သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန် ဖမ်းဆီးခံမိသားစု ပါကစ္စတန်က ထွက်ခွာ


တာလီဘန်တွေက ဖမ်းဆီးခံထားရတဲ့ အမေရိကန် နဲ့ ကနေဒါနိုင်ငံသား မိသားစု ( ဒီဇင်ဘာ ၁၉-၂၀၁၆)
တာလီဘန်တွေက ဖမ်းဆီးခံထားရတဲ့ အမေရိကန် နဲ့ ကနေဒါနိုင်ငံသား မိသားစု ( ဒီဇင်ဘာ ၁၉-၂၀၁၆)

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက ၅ နှစ်ကြာ ပြန်ပေးဆွဲထားခဲ့တဲ့ အမေရိကန်နဲ့ ကနေဒါလင်မယား ၂ ယောက် နဲ့ အဲဒီလိုပြန်ပေးဆွဲခံထားရစဉ် အတွင်းမွေးခဲ့တဲ့ သူတို့ကလေး ၃ ယောက်တို့ဟာ ပါကစ္စတန်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို သောကြာနေ့က ထွက်ခွာသွားခဲ့ပါတယ်။

အမေရိကန်ထောက်လှမ်းရေးဆီကရတဲ့သတင်းကနေ ၊ ပါကစ္စတန်တပ်ဖွဲ့တွေက အမေရိကန်နိုင်ငံသား Caitlan Coleman နဲ့ သူမရဲ့ ခင်ပွန်းကနေဒါနိုင်ငံသား Joshua Boyle တို့ကို အာဖဂန်နယ်စပ်နားက Kurram လူမျိုးစုတွေရဲ့ ဒေသကနေ ဗုဒ္ဓဟူးနေ့က ပြန်လည် ကယ်တင်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို သယ်ဆောင်ပြီး ကျန်းမာရေးဆေးစစ်မှုတွေလုပ်ဖို့အတွက် အမေရိကန်လေယာဉ်က အစ္စလာမ် မာဘတ်မြို့က လေတပ်စခန်းမှာ စောင့်ဆိုင်းနေပေမယ့် ခင်ပွန်းဖြစ်တဲ့ Joshua Boyle က သူ့ကို စစ်ဆေးမှာကို စိုးရိမ်တဲ့အတွက် အမေရိကန်လေယာဉ်ပေါ်ကို တက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေးတွေဘက်က ဗီအိုအေကို ပြောပါတယ်။

အဲဒီအစား သူတို့မိသားစုဟာ ဗြိတိန်နိုင်ငံကိုသွားတဲ့ ပါကစ္စတန် အစိုးရလေကြောင်းလိုင်းက လေယာဉ်ပေါ်ကို တက်သွားခဲ့ပါတယ်။ Coleman နဲ့ Bolye တို့ ဟာ ၂၀၁၂ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ လှည့်လည် သွားလာနေတုန်း ပျောက်သွားခဲ့တာဖြစ်ပြီး၊ တာလီဘန်တွေက သူတို့ရဲ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ တာလီဘန်တွေနဲ့ ဆက်နွယ်တဲ့ ဟက်ကာနီကွန်ယက်လက်ထဲကနေ အဲဒီမိသားစုကိုပြန်လည် လွတ်မြောက် လာတဲ့အပေါ်မှာ ချီးကျူးလိုက်ပြီး ဒါဟာ အမေရိကန် နဲ့ ပါကစ္စတန် ဆက်ဆံရေးမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

တာလီဘန် ဖမ်းဆီးခံမိသားစု ပါကစ္စတန်က ထွက်ခွာ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG