(Zawgyi/Unicode)
.........................
(Unicode)
မြန်မာအာဏာသိမ်းအကျပ်အတည်းနဲ့ တရုတ်နိုင်ငံ အခန်းကဏ္ဍ
မြန်မာ့အရေးမှာ တရုတ်က ဝင်ပါနေတာဟာ သူ့အကျိုးစီးပွားအတွက် အဓိကရည်ရွယ်ချက်နဲ့ ပါနေတာသာဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောကပြောပါတယ်။ မြန်မာ့အကျပ်အတည်းမှာ တရုတ်ရဲ့ အခန်းကဏ္ဍထက် စစ်ကောင်စီရဲ့ အတွေးအခေါ်နဲ့ပဲ ဆိုင်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။
ဒါပေမယ့် တရုတ်က ဝင်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူထုအနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်ရမှာဖြစ်သလို စစ်ကောင်စီကို ဘယ်သူကပဲ ထောက်ခံသည်ဖြစ်စေ လူထုက မထောက်ခံသရွေ့ တရားဝင်မှု ဘာမှမရှိဘူးလို့လည်း ဒေါက်တာလှကျော်ဇော်ကပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။