သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို နေတိုး လက်နက်တွေပို့


မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တစင်း ယူကရိန်းဘက်က စတင်ပစ်လွှတ်နေပုံ။
မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်တစင်း ယူကရိန်းဘက်က စတင်ပစ်လွှတ်နေပုံ။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အနောက်အုပ်စုနိုင်ငံတွေက လက်နက်တွေ ပို့ပေးနေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က နေတိုးညွန့်ပေါင်းအဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်ဆွေးနွေးပွဲအတွင်း လက်နက်တွေပို့ပေးဖို့ သဘောတူခဲ့ခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒုံးကျည် ကာကွယ်ရေးစနစ်ပါ ပါဝင်တဲ့ အဲဒီလက်နက်တွေကို ဘယ်တိုင်းပြည်တွေက ပို့ပေးတယ်ဆိုတာကိုတော့ ကာကွယ်ရေးဝန်ကြီး Heletey က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

သူပုန်တပ်ဖွဲ့တွေ အခိုင်အမာ ခြေကုတ်ယူထားတဲ့ တိုင်းပြည်အရှေ့ပိုင်းက Donetsk မြို့ လေဆိပ်ကို ထိန်းချုပ်ထားတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

တနင်္လာနေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်မယ့် အီရတ်နိုင်ငံအရေး ဆွေးနွေးပွဲမှာ ယူကရိန်းအရေးကိုပါ ထည့်သွင်းဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အနေနဲ့ ဆွေးနွေးပွဲကို တက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီး တချို့ကို ပြင်ပကို ခေါ်ထုတ်ပြီး ယူကရိန်းအရေးကို ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG