သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္တဲ့အဖြဲ႔ေတြကို ဖမ္းဆီးေပးဖို႔ စစ္ေကာင္စီေတာင္းဆိုခ်က္ Interpol ပယ္ခ် 


Interpol Election

[[Zawgyi/Unicode]]

ျပည္ေပရာက္ ျမန္မာအတိုက္အခံအင္အားစုေတြကို ဖမ္းဆီးေပးဖို႔ အာဏာသိမ္းစစ္ေကာင္စီဘက္က အျပည္ျပည္ဆိုင္ရာ ရဲတပ္ဖြဲ႔ (Interpol) ကို အကူအညီေတာင္းခံခဲ့ေပမယ့္ ျပည္တြင္းႏိုင္ငံေရးပဋိပကၡေတြမွာ ဝင္ေရာက္စြက္ဖက္မွာမဟုတ္ဘူးလို႔ Interpol ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး စကၤာပူအေျခစိုက္ Channel News Asia (CNA) သတင္းမွာ ေဖာ္ျပထားပါတယ္။
ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အပါအဝင္ အၾကမ္းဖက္လုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ အဖြဲ႔အစည္းေတြလို႔ စစ္ေကာင္စီဘက္က စြပ္စြဲထားသူေတြကို ႏိုင္ငံတကာအဖြဲ႔အစည္းအသီးသီးက ဝိုင္းဝန္းတိုက္ခိုက္ေပးၾကဖို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ ေတာင္းဆိုအၿပီး ႏွစ္ရက္အၾကာမွာ စစ္ေကာင္စီရဲ႕ ေတာင္းဆိုခ်က္ကို ျငင္းဆန္ခဲ့ေၾကာင္း Interpol အဖြဲ႔က အခုလိုထုတ္ျပန္ခဲ့တာလို႔ CNA သတင္းမွာ ေရးထားပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ အေသးစိတ္သိႏိုင္ဖို႔ CNA က Interpol ကို ဆက္သြယ္ခဲ့ေပမယ့္ အမႈကိစၥ အေသးစိတ္ေတြကို ထုတ္ေဖာ္ ေျပာဆိုလို႔ မရႏိုင္ေၾကာင္း အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ Interpol အေနနဲ႔ ျပည္တြင္းႏိုင္ငံေရးကိစၥေတြျဖစ္တဲ့ အတိုက္အခံအင္အားစုေတြ၊ အစိုးရ၊ ဒါမွမဟုတ္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြကို ဖမ္းဆီးေပးဖို႔ ေတာင္းဆိုလာတာေတြ ကို ကူညီေဆာင္႐ြက္ေပးမွာမဟုတ္ဘူးလို႔ အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ လက္ရွိျမန္မာ့ႏိုင္ငံေရးေအျခေအေနတြနဲ႔ပတ္သက္လို႔ ႏိုင္ငံျခား သံတမန္ေတြကို ဖိတ္ေခၚေျပာၾကားတဲ့ အခမ္းအနားမွာေတာ့ NUG ၊ CRPH နဲ႔ PDF အဖြဲ႔ေတြဟာ အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေဆာင္ေနတဲ့ အဖြဲ႔ေတြအျဖစ္ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က စြပ္စြဲ ေျပာၾကားခဲ့ပါတယ္။
အလားတူပဲ NUG ၊ CRPH ၊ PDF အဖြဲ႔ေတြနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း စစ္ေကာင္စီဟာ အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဴးလြန္ေနတဲ့အဖြဲ႔ျဖစ္တယ္လို႔ တန္ျပန္ စြပ္စြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

စစ်အာဏာသိမ်းဆန့်ကျင်တဲ့အဖွဲ့တွေကို ဖမ်းဆီးပေးဖို့ စစ်ကောင်စီတောင်းဆိုချက် Interpol ပယ်ချ

ပြည်ပေရာက် မြန်မာအတိုက်အခံအင်အားစုတွေကို ဖမ်းဆီးပေးဖို့ အာဏာသိမ်းစစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ကို အကူအညီတောင်းခံခဲ့ပေမယ့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ Interpol ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ကို ကိုးကားပြီး စင်္ကာပူအခြေစိုက် Channel News Asia (CNA) သတင်းမှာ ဖော်ပြထားပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေလို့ စစ်ကောင်စီဘက်က စွပ်စွဲထားသူတွေကို နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းတိုက်ခိုက်ပေးကြဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တောင်းဆိုအပြီး နှစ်ရက်အကြာမှာ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြောင်း Interpol အဖွဲ့က အခုလိုထုတ်ပြန်ခဲ့တာလို့ CNA သတင်းမှာ ရေးထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ CNA က Interpol ကို ဆက်သွယ်ခဲ့ပေမယ့် အမှုကိစ္စ အသေးစိတ်တွေကို ထုတ်ဖော် ပြောဆိုလို့ မရနိုင်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Interpol အနေနဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စတွေဖြစ်တဲ့ အတိုက်အခံအင်အားစုတွေ၊ အစိုးရ၊ ဒါမှမဟုတ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာတာတွေ ကို ကူညီဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ လက်ရှိမြန်မာ့နိုင်ငံရေးအေခြအေနေတွနဲ့ပတ်သက်လို့ နိုင်ငံခြား သံတမန်တွေကို ဖိတ်ခေါ်ပြောကြားတဲ့ အခမ်းအနားမှာတော့ NUG ၊ CRPH နဲ့ PDF အဖွဲ့တွေဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေအဖြစ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။
အလားတူပဲ NUG ၊ CRPH ၊ PDF အဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့အဖွဲ့ဖြစ်တယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။
===========

XS
SM
MD
LG