သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ ဒီမုိကေရစီ ျပန္ထူေထာင္ေရး ယူေကနဲ႔ အင္ဒိုနီးရွားေဆြးေႏြး


ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Elizabeth Truss နဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi (ဝဲမွယာ) ႏိုဝင္ဘာ ၁၁၊ ၂၀၂၁

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးနဲ႔ အာဆီယံနဲ႔ လက္တြဲလုပ္ေဆာင္ႏိုင္ေရးကိစၥေတြကို ဒီေန႔ အင္ဒိုနီးရွားႏိုင္ငံမွာ ေရာက္ေနတဲ့ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss နဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi တို႔ ေတြ႔ဆုံရာမွာ တျခား ေဒသတြင္း အေရးကိစၥေတြနဲ႔အတူ ထည့္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။

“ျမန္မာႏိုင္ငံ ဒီမိုကေရစီ ျပန္လည္ထူေထာင္ႏိုင္ေရးနဲ႔ အာဆီယံရဲ႕ အခ်က္ ၅ ခ်က္ ပါ ဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ေရး ကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ပါတယ္" လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss က ေျပာပါတယ္။

အာရွေဒသတြင္းႏိုင္ငံေတြနဲ႔ လုံၿခဳံေရးနဲ႔ စီးပြားေရးအရ ပိုၿပီး ပူးေပါင္းေဆာင္ရြက္ဖို႔ ရည္ရြယ္တဲ့ တပတ္ၾကာ ခရီးစဥ္အတြင္း ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss ဟာ မေလးရွားနဲ႔ ထိုင္းႏိုင္ငံကေန အင္ဒိုနီးရွားႏိုင္ငံကို ေရာက္လာတာပါ။

ၿဗိတိန္နဲ႔ အင္ဒိုနီးရွား ႏွစ္ႏိုင္ငံအၾကား ကာကြယ္ေရးနဲ႔ ေရပိုင္နက္လုံျခံဳေရး ပူးေပါင္းေဆာင္ရြက္ဖို႔ ကိစၥေတြကို ေဆြးေႏြးသလို လာမယ့္ႏွစ္ G-20 စီးပြားေရးအင္အားႀကီးႏိုင္ငံ ၂၀ ရဲ႕ အလွည့္က် ဥကၠ႒အျဖစ္ အင္ဒိုနီးရွား တာဝန္ယူမယ့္ကိစၥေတြကို ေဆြးေႏြးခဲ့ပါတယ္။

ယူေကႏိုင္ငံမွာက်င္းပတဲ့ COP26 ကုလသမဂၢရဲ႕ ရာသီဥတုဆိုင္ရာ ညီလာခံမွာ သစ္ေတာေတြ မျပဳန္းတီးေရး ႏိုင္ငံတကာသေဘာတူညီခ်က္ကေန အင္ဒိုနီးရွား ျပန္လည္ ႏုတ္ထြက္ခဲ့တာနဲ႔ ပတ္သက္လို႔လည္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ခုခံ ေျပာဆိုခဲ့ပါတယ္။

ႏိုင္ငံေပါင္း ၁၃၇ ႏိုင္ငံ လက္မွတ္ေရးထိုးတဲ့ သေဘာတူညီခ်က္ဟာ သစ္ေတာျပဳန္းတီးမႈ အၿပီးသတ္ အဆုံးသတ္ႏိုင္ေရးအတြက္ ျပည့္စုံမႈမရွိဘူးဆိုၿပီး အင္ဒိုနီးရွားက ျပန္လည္ ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ထူထောင်ရေး ယူကေနဲ့ အင်ဒိုနီးရှားဆွေးနွေး

မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်နိုင်ရေးကိစ္စတွေကို ဒီနေ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တွေ့ဆုံရာမှာ တခြား ဒေသတွင်း အရေးကိစ္စတွေနဲ့အတူ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးနဲ့ အာဆီယံရဲ့ အချက် ၅ ချက် ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်" လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောပါတယ်။

အာရှဒေသတွင်းနိုင်ငံတွေနဲ့ လုံခြုံရေးနဲ့ စီးပွားရေးအရ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ တပတ်ကြာ ခရီးစဉ်အတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Liz Truss ဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတာပါ။

ဗြိတိန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကာကွယ်ရေးနဲ့ ရေပိုင်နက်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးသလို လာမယ့်နှစ် G-20 စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား တာဝန်ယူမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ယူကေနိုင်ငံမှာကျင်းပတဲ့ COP26 ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ညီလာခံမှာ သစ်တောတွေ မပြုန်းတီးရေး နိုင်ငံတကာသဘောတူညီချက်ကနေ အင်ဒိုနီးရှား ပြန်လည် နုတ်ထွက်ခဲ့တာနဲ့ ပတ်သက်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ခုခံ ပြောဆိုခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၃၇ နိုင်ငံ လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်ဟာ သစ်တောပြုန်းတီးမှု အပြီးသတ် အဆုံးသတ်နိုင်ရေးအတွက် ပြည့်စုံမှုမရှိဘူးဆိုပြီး အင်ဒိုနီးရှားက ပြန်လည် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG