သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ကုလ႐ုံးေရွ႕ ထိုင္းေရာက္ျမန္မာေတြဆႏၵျပ


ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ ျမန္မာေတြ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ကုလ႐ံုးေရွ႕ဆႏၵျပၾကစဥ္။ (မတ္ ၇၊၂၀၂၁)

Zawgyi/Unicode

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ႐ွိတဲ့ ကုလသမဂၢ႐ံုးေတြ႐ွိရာ အေဆာက္အဦးေ႐ွ႕မွာ ထိုင္းႏိုင္ငံေရာက္ျမန္မာေတြ ဆႏၵျပခဲ့ၾကပါတယ္။ ေထာင္နဲ႔ခ်ီ႐ွိတဲ့ ဆႏၵျပသူေတြဟာ ေႂကြးေၾကာ္သံေတြ ေၾကြးေၾကာ္၊ သီခ်င္းေတြသီဆိုဆႏၵျပၾကပါတယ္။

ဆႏၵျပၾကသူေတြက အရပ္သားအစိုးရေခါင္းေဆာင္ေတြအပါအဝင္ ဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆိုၾကသလို စစ္အာဏာသိမ္းမႈအဆံုးသတ္ေရး ကုလသမဂၢနဲ႔ ႏုိင္ငံတကာအသိုင္းအဝိုင္းက အကူအညီေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ဆႏၵျပသူအမ်ဳိးသမီးက အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနသူေတြ ဖယ္႐ွားေပးဖုိ႔၊ ေခါင္းေဆာင္ေတြ ျပန္လႊတ္ေပးဖုိ႔ေတာင္းဆိုသလို ျမန္မာႏိုင္ငံလံုၿခံဳေရးအတြက္ ကုလသမဂၢနဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြကူညီဖုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံေရာက္ ျမန္မာတခ်ဳိ႕ကလည္း ျမန္မာႏိုင္ငံ ဒီမိုကေရစီျပန္မရသေရြ႕ တနဂၤေႏြေန႔တိုင္းလာၿပီး ဆႏၵျပမယ္လို႔ ေျပာပါတယ္။

ထိုင္ဝမ္မွာလည္း စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့အေနနဲ႔ ထိုင္ဝမ္ေရာက္ ျမန္မာေတြဒီေန႔ ဆႏၵျပၾကပါတယ္။ အေမရိကန္ႏိုင္ငံသားေတြအေရးေဆာင္႐ြက္ေပးတဲ့ တုိင္ေပၿမိဳ႕ေတာ္က American Institute ေ႐ွ႕မွာ ဆယ္ဂဏန္းေလာက္လာေရာက္ ဆႏၵျပ ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံထဲက ျပည္သူေတြကို တကမာၻလံုးမွာ႐ွိေနတဲ့ ျမန္မာေတြ အားေပးေထာက္ခံေနတယ္ဆိုတာ သိေစခ်င္လို႔ ဆႏၵလာျပရတာျဖစ္တယ္လို႔ တ႐ုတ္လိုေျပာတာျဖစ္ပါတယ္။ စစ္အာဏာသိမ္းသြားသူေတြ ဆင္းသြားတဲ့အထိဖိအားေပးဖို႔ အေမရိကန္အစိုးရကို သူကတိုက္တြန္းသလို စစ္အစိုးရအုပ္ခ်ဳပ္မႈကို ျမန္မာျပည္သူေတြ မလိုလားဘူးဆိုတာ သိေစခ်င္တယ္လို႔ ထိုင္ဝမ္ေရာက္ ျမန္မာဆႏၵျပသူက ေျပာခဲ့တာပါ။ ခုလိုျမန္မာႏိုင္ငံမွာ တပ္မေတာ္ေခါင္းေဆာင္ေတြ အာဏာသိမ္းယူအုပ္ခ်ဳပ္ေနၿပီး ဆႏၵျပသူေတြကို ေသေစတဲ့အထိ ပစ္ခတ္ႏွိမ္ႏွင္းေနတဲ့အေပၚ ဆန္႔က်င္ကန္႔ကြက္တဲ့ဆႏၵျပပြဲေတြ အေမရိကန္ျပည္ေထာင္စု၊ Australia၊ ဂ်ပန္၊ ေတာင္ကိုရီးယားစတဲ့ႏုိင္ငံေတြမွာလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဘန်ကောက်ကုလရုံးရှေ့ ထိုင်းရောက်မြန်မာတွေဆန္ဒပြ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေရှိရာ အဆောက်အဦးရှေ့မှာ ထိုင်းနိုင်ငံရောက်မြန်မာတွေ ဆန္ဒပြခဲ့ကြပါတယ်။ ထောင်နဲ့ချီရှိတဲ့ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ ကြွေးကြော်၊ သီချင်းတွေသီဆိုဆန္ဒပြကြပါတယ်။

ဆန္ဒပြကြသူတွေက အရပ်သားအစိုးရခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုကြသလို စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၂၆ နှစ်အရွယ်ဆန္ဒပြသူအမျိုးသမီးက အာဏာသိမ်းယူ အုပ်ချုပ်နေသူတွေ ဖယ်ရှားပေးဖို့၊ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့တောင်းဆိုသလို မြန်မာနိုင်ငံလုံခြုံရေးအတွက် ကုလသမဂ္ဂနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကူညီဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာတချို့ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီပြန်မရသရွေ့ တနင်္ဂနွေနေ့တိုင်းလာပြီး ဆန္ဒပြမယ်လို့ ပြောပါတယ်။

ထိုင်ဝမ်မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ထိုင်ဝမ်ရောက် မြန်မာတွေဒီနေ့ ဆန္ဒပြကြပါတယ်။ အမေရိကန်နိုင်ငံသားတွေအရေးဆောင်ရွက်ပေးတဲ့ တိုင်ပေမြို့တော်က American Institute ရှေ့မှာ ဆယ်ဂဏန်းလောက်လာရောက် ဆန္ဒပြ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံထဲက ပြည်သူတွေကို တကမ္ဘာလုံးမှာရှိနေတဲ့ မြန်မာတွေ အားပေးထောက်ခံနေတယ်ဆိုတာ သိစေချင်လို့ ဆန္ဒလာပြရတာဖြစ်တယ်လို့ တရုတ်လိုပြောတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းသွားသူတွေ ဆင်းသွားတဲ့အထိဖိအားပေးဖို့ အမေရိကန်အစိုးရကို သူကတိုက်တွန်းသလို စစ်အစိုးရအုပ်ချုပ်မှုကို မြန်မာပြည်သူတွေ မလိုလားဘူးဆိုတာ သိစေချင်တယ်လို့ ထိုင်ဝမ်ရောက် မြန်မာဆန္ဒပြသူက ပြောခဲ့တာပါ။ ခုလိုမြန်မာနိုင်ငံမှာ တပ်မတော်ခေါင်းဆောင်တွေ အာဏာသိမ်းယူအုပ်ချုပ်နေပြီး ဆန္ဒပြသူတွေကို သေစေတဲ့အထိ ပစ်ခတ်နှိမ်နှင်းနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ အမေရိကန်ပြည်ထောင်စု၊ Australia၊ ဂျပန်၊ တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar #BangkokMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG