သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးသူေတြကို စစ္တပ္ ႏွိပ္စက္ညႇဥ္းပန္းေၾကာင္း ေအပီေဖာ္ထုတ္ေရးသား


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းလိုက္တဲ့ စစ္တပ္ဟာ ႏိုင္ငံတဝန္း ဖမ္းဆီး ထိန္းသိမ္းထားသူေတြကို စနစ္တက် ညႇဥ္းပန္း ႏွိပ္စက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ေအပီသတင္းဌာနက စုံစမ္းသိရွိရေၾကာင္း ေဖာ္ျပထားပါတယ္။ ညႇဥ္းပန္း ႏွိပ္စက္ခံရသူေတြထဲ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္ေတြနဲ႔ ကေလးငယ္ေတြပါ ပါဝင္တယ္လို႔ ဆိုပါတယ္။

ေက်ာင္းသားလူငယ္ေတြအပါအဝင္ လူတန္းစား အလႊာအသီးသီးက ဖမ္းဆီး ႏွိပ္စက္ခံခဲ့ရသူ ၂၈ ဦးကို ေအပီသတင္းဌာနက ဆက္သြယ္ေမးျမန္းၿပီး သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

စစ္တပ္ရဲ႕ဖမ္းဆီးျခင္းခံရၿပီး ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရတဲ့ ရဟန္းတပါးရဲ႕ ျပန္လည္ ေျပာၾကားခ်က္ကို ကိုးကား ေဖာ္ျပထားတာမွာေတာ့ သူ႔ကို နံပတ္တုတ္ေတြ၊ ေသနတ္ဒင္ေတြနဲ႔ ႐ိုက္ႏွက္တာ၊ ဖားခုန္ ခုန္ခိုင္းတာေတြလုပ္ၿပီး အရွက္ရေအာင္ ႏွိပ္စက္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တျခား ဖမ္းဆီးခံရသူ စာရင္းကိုင္တဦးကလည္း က်ဥ္စက္နဲ႔အတို႔ခံခဲ့ရတယ္လို႔ ေျပာပါတယ္။ ေနာက္ထပ္ ဖမ္းဆီးခံရသူ အႏုပညာရွင္တဦးကေတာ့ သူသတိေမ့လဲသြားတဲ့အတိ နံပတ္တုတ္နဲ႔ ေခါင္းကို အ႐ိုက္ခံခဲ့ရတယ္လို႔ ျပန္လည္ ေျပာျပခဲ့ေၾကာင္း ေအပီသတင္းမွာ ကိုးကား ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာစစ္တပ္ဟာ အက်ဥ္းသားေတြ ေၾကာက္လန႔္သြားေအာင္ လူေသအေလာင္းေတြနဲ႔ ၿခိမ္းေခ်ာက္တာ၊ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကာလအတြင္း က်န္းမာေရးဝန္ထမ္းေတြကို တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့တယ္လို႔ ေအပီသတင္းက ေရးပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ေအာက္တိုဘာလ ၂၇ ရက္ေန႔မွာ ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း အခုခ်ိန္ထိ ေသဆုံးသူ ၁,၂၁၈ ဦးရွိခဲ့ၿပီး ဖမ္းဆီး ထိန္းသိမ္းခံရသူကေတာ့ ၉,၂၈၁ ဦး ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

ဖမ်းဆီးသူတွေကို စစ်တပ် နှိပ်စက်ညှဉ်းပန်းကြောင်း အေပီဖော်ထုတ်ရေးသား

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်တပ်ဟာ နိုင်ငံတဝန်း ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို စနစ်တကျ ညှဉ်းပန်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အေပီသတင်းဌာနက စုံစမ်းသိရှိရကြောင်း ဖော်ပြထားပါတယ်။ ညှဉ်းပန်း နှိပ်စက်ခံရသူတွေထဲ ဆယ်ကျော်သက်အရွယ် လူငယ်တွေနဲ့ ကလေးငယ်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ကျောင်းသားလူငယ်တွေအပါအဝင် လူတန်းစား အလွှာအသီးသီးက ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူ ၂၈ ဦးကို အေပီသတင်းဌာနက ဆက်သွယ်မေးမြန်းပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ရဟန်းတပါးရဲ့ ပြန်လည် ပြောကြားချက်ကို ကိုးကား ဖော်ပြထားတာမှာတော့ သူ့ကို နံပတ်တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်တာ၊ ဖားခုန် ခုန်ခိုင်းတာတွေလုပ်ပြီး အရှက်ရအောင် နှိပ်စက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တခြား ဖမ်းဆီးခံရသူ စာရင်းကိုင်တဦးကလည်း ကျဉ်စက်နဲ့အတို့ခံခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ထပ် ဖမ်းဆီးခံရသူ အနုပညာရှင်တဦးကတော့ သူသတိမေ့လဲသွားတဲ့အတိ နံပတ်တုတ်နဲ့ ခေါင်းကို အရိုက်ခံခဲ့ရတယ်လို့ ပြန်လည် ပြောပြခဲ့ကြောင်း အေပီသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ အကျဉ်းသားတွေ ကြောက်လန့်သွားအောင် လူသေအလောင်းတွေနဲ့ ခြိမ်းချောက်တာ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အေပီသတင်းက ရေးပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တို ဘာလ ၂၇ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခုချိန်ထိ သေဆုံးသူ ၁,၂၁၈ ဦးရှိခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူကတော့ ၉,၂၈၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG