သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားအစာ မလုံလောက်မှု ကုလသမဂ္ဂ စိုးရိမ်


အစားအစာ မလုံလောက်မှု ကုလသမဂ္ဂ စိုးရိမ်
အစားအစာ မလုံလောက်မှု ကုလသမဂ္ဂ စိုးရိမ်

ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စားနပ်ရိက္ခာ ထောက်ပံ့ရေးနဲ့ပတ်သက်လို့ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စိုးရိမ်ကြောင်း တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံမှုအခြေအနေနဲ့ပတ်သက်လို့ WFP က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စားသောက်ကုန်ဈေးတွေ မြင့်တက်နေတာ၊ ရာသီဥတု အရေးပေါ် အခြေအနေတွေ ဖြစ်နေတာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေက လူတွေကို စားရေးသောက်ရေး ပိုပြီး ခက်ခဲလာအောင် ဖန်တီးပေးနေတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဒီအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေဟာ အစားအစာနဲ့ စီးပွားရေး ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပြီး ပြည်ပ ပို့ကုန်တွေအပေါ် မှီခိုနေရတဲ့ အာဖရိကနိုင်ငံတွေမှာ ဖြစ်ပါတယ်။

ဟေတီနိုင်ငံရဲ့ အခြေအနေကလည်းပဲ အလားတူ သတိ ဂရုပြုရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဆင်းရဲမွဲတေတဲ့ ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ် ဇန်န္နဝါရီလအတွင်းက ငလျင်ဒဏ်ကိုလည်း အကြီးအကျယ် ခံခဲ့ရတာပါ။

WFP ရဲ့ အရာရှိ ဂရက်ဂိုရီဘာရို (Gregory Barrow) က တိုင်းပြည်တွေမှာ လူဦးရေ တိုးပွားလာနေတဲ့အတွက် သူတို့ရဲ့ ဝင်ငွေထဲက ၈၀ % ကို အစားအစာတွေ ဝယ်ယူဖို့ အသုံးပြုနေရတယ်လို့ ပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရုံးချုပ်ရှိရာ အီတလီနိုင်ငံ၊ ရောမမြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG