲ့ ခရိုင် ၄၄ ခုမှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ဒီရေကြီးမှုကြောင့် West Virginia ပြည်နယ်မှာ အခုချိန်ထိ လူ၂၃ ယောက် သေဆုံး ခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှုကတော့ ကျယ်ပြန်ပြီး၊ အလွန်ကို ကြီးမားကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးတွေကို ဆက်လက် အာရုံစိုက်လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Earl Ray Tomblin က သောကြာနေ့က ပြောပါတယ်။

ကြာသာပတေးနေ့က မိုးရေချိန်လက်မ ၂၅ လက်မခန့်အထိ မိုးရွာသွန်းခဲ့ တာကြောင့်၊ ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း နဲ့ အလယ်ပိုင်းတွေမှာ ရှိတဲ့ မြစ်ချောင်းတွေ ရေလျှံပြီး၊ အနီးအနားမှာရှိတဲ့ မြို့တွေ ကို ရေလွှမ်းမိုး ကုန်ပါတယ်။

ခရိုင်ရဲအရာရှိတစ်ယောက်ကတော့ - သူတို့ဆီမှာ အခြေအနေတွေ အတော်ဆိုးဆိုးရွားရွားနဲ့ ကမောက်ကမဖြစ်နေပြီး၊၊ လမ်းတွေ၊ တံတားတွေ ၊ အိမ်တွေ ပြိုကျ ပျက်ဆီးတာတွေ၊ မီးလောင်တာတွေ၊ ရေထဲမျောပါသွား တာတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အမြန်လမ်းမကြီးတွေ မှာလည်း နေရာ အတော် များများလည်း ပျက်စီးခဲ့ပြီး၊ ပလက်ဖောင်းတွေလည်း ပျက်စီးကုန်တယ်လို့ သူက ပြောပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း သောင်းနဲ့ချီပြီး လျှပ်စစ်မီးမရှိဘဲ နေနေရသလို၊ ရာပေါင်း များစွာဟာလည်း သူတို့ရဲ့ နေအိမ်တွေမှာ ပိတ်မိနေကြပါတယ်။ မြို့တခုမှာ တံတား ကျိုးကြလို့ ၊ လူ ၅၀၀ လောက်အဲဒီမြို့ကနေ ထွက်မပြေးနိုင် ဘဲ ဈေးဝယ်စင်တာ တခုအတွင်း ပိတ်မိနေကြသလို၊ တချို့တွေလည်း အိမ်ခေါင်မိုးတွေပေါ်ကို တက်နေ နေရပါတယ်။ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကိုတော့ ပြည်နယ်ရဲ့ ပြည်တွင်းကာကွယ်ရေး အရံ တပ်ဖွဲ့တွေက လုပ်ဆောင် နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG