မြန်မာ့ရိုးရာမင်္ဂလာဆောင်ပွဲတွေမှာ သတို့သားနဲ့ သတို့သမီး ကို ရွှေကြိုးတားကြတဲ့ ဓလေ့ထုံးတမ်းလိုပဲ တခြား နိုင်ငံက လူမျိုးတွေမှာလည်း ထူးခြားတဲ့ဓလေ့ထုံးစံအယူအဆတွေရှိကြပါတယ်၊ ဥပမာ မင်္ဂလာ သတို့သမီးကို ပြန်ပေးဆွဲ ဖွက်ထားတာမျိုး၊ သတို့သားနဲ့ သတို့သမီးတို့ရဲ့ ဟန်ပန်အနေအထား ပေါ်မူတည်ပြီး သားသမီး ရရှိမှု တွက်ဆကြတာမျိုး စသဖြင့် ရှိကြပါတယ်၊