သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

PDF ေထာက္ပံ့မႈစြပ္စြဲခ်က္နဲ႔ သံတြဲမွာ အမ်ုိးသမီးသံုးဦး ဖမ္းဆီးခံထားရ


သံတဲြၿမိဳ႕အျပင္ဘက္ သေျပခ်ဳိင္ေက်းရြာဘက္ ကင္းလွည့္ေနတဲ့ စစ္သားမ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕ေပၚက ၁၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တဦးအပါအဝင္ မိန္းကေလး ေလးေယာက္ကို ျပည္သူကာကြယ္ေရး တပ္ဖြဲ႔ေတြအတြက္ေထာက္ပံံ့တယ္လို႔စြပ္စြဲၿပီး စစ္ေကာင္စီက ဖမ္းဆီးခဲ့ပါတယ္။ အဖမ္းခံရတဲ့ထဲက တေယာက္ကိုျပန္လႊတ္ေပးခဲ့ေပမယ့္ နွစ္ေယာက္ကို အၾကမ္းဖက္တိုက္ဖ်က္ေရးပုဒ္မေတြနဲ႔ သံတြဲ ၿမိဳ႕မရဲစခန္းမွာ တရားစြဲထားပါတယ္။ ေနာက္ထပ္ ဆယ္တန္းေက်ာင္းသူတဦးလည္း စစ္ေဆးခံေနရဆဲျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္၊ သံတြဲၿမိဳ႕ေပၚက ဆယ္တန္းေက်ာင္းသူတဦးအပါအဝင္ မိန္းကေလး ေလးေယာက္ ကို Kpay အေကာင့္ကေန ျပည့္သူကာကြယ္ေရး တပ္ဖြဲ႔ေတြကိုေထာက္ပံံ့တယ္လို႔ စြပ္စြဲၿပီးေတာ့ မေန႔ည ၈ နာရီေလာက္မွာ သံတြဲၿမိဳ႕မ ရဲစခန္းက ဖမ္း ဆီးသြားခဲ့ပါတယ္။
အဲဒီ ေလးေယာက္ထဲက တေယာက္ကိုေတာ့ အေထာက္အထား မခုိင္လံုဘူးဆိုၿပီး ျပန္လႊတ္ေပးခဲ့ပါတယ္။ ဆက္လက္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ထဲမွာ သံတြဲၿမိဳ႕ အမွတ္ ၇ ရပ္ကြက္က အသက္ ၁၇ နွစ္အရြယ္ ဆယ္တန္းေက်ာင္းသူ မသိမ့္ေအးခ်မ္း၊ အမွတ္ ၁ ရပ္ကြက္က ၂၈ ႏွစ္အရြယ္ မတင္စႏၵာဝင္းနဲ႔ ငပလီၿမိဳ႕နယ္ ဇီးျဖဴကုန္းရပ္ကြက္ကအသက္ ၃၅ နွစ္အရြယ္ ေဒၚၿငိမ္းအိျဖဴေက်ာ္တို႔ျဖစ္ပါတယ္။

ဖမ္းဆီးခံရသူ သံုးဦးထဲက မတင္စႏၵာဝင္းနဲ႔ ေဒၚၿငိမ္းအိျဖဴေက်ာ္တို႔ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ ေရး ဥပေဒပုဒ္မ ၅၀၅ (စ) နဲ႔ အမႈဖြင့္ထားၿပီး ၁၀ တန္းေက်ာင္းသူ မသိမ့္ေအးခ်မ္းကိုေတာ့ စစ္ေဆးေနတုန္းျဖစ္တယ္လို႔ သူနဲ႔ ေဆြမ်ိဳးေတာ္စပ္သူတဦးကေျပာပါတယ္။

“မေန႔က ည ၈နာရီေလာက္က သူတို႔ေခၚသြားတယ္။ သူတို႔ စံုစမ္းစရာတခု ရွိလို႔ ဆိုၿပီးေတာ့ က်မတူမေလးက အသက္လည္းမျပည့္ေသး။ ၿပီးရင္ က်မတူမေလးနဲ႔အတူ ေနာက္ထပ္ နွစ္ေယာက္ပါေသးတယ္။ သူတို႔ကေတာ့ အသက္ျပည့္ၿပီေပါ့ေနာ္။ တေယာက္က ၂၈ နွစ္၊ တေယာက္က ၃၅ ႏွစ္ေပါ့။ အဲဒီနွစ္ေယာက္ကိုေတာ့ ၅၀၅ (စ) နဲ႔ စြဲတယ္။ က်မ တူမေလးကိုေတာ့ စံုစမ္းဆဲေပါ့ေနာ္။ သူတို႔ ဒီကေလးက မျဖစ္ႏိုင္ဘူးဆိုတာကို သိတဲ့အတြက္ စံုစမ္းေနတယ္ေပါ့ေနာ္။”

လက္ရွိဖမ္းဆီးစစ္ေဆးခံေနရတဲ့ မသိမ့္ေအးခ်မ္းဟာ ဆယ္တန္းေက်ာင္းသူတဦးျဖစ္ၿပီး မိသားစုဝင္ေတြဟာလည္း ဆင္းရဲတာေၾကာင့္ စြပ္စြဲခံထားရသလို ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႔ကို ေထာက္ပံ့တယ္ဆိုတာ မျဖစ္ႏိုင္ဘူးလို႔လည္း မသိမ့္ေအးခ်မ္းသူရဲ႕ ေဆြမ်ိုးတဦးကေျပာပါတယ္။

“ဘယ္နားလည္မလဲ ဒီအရြယ္နဲ႔။ ေနာက္ ကေလးက အိမ္မွာ ကစားတဲ့အရြယ္ပဲ ရွိေသးတာေလ။ ၿပီးေတာ့ သူက စာဆိုစာ။ တစိုက္မတ္မတ္ပဲလုပ္တာ အျပင္ထြက္ သြားလာတဲ့ ကေလးမ်ိဳးလည္းမဟုတ္ဘူး။ သူ အဲတာေတြ ဘာေတြလည္း စိတ္မဝင္စားဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းစာပဲ သူက စိတ္ဝင္စားတယ္။ မိဘကလည္း ခ်ို႕တည့္တဲ့အတြက္ ေက်ာင္းစာကိုပဲ တစိုက္မတ္မတ္လုပ္တာ။ သူ႔မွာ အေဖမရွိဘူး။ သူ႔အေမက မုန္႔တီေရာင္းတယ္။ ေမာင္နွမသံုးေယာက္ရွိတယ္။ အေဒၚအႀကီးဆံုးနဲ႔ ေမာင္ႏွမသံုးေယာက္နဲ႔ သူ႔အေမနဲ႔ အတူတူေနတယ္။သူ႔အေမက က်န္းမာေရးမေကာင္းလို႔ မေရာင္းတာ သံုးလေလာက္ရွိၿပီ။ ဖုန္းလည္းမရွိဘူး။ တအိမ္လံုးမွာမွ အေဒၚအႀကီးဆံုးမွာပဲ ဖုန္းတလံုးရွိတယ္။”

မသိမ့္ေအးခ်မ္းရဲ႕ နာမည္၊ မွတ္ပံုတင္နံပါတ္ေတြနဲ႔ Kpay အေကာင့္ဖြင့္ၿပီး ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြကို ေထာက္ပံ့ေနတယ္လို႔ ရဲတပ္ဖြဲ႔က စြပ္စြဲေပမယ့္ မသိမ့္ေအးခ်မ္းတို႔ မိသားစုတခုလံုး မွာမွ ဖုန္းတလံုးသာရွိၿပီး အဲဒီနံပါတ္ကလည္း စြပ္စြဲတ့ဲနံပါတ္မဟုတ္ဘူးလို႔ သူ႔ေဆြမ်ိုးတဦးက ေျပာပါတယ္။

လက္ရွိ ဖမ္းဆီးခံထားရတဲ့ မိန္းကေလးသံုးေယာက္နဲ႔ပတ္သက္ၿပီး ဘယ္လိုေဆာင္ ရြက္ေနတယ္ဆိုတာကိုေမးျမန္းဖို႔သံတြဲ ၿမိဳ႕မရဲစခန္းက စခန္းမွဴးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရခိုင္ျပည္နယ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ PDF နဲ႔ ဆက္စပ္တယ္ဆိုၿပီးေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းကလည္း သံတြဲၿမိဳ႕နယ္က လူမႈေရးတက္ႂကြလႈပ္ရွားသူ နွစ္ဦးနဲ႔ လူငယ္စာေရးဆရာတဦး ဖမ္းဆီးၿပီး တရားစြဲဆိုခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


------------

{{Unicode}}


PDF ထောက်ပံ့မှုစွပ်စွဲချက်နဲ့ သံတွဲမှာ အမျိုးသမီးသုံးဦး ဖမ်းဆီးခံထားရ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ၁၇ နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် မိန်းကလေး လေးယောက်ကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေအတွက်ထောက်ပံံ့တယ်လို့စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရတဲ့ထဲက တယောက်ကိုပြန်လွှတ်ပေးခဲ့ပေမယ့် နှစ်ယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ သံတွဲ မြို့မရဲစခန်းမှာ တရားစွဲထားပါတယ်။ နောက်ထပ် ဆယ်တန်းကျောင်းသူတဦးလည်း စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်က ဆယ်တန်းကျောင်းသူတဦးအပါအဝင် မိန်းကလေး လေးယောက် ကို Kpay အကောင့်ကနေ ပြည့်သူကာကွယ်ရေး တပ်ဖွဲ့တွေကိုထောက်ပံံ့တယ်လို့ စွပ်စွဲပြီးတော့ မနေ့ည ၈ နာရီလောက်မှာ သံတွဲမြို့မ ရဲစခန်းက ဖမ်း ဆီးသွားခဲ့ပါတယ်။

အဲဒီ လေးယောက်ထဲက တယောက်ကိုတော့ အထောက်အထား မခိုင်လုံဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ထဲမှာ သံတွဲမြို့ အမှတ် ၇ ရပ်ကွက်က အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း၊ အမှတ် ၁ ရပ်ကွက်က ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်းနဲ့ ငပလီမြို့နယ် ဇီးဖြူကုန်းရပ်ကွက်ကအသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြူကျော်တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးထဲက မတင်စန္ဒာဝင်းနဲ့ ဒေါ်ငြိမ်းအိဖြူကျော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၀၅ (စ) နဲ့ အမှုဖွင့်ထားပြီး ၁၀ တန်းကျောင်းသူ မသိမ့်အေးချမ်းကိုတော့ စစ်ဆေးနေတုန်းဖြစ်တယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူတဦးကပြောပါတယ်။

“မနေ့က ည ၈နာရီလောက်က သူတို့ခေါ်သွားတယ်။ သူတို့ စုံစမ်းစရာတခု ရှိလို့ ဆိုပြီးတော့ ကျမတူမလေးက အသက်လည်းမပြည့်သေး။ ပြီးရင် ကျမတူမလေးနဲ့အတူ နောက်ထပ် နှစ်ယောက်ပါသေးတယ်။ သူတို့ကတော့ အသက်ပြည့်ပြီပေါ့နော်။ တယောက်က ၂၈ နှစ်၊ တယောက်က ၃၅ နှစ်ပေါ့။ အဲဒီနှစ်ယောက်ကိုတော့ ၅၀၅ (စ) နဲ့ စွဲတယ်။ ကျမ တူမလေးကိုတော့ စုံစမ်းဆဲပေါ့နော်။ သူတို့ ဒီကလေးက မဖြစ်နိုင်ဘူးဆိုတာကို သိတဲ့အတွက် စုံစမ်းနေတယ်ပေါ့နော်။”

လက်ရှိဖမ်းဆီးစစ်ဆေးခံနေရတဲ့ မသိမ့်အေးချမ်းဟာ ဆယ်တန်းကျောင်းသူတဦးဖြစ်ပြီး မိသားစုဝင်တွေဟာလည်း ဆင်းရဲတာကြောင့် စွပ်စွဲခံထားရသလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း မသိမ့်အေးချမ်းသူရဲ့ ဆွေမျိုးတဦးကပြောပါတယ်။

“ဘယ်နားလည်မလဲ ဒီအရွယ်နဲ့။ နောက် ကလေးက အိမ်မှာ ကစားတဲ့အရွယ်ပဲ ရှိသေးတာလေ။ ပြီးတော့ သူက စာဆိုစာ။ တစိုက်မတ်မတ်ပဲလုပ်တာ အပြင်ထွက် သွားလာတဲ့ ကလေးမျိုးလည်းမဟုတ်ဘူး။ သူ အဲတာတွေ ဘာတွေလည်း စိတ်မဝင်စားဘူး။ ဘာလို့လဲဆိုတော့ ကျောင်းစာပဲ သူက စိတ်ဝင်စားတယ်။ မိဘကလည်း ချို့တည့်တဲ့အတွက် ကျောင်းစာကိုပဲ တစိုက်မတ်မတ်လုပ်တာ။ သူ့မှာ အဖေမရှိဘူး။ သူ့အမေက မုန့်တီရောင်းတယ်။ မောင်နှမသုံးယောက်ရှိတယ်။ အဒေါ်အကြီးဆုံးနဲ့ မောင်နှမသုံးယောက်နဲ့ သူ့အမေနဲ့ အတူတူနေတယ်။သူ့အမေက ကျန်းမာရေးမကောင်းလို့ မရောင်းတာ သုံးလလောက်ရှိပြီ။ ဖုန်းလည်းမရှိဘူး။ တအိမ်လုံးမှာမှ အဒေါ်အကြီးဆုံးမှာပဲ ဖုန်းတလုံးရှိတယ်။”

မသိမ့်အေးချမ်းရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ Kpay အကောင့်ဖွင့်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေတယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲပေမယ့် မသိမ့်အေးချမ်းတို့ မိသားစုတခုလုံး မှာမှ ဖုန်းတလုံးသာရှိပြီး အဲဒီနံပါတ်ကလည်း စွပ်စွဲတဲ့နံပါတ်မဟုတ်ဘူးလို့ သူ့ဆွေမျိုးတဦးက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ မိန်းကလေးသုံးယောက်နဲ့ပတ်သက်ပြီး ဘယ်လိုဆောင် ရွက်နေတယ်ဆိုတာကိုမေးမြန်းဖို့သံတွဲ မြို့မရဲစခန်းက စခန်းမှူးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း သံတွဲမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးနဲ့ လူငယ်စာရေးဆရာတဦး ဖမ်းဆီးပြီး တရားစွဲဆိုခံထားရပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG