သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စားနပ္ရိကၡာရွားပါးမႈ အဆိုးဆုံးထပ္ႀကဳံႏိုင္ “ကမာၻ႔စားနပ္ရိကၡာေန႔”


ေအာက္တိုဘာလ ၁၆ ရက္ေန႔ဟာ ကမာၻ႔စားနပ္ရိကၡာေန႔ ျဖစ္ပါတယ္။ ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ FAO ကေတာ့ ကမာၻမွာ စားနပ္ရိကၡာက်ပ္တည္းမႈကို အဆိုး႐ြားဆုံး ထပ္ႀကဳံရမယ့္ကိန္း ဆိုက္ေနတယ္လို႔ သတိေပးသြားပါတယ္။ ကမာၻမွာ အစာေရစာ ငတ္မြတ္သူဦးေရက ဒီႏွစ္ ၂၀၂၂ ႏွစ္စမွာ ၂၈၂ သန္းကေန အခု ၃၄၅ သန္းကို ျမင့္တက္သြားတယ္လို႔ ကုလသမဂၢ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔က ေျပာပါတယ္။ အကူအညီလိုအပ္သူ ၁၁၁ သန္းကို ကူညီထားၿပီး၊ ဒီႏွစ္ကုန္မွာ ၁၅၃ သန္းထိ ကူညီေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဒီအတြက္ ရန္ပုံေငြ အေမရိကန္ေဒၚလာ သန္း ၂ ေသာင္း ၄ ေထာင္ လိုအပ္တယ္လို႔ ဆိုပါတယ္။

ရာသီဥတုေျပာင္းလဲမႈနဲ႔ ေကာက္ပဲသီးႏွံ ပ်က္စီးမႈေတြေၾကာင့္ ကမာၻတဝန္းမွာရွိတဲ့ လူသန္းေပါင္းမ်ားစြာဟာ အစာမစားႏိုင္ဘဲ၊ အငတ္ေဘးနဲ႔ ႀကဳံေနရၿပီး အေတာ္မ်ားမ်ားဟာလည္း အဟာရမျပည့္ဝတဲ့ဒဏ္ကို ခံေနရပါတယ္။ ကမာၻေပၚက အဆင္းရဲဆုံး လူဦးေရရဲ႕ ၈၀% ဟာ ေက်းလက္ေဒသမွာ ေနၾကတာျဖစ္ၿပီး၊ သူတို႔ဟာ သဘာဝေဘးအႏၲရာယ္နဲ႔ လူေတြေၾကာင့္ျဖစ္လာတဲ့ ေဘးဒုကၡဒဏ္ေတြကို အဆိုး႐ြားဆုံးခံရတဲ့သူေတြ ျဖစ္တယ္လို႔ ကုလသမဂၢရဲ႕ ကမာၻ႔စားႏွပ္ရိကၡာနဲ႔ လယ္ယာစိုက္ပ်ိဳးေရးအဖြဲ႔ (FAO) က ေျပာပါတယ္။

ကမာၻ႔ၾကက္ေျခနီအဖြဲ႔ရဲ႕ အဆိုအရေတာ့ အာဖရိက အေရွ႕ပိုင္းက ကင္ညာႏိုင္ငံမွာဆိုရင္ မိုးေခါင္ေရရွားတာေတြ ၃ ႏွစ္ ဆက္တိုက္ျဖစ္ေနၿပီး၊ အဲဒီလို မိုးေခါင္ေရရွားတာေၾကာင့္ လူဦး ၃.၁ သန္းေလာက္ဟာ စားနပ္ရိကၡာ မလုံေလာက္မႈ အႏၲရာယ္နဲ႔ ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ေနရတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အာဖရိကတိုက္ အေရွ႕ပိုင္းေဒသ တခုလုံးမွာဆိုရင္လည္း လူဦးေရ ၄.၂ သန္းေလာက္ဟာ အလြန္ကိုစိုးရိမ္စရာ ေကာင္းေလာက္ေအာင္ စားနပ္ရိကၡာ မလုံေလာက္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျခာက္ေသြ႔ၿပီး မိုးေခါင္တဲ့ေဒသ လူသားခ်င္းစာနာမႈဆိုင္ရာ ကြန္ရက္ AHN က ေျပာပါတယ္။ အခုလို မိုးေခါင္ေရရွားမႈေတြ ျဖစ္လာရတာဟာ ရာသီဥတုျဖစ္စဥ္ေတြ ေျပာင္းလဲလာတာေၾကာင့္ ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြ ေျပာပါတယ္။

===== Unicode ==========

အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ကတော့ ကမ္ဘာမှာ စားနပ်ရိက္ခာကျပ်တည်းမှုကို အဆိုးရွားဆုံး ထပ်ကြုံရမယ့်ကိန်း ဆိုက်နေတယ်လို့ သတိပေးသွားပါတယ်။ ကမ္ဘာမှာ အစာရေစာ ငတ်မွတ်သူဦးရေက ဒီနှစ် ၂၀၂၂ နှစ်စမှာ ၂၈၂ သန်းကနေ အခု ၃၄၅ သန်းကို မြင့်တက်သွားတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။ အကူအညီလိုအပ်သူ ၁၁၁ သန်းကို ကူညီထားပြီး၊ ဒီနှစ်ကုန်မှာ ၁၅၃ သန်းထိ ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဒီအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂ သောင်း ၄ ထောင် လိုအပ်တယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ကောက်ပဲသီးနှံ ပျက်စီးမှုတွေကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာဟာ အစာမစားနိုင်ဘဲ၊ အငတ်ဘေးနဲ့ ကြုံနေရပြီး အတော်များများဟာလည်း အဟာရမပြည့်ဝတဲ့ဒဏ်ကို ခံနေရပါတယ်။ ကမ္ဘာပေါ်က အဆင်းရဲဆုံး လူဦးရေရဲ့ ၈၀% ဟာ ကျေးလက်ဒေသမှာ နေကြတာဖြစ်ပြီး၊ သူတို့ဟာ သဘာဝဘေးအန္တရာယ်နဲ့ လူတွေကြောင့်ဖြစ်လာတဲ့ ဘေးဒုက္ခဒဏ်တွေကို အဆိုးရွားဆုံးခံရတဲ့သူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနှပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောပါတယ်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရတော့ အာဖရိက အရှေ့ပိုင်းက ကင်ညာနိုင်ငံမှာဆိုရင် မိုးခေါင်ရေရှားတာတွေ ၃ နှစ် ဆက်တိုက်ဖြစ်နေပြီး၊ အဲဒီလို မိုးခေါင်ရေရှားတာကြောင့် လူဦး ၃.၁ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှု အန္တရာယ်နဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အာဖရိကတိုက် အရှေ့ပိုင်းဒေသ တခုလုံးမှာဆိုရင်လည်း လူဦးရေ ၄.၂ သန်းလောက်ဟာ အလွန်ကိုစိုးရိမ်စရာ ကောင်းလောက်အောင် စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခြောက်သွေ့ပြီး မိုးခေါင်တဲ့ဒေသ လူသားချင်းစာနာမှုဆိုင်ရာ ကွန်ရက် AHN က ပြောပါတယ်။ အခုလို မိုးခေါင်ရေရှားမှုတွေ ဖြစ်လာရတာဟာ ရာသီဥတုဖြစ်စဉ်တွေ ပြောင်းလဲလာတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။

XS
SM
MD
LG