သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU က ျမန္မာကိုေပးထားတဲ့ ကုန္သြယ္ေရးအထူးအခြင့္အေရး ျပန္႐ုပ္ဖို႔ေတာင္းဆို


IndustriAll

{{Zawgyi/Unicode}}

ဥေရာပသမဂၢ (EU) က ျမန္မာႏိုင္ငံကိုေပးထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြကို ျပန္႐ုပ္သိမ္းဖို႔ ကမာၻလုံးဆိုင္ရာ အလုပ္သမားအဖြဲ႔အစည္းေတြက ေတာင္းဆိုထားပါတယ္။ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးနဲ႔ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ဆိုၿပီး အခုလို ေတာင္းဆိုထားၾကတာပါ။ EU က အေရးယူလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဘယ္လိုအက်ိဳးဆက္ေတြ ရွိလာႏိုင္ပါသလဲ ... ဒီအေၾကာင္း ရန္ကုန္ကေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

EU က ျမန္မာႏိုင္ငံကိုေပးထားတဲ့ ကုန္သြယ္ေရး အထူးခံစားခြင့္ေတြကို အျမန္ဆုံး ျပန္႐ုပ္သိမ္းေပးဖို႔ ဥေရာပေကာ္မရွင္၊ ဥေရာပပါလီမန္နဲ႔ ဥေရာပေကာင္စီတို႔ကို Industrial All Europe နဲ႔ Industrial All Global Union အဖြဲ႔ေတြက ေအာက္တိုဘာလ ၂၆ ရက္ေန႔မွာ ေတာင္းဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ အျပစ္မဲ့လူထုကို သတ္ျဖတ္တာ၊ ညႇဥ္းပန္းတာ၊ ေထာင္ခ်တာ စတဲ့ လူသားမဆန္တဲ့ လုပ္ရပ္ေတြကို EU က တုံ႔ျပန္ဖို႔ တာဝန္ရွိတဲ့အတြက္ဆိုၿပီး ကမာၻတဝန္းက အလုပ္သမားအဖြဲ႔ေတြကိုယ္စား ေတာင္းဆိုတာျဖစ္တယ္လို႔ Industrial All အဖြဲ႔ရဲ႕ အဂၤါေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

“အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြဟာ လူ႔သမိုင္းေပၚက အမည္းစက္တခုျဖစ္တယ္” လို႔ ကမာၻလုံးဆိုင္ရာ လုပ္သားသမဂၢ Industrial All ရဲ႕ လက္ေထာက္အေထြေထြအတြင္းေရးမႉးခ်ဳပ္ Kemal Özkan က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
EU အဖြဲ႔ဝင္ႏိုင္ငံေတြက ျမန္မာႏိုင္ငံကိုေပးထားတဲ့ GSP/EPA လို႔ေခၚတဲ့ ကုန္သြယ္ေရး အထူးခံစားခြင့္ေတြကေန ျမန္မာႏိုင္ငံထဲက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ ျမန္မာလုပ္ငန္းရွင္ေတြ အက်ိဳးအျမတ္ေတြ ရေနတာပါ။
EU က ဒီလိုေပးတာဟာ ဖြံ႔ၿဖိဳးဆဲ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရး၊ အလုပ္သမားအခြင့္အေရးေတြ တိုးတက္လာဖို႔ ရည္႐ြယ္ၿပီး ေပးတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ (CTUM) ရဲ႕ ဗဟိုေကာ္မတီဝင္ ေဒၚခိုင္ဇာေအာင္က ေျပာပါတယ္။

“အဲဒီေတာ့ EU ရဲ႕ အေရးယူမႈက EPA ကို႐ုပ္သိမ္းလိုက္မယ္ဆိုရင္ ဘာျဖစ္လာႏိုင္ သလဲဆိုေတာ့ ဒီျမန္မာႏိုင္ငံထဲမွာရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြအေနနဲ႔ EU ကို ပစၥည္း တင္ပို႔တဲ့အခါမွာ ဒါအခြန္ေပးရမယ္ဆိုတာ ျဖစ္လာတာေပါ့ေနာ္။ ဒီ EPA ကို ႐ုပ္သိမ္းတယ္ဆိုတာ ကုမၸဏီေတြ ျမန္မာႏိုင္ငံမွာ မလုပ္နဲ႔ေတာ့ဆိုတဲ့ သေဘာမ်ိဳးမဟုတ္ဘူး။ ကုမၸဏီေတြသည္ EU ကို ကုန္ပစၥည္းတင္ပို႔တဲ့အခါမွာ အခြန္ အရင္ကလို ကင္းလြတ္ခြင့္မရေတာ့ဘူး ဆိုတဲ့သေဘာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ ျမန္မာျပည္မွာ သူတို႔ဆက္လုပ္ေကာင္း လုပ္ႏိုင္မယ္ ဒါေပမဲ့ EU ကိုပို႔လို႔ရွိရင္ေတာ့ သူတို႔အခြန္ေပးရမယ္။”

ျမန္မာႏိုင္ငံက အလုပ္သမားေတြဟာ အၾကမ္းဖက္မႈေတြ၊ ဖိႏွိပ္မႈေတြနဲ႔ စစ္အာဏာရွင္ရဲ႕ ညႇဥ္းပန္းမႈေတြေအာက္မွာ ေနထိုင္ေနရတာေၾကာင့္ ဒီလို ဒီမိုကေရစီမဆန္တဲ့ ရက္စက္တဲ့အာဏာရွင္ကို စီးပြားေရးပိတ္ဆို႔မႈေတြ လုပ္ေပးဖို႔ ျမန္မာႏိုင္ငံတြင္း အလုပ္သမားအဖြဲ႕အစည္းေတြက ေတာင္းဆိုထားေၾကာင္း Industrial All အဖြဲ႕က ေျပာပါတယ္။

အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာပါတဲ့ အလုပ္သမား ၃၀၀,၀၀၀ ေလာက္ အလုပ္ ကေန ထုတ္ပယ္ခံရၿပီး ႏိုင္ငံသားေတြရဲ႕လြတ္လပ္ခြင့္ကို ကန႔္သတ္ခ်ဳပ္ခ်ယ္တာ ထင္ရွားလြန္းေၾကာင္း သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ကုန္သြယ္ေရးအထူးခံစားခြင့္ေတြကို EU ဘက္က ျပန္႐ုတ္သိမ္းမယ့္အစီအစဥ္ အေကာင္အထည္ ေပၚလာၿပီဆိုရင္ ျမန္မာအလုပ္သမားေတြ ထိခိုက္မလားဆိုတဲ့ စိုးရိမ္မႈေတြလည္း ရွိေနတာပါ။

“အခြန္ကို မေပးခ်င္လို႔ ျမန္မာျပည္ကေန စီးပြားေရးလုပ္ငန္းေတြက ရပ္ဆိုင္းၿပီးေတာ့ ထြက္သြားမယ္ဆိုရင္ အဲလိုထြက္သြားတဲ့ လုပ္ငန္းေတြမွာရွိတဲ့ အလုပ္သမားေတြကေတာ့ အလုပ္အကိုင္ေတြ ဆုံးရႈံးႏိုင္တဲ့ အေနအထားရွိပါတယ္။ သို႔ေသာ္လည္း ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္ စီးပြားေရးလုပ္တယ္ဆိုရင္ export/import လုပ္ရင္ အခြန္ေပးရတယ္ဆိုတာ ထုံးစံပဲျဖစ္ပါတယ္။ ဒါေၾကာင့္ EU ကေန ဒီလို႐ုပ္သိမ္းတဲ့ဟာက အလုပ္သမားေတြအေပၚမွာ ထိခိုက္နစ္နာမႈ ရွိမလားဆိုတာနဲ႔ ပတ္သက္ရင္ေတာ့ အလုပ္ရွင္ေတြ၊ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာ ပိုၿပီးေတာ့ မူတည္တယ္လို႔ ေျပာရမွာ ျဖစ္ပါတယ္။”

EU ကေပးထားတဲ့ ကုန္သြယ္ေရး အထူးအခြင့္အေရးကို ျမန္မာႏိုင္ငံက ၂၀၁၃ မွာ စၿပီးရရွိခဲ့တာပါ။ အဲဒီေနာက္ပိုင္းကစလို႔ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူေတြ မ်ားလာၿပီး အလုပ္အကိုင္အေရအတြက္ ၇၀၀,၀၀၀ ေလာက္ ေပၚလာခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ အလုပ္လက္မဲ့ႏႈန္းမ်ားလာတဲ့ ျမန္မာႏိုင္ငံဟာ ၂၀၂၁ ပထမႏွစ္ဝက္အတြင္းမွာ အလုပ္အကိုင္ေပါင္း ၂.၂ သန္းေလာက္ ဆုံးရႈံးခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႔ (ILO) က ဇူလိုင္လ ၁၉ ရက္မွာ ထုတ္ျပန္ထားပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္းမွာ ျမန္မာ့အထည္ခ်ဳပ္က႑ ဆက္ၿပီးရပ္တည္ဖို႔အတြက္ အခက္ခဲျဖစ္ေနၿပီး ဒီအက်ိဳးဆက္ေၾကာင့္ အမ်ိဳးသမီးေတြ ပိုၿပီးေတာ့ ထိခိုက္နစ္နာရပါတယ္။ ႏိုင္ငံေရး မတည္ၿငိမ္ တာေၾကာင့္ တျခား ႏိုင္ငံတာကာလုပ္ငန္းႀကီးေတြလည္း လုပ္ငန္းေတြရပ္ပစ္ၿပီး ျမန္မာႏိုင္ငံကေနထြက္သြားေနၾကၿပီလို႔ အလုပ္သမားအဖြဲ႔အစည္းေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

EU က မြန်မာကိုပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်အရေး ပြန်ရုပ်ဖို့တောင်းဆို

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို ပြန်ရုပ်သိမ်းဖို့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဆိုပြီး အခုလို တောင်းဆိုထားကြတာပါ။ EU က အရေးယူလုပ်ဆောင်ခဲ့မယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ ... ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

EU က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ ဥရောပကော်မရှင်၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့ကို Industrial All Europe နဲ့ Industrial All Global Union အဖွဲ့တွေက အောက်တိုဘာလ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ အပြစ်မဲ့လူထုကို သတ်ဖြတ်တာ၊ ညှဉ်းပန်းတာ၊ ထောင်ချတာ စတဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို EU က တုံ့ပြန်ဖို့ တာဝန်ရှိတဲ့အတွက်ဆိုပြီး ကမ္ဘာတဝန်းက အလုပ်သမားအဖွဲ့တွေကိုယ်စား တောင်းဆိုတာဖြစ်တယ်လို့ Industrial All အဖွဲ့ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ လူ့သမိုင်းပေါ်က အမည်းစက်တခုဖြစ်တယ်” လို့ ကမ္ဘာလုံးဆိုင်ရာ လုပ်သားသမဂ္ဂ Industrial All ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Kemal Özkan က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကိုပေးထားတဲ့ GSP/EPA လို့ခေါ်တဲ့ ကုန်သွယ်ရေး အထူးခံစားခွင့်တွေကနေ မြန်မာနိုင်ငံထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာလုပ်ငန်းရှင်တွေ အကျိုးအမြတ်တွေ ရနေတာပါ။

EU က ဒီလိုပေးတာဟာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတွေ တိုးတက်လာဖို့ ရည်ရွယ်ပြီး ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဗဟိုကော်မတီဝင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“အဲဒီတော့ EU ရဲ့ အရေးယူမှုက EPA ကိုရုပ်သိမ်းလိုက်မယ်ဆိုရင် ဘာဖြစ်လာနိုင် သလဲဆိုတော့ ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ ရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ EU ကို ပစ္စည်း တင်ပို့တဲ့အခါမှာ ဒါအခွန်ပေးရမယ်ဆိုတာ ဖြစ်လာတာပေါ့နော်။ ဒီ EPA ကို ရုပ်သိမ်းတယ်ဆိုတာ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ မလုပ်နဲ့တော့ဆိုတဲ့ သဘောမျိုးမဟုတ်ဘူး။ ကုမ္ပဏီတွေသည် EU ကို ကုန်ပစ္စည်းတင်ပို့တဲ့အခါမှာ အခွန် အရင်ကလို ကင်းလွတ်ခွင့်မရတော့ဘူး ဆိုတဲ့သဘောသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်မှာ သူတို့ဆက်လုပ်ကောင်း လုပ်နိုင်မယ် ဒါပေမဲ့ EU ကိုပို့လို့ရှိရင်တော့ သူတို့အခွန်ပေးရမယ်။”

မြန်မာနိုင်ငံက အလုပ်သမားတွေဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ စစ်အာဏာရှင်ရဲ့ ညှဉ်းပန်းမှုတွေအောက်မှာ နေထိုင်နေရတာကြောင့် ဒီလို ဒီမိုကရေစီမဆန်တဲ့ ရက်စက်တဲ့အာဏာရှင်ကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံတွင်း အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုထားကြောင်း Industrial All အဖွဲ့က ပြောပါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါတဲ့ အလုပ်သမား ၃၀၀,၀၀၀ လောက် အလုပ် ကနေ ထုတ်ပယ်ခံရပြီး နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်တာ ထင်ရှားလွန်းကြောင်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကုန်သွယ်ရေးအထူးခံစားခွင့်တွေကို EU ဘက်က ပြန်ရုတ်သိမ်းမယ့်အစီအစဉ် အကောင်အထည် ပေါ်လာပြီဆိုရင် မြန်မာအလုပ်သမားတွေ ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။

“အခွန်ကို မပေးချင်လို့ မြန်မာပြည်ကနေ စီးပွားရေးလုပ်ငန်းတွေက ရပ်ဆိုင်းပြီးတော့ ထွက်သွားမယ်ဆိုရင် အဲလိုထွက်သွားတဲ့ လုပ်ငန်းတွေမှာရှိတဲ့ အလုပ်သမားတွေကတော့ အလုပ်အကိုင်တွေ ဆုံးရှုံးနိုင်တဲ့ အနေအထားရှိပါတယ်။ သို့သော်လည်း ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် စီးပွားရေးလုပ်တယ်ဆိုရင် export/import လုပ်ရင် အခွန်ပေးရတယ်ဆိုတာ ထုံးစံပဲဖြစ်ပါတယ်။ ဒါကြောင့် EU ကနေ ဒီလိုရုပ်သိမ်းတဲ့ဟာက အလုပ်သမားတွေအပေါ်မှာ ထိခိုက်နစ်နာမှု ရှိမလားဆိုတာနဲ့ ပတ်သက်ရင်တော့ အလုပ်ရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ပိုပြီးတော့ မူတည်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။”

EU ကပေးထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးကို မြန်မာနိုင်ငံက ၂၀၁၃ မှာ စပြီးရရှိခဲ့တာပါ။ အဲဒီနောက်ပိုင်းကစလို့ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ များလာပြီး အလုပ်အကိုင်အရေအတွက် ၇၀၀,၀၀၀ လောက် ပေါ်လာခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အလုပ်လက်မဲ့နှုန်းများလာတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ပထမနှစ်ဝက်အတွင်းမှာ အလုပ်အကိုင်ပေါင်း ၂.၂ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဇူလိုင်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာ့အထည်ချုပ်ကဏ္ဍ ဆက်ပြီးရပ်တည်ဖို့အတွက် အခက်ခဲဖြစ်နေပြီး ဒီအကျိုးဆက်ကြောင့် အမျိုးသမီးတွေ ပိုပြီးတော့ ထိခိုက်နစ်နာရပါတယ်။ နိုင်ငံရေး မတည်ငြိမ် တာကြောင့် တခြား နိုင်ငံတာကာလုပ်ငန်းကြီးတွေလည်း လုပ်ငန်းတွေရပ်ပစ်ပြီး မြန်မာနိုင်ငံကနေထွက်သွားနေကြပြီလို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ကုန်သွယ်အထူးအခွင့်အရေး #ဗွီအိုအေမြန်မာပိုင်း
=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG