သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလးမွာ စစ္ေကာင္စီ စစ္ေဆး ဖမ္းဆီးတာေတြ အျပင္းအထန္လုပ္ေန


မႏၱေလးသပိတ္အင္အားစုမွ ဖမ္းဆီးခံရသူ လူငယ္ေလးဦး (ဓာတ္ပံု-မႏၱေလးသပိတ္အင္အားစု)

[[Zawgyi/Unicode]]

မႏၲေလးၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူ ေလးေယာက္ထက္မနည္း ေဖေဖာ္ ဝါရီလ ၉ ရက္ ဗုဒၶဟူးေန႔ညက ဖမ္းဆီးခံခဲ့ရပါတယ္။ မႏၲေလးၿမိဳ႕က မဟာလူမႈကယ္ဆယ္ေရးအဖြဲ႕ ဒုဥကၠ႒အပါအဝင္ ပရဟိတလုပ္သား ၈ ေယာက္ လည္း ဖမ္းဆီးခံရၿပီး ဒီကေန႔မနက္မွာ စစ္ေကာင္စီက ႐ုံးကိုခ်ိတ္ပိတ္သြားခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မႏၲေလးၿမိဳ႕မွာ အခုရက္ပိုင္း လုံၿခဳံေရးတင္းၾကပ္ၿပီး အဖမ္းအဆီးမ်ားေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။
မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္က ရဲမြန္ေတာင္ ၅၄ လမ္းမွာရွိတဲ့ ေနအိမ္တအိမ္ကို စစ္ေကာင္စီတပ္ေတြ ေဖေဖာ္ဝါရီ ၉ ရက္ ေန႔ ညေန ၆ နာရီခြဲဝန္းက်င္ေလာက္မွာ ဝင္ေရာက္ရွာေဖြၿပီး လူငယ္တခ်ိဳ႕ကို ဖမ္းဆီးသြားပါတယ္။ ေသနတ္ေတြနဲ႔ပါ ပစ္ခတ္စီးနင္းၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူ လူငယ္ေတြကို ဖမ္းဆီးသြားတဲ့အေၾကာင္း မႏၲေလးသပိတ္အဖြဲ႕နဲ႔ နီးစပ္တဲ့ ေဒသခံတဦးက ဗြီအိုေအကိုေျပာပါတယ္။

“မေန႔မနက္ပိုင္းက ေသနတ္ ၄ ခ်က္ ေဖာက္ၿပီးဝင္တာပဲ။ က်ေနာ္တို႔ စၾကားတုန္းက ၆ ေယာက္၊ ခုေတာ့ ၄ ေယာက္ျဖစ္သြားၿပီ။ ႐ိုက္ႏွက္ၿပီးဖမ္းတာေတြေရာ ေသနတ္ေဖာက္ၿပီးေတာ့။ ေန႔ခင္းကေတာင္ က်ေနာ္တို႔ ထပ္ၾကားတာက ဒီ ၃၄ လမ္း၊ ၈၆ လမ္းဘက္က ေက်ာင္းတေက်ာင္းမွာ သံဃာ့သမဂၢက ဆရာေတာ္တပါးကိုလည္း ဝင္ဆြဲသြားတယ္လို႔ က်ေနာ္တို႔ ထပ္ၾကားတယ္။”

ဖမ္းဆီးခံရတဲ့ မႏၲေလးသပိတ္အင္အားစုက လူငယ္ေတြကေတာ့ ကိုသူရေအာင္၊ ကိုဖိုးလုံး (ခ) ကိုရဲဇင္ထြန္းနဲ႔ CJ သတင္းေထာက္ေတြျဖစ္တဲ့ ကိုစိုးလင္းေအာင္နဲ႔ ကိုလွမ်ိဳးတို႔ျဖစ္ပါတယ္။ သူတို႔ကို စစ္ေကာင္စီက အၾကမ္းဖက္ ႐ိုက္ႏွက္ဖမ္းဆီးသြားၿပီး ခုအခ်ိန္ထိ ဘယ္ေနရာမွာ ဖမ္းဆီးထားသလဲဆိုတာကို မသိရေသးဘူးလို႔ မႏၲေလးသပိတ္အင္အားစုက ထုတ္ျပန္ထားပါ တယ္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ သံလ်က္ေမာ္ အေနာက္ရပ္ကြက္ကိုလည္း စစ္ေကာင္စီတပ္ေတြက ေဖေဖာ္ဝါရီ ၈ ရက္နဲ႔ ၉ ရက္ေန႔ေတြက လမ္းေတြပိတ္ဆို႔ၿပီး အိမ္ေတြထဲ ဝင္ေရာက္စစ္ေဆးခဲ့စဥ္ ဖမ္းဆီးခံရသူတခ်ိဳ႕ရွိခဲ့ပါတယ္။ သံလ်က္ေမာ္ အေနာက္ရပ္ကြက္မွာရွိတဲ့ မဟာလူမႈကယ္ဆယ္ေရးအဖြဲ႔႐ုံးကို ေဖေဖာ္ဝါရီ ၈ ရက္ေန႔က စစ္ေကာင္စီ လုံၿခဳံေရးေတြက ဝင္ေရာက္စစ္ေဆးၿပီး ပရဟိတအဖြဲ႔ဝင္သုံးဦးကို ဖမ္းဆီးခဲ့ပါတယ္။ ၉ ရက္ေန႔မွာ မဟာလူမႈကယ္ဆယ္ေရးအသင္း ဒုဥကၠ႒အပါအဝင္ ငါးဦး ထပ္ၿပီး ဖမ္းဆီးခံရပါတယ္။ ႐ုံးအေဆာက္အဦးနဲ႔ အသင္းပိုင္ပစၥည္းေတြ အားလုံးကိုပါ ဒီကေန႔ ၁၀ ရက္ေန႔ မနက္ပိုင္းမွာ ခ်ိတ္ပိတ္သိမ္းဆည္းလိုက္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“မေန႔က သံေနာက္မွာဆိုရင္ ၈ ရက္၊ ၉ ရက္ ဝင္ေမြတဲ့ မဟာလူမႈကူညီေရးအသင္းဆိုရင္ ဒီကေန႔ ခ်ိတ္ပိတ္သြားၿပီ။ ဒီမနက္က။ အဲ့မွာက ၈ ေယာက္လည္း ပါသြားတယ္ဗ်။ ဒုဥကၠ႒ အပါအဝင္ အဖြဲ႕ဝင္ ၈ ေယာက္ပါသြားတယ္ဗ်။ ၿပီးေတာ့ ဒီေန႔မနက္က်မွ ႐ုံးကို ခ်ိတ္ပိတ္လိုက္တယ္။ PDF နဲ႔ ဆက္သြယ္လို႔ဆိုၿပီးေတာ့။”
လက္ရွိ မႏၲေလးၿမိဳ႕တြင္းမွာ လမ္းေတြပိတ္ဆို႔ၿပီး စစ္ေဆးရွာေဖြတာေတြ ဆက္တိုက္လုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါ တယ္။

“မႏၲေလးက ခုရက္ပိုင္း ပိုက္စိတ္တိုက္ေပါ့ ဖမ္းတာေတြမ်ားေနတယ္။ မေန႔ကဆိုရင္ သံေနာက္ဆိုရင္ တရပ္ကြက္လုံးကို ပိတ္ၿပီးေတာ့ မနက္ ၇ နာရီေလာက္ေန ညေန ၅ နာရီထိကို ေမႊသြားတာ။ ဖမ္းခံရတဲ့သူေတြလည္း ေတာ္ေတာ္မ်ားတယ္။ အဲ့လိုေတာ့ ရွိတယ္။ အစစ္အေဆးေတြ တင္းၾကပ္ တဲ့အျပင္ကို ထင္မထားတဲ့ရပ္ကြက္ေတြ၊ နာမည္ႀကီးေနတဲ့ရပ္ကြက္ေတြေပါ့ဗ်ာ အဲ့ဒါဆိုရင္ ေလးဘက္ေလးတန္ပိတ္ၿပိးေတာ့ အင္အား ၁၀၀၊ ၂၀၀ နဲ႔ ဝင္ၿပီးေတာ့ စစ္ေတာ့တာပဲဗ်။ အစပိုင္းက ဧည့္ စာရင္းစစ္သလိုလို ဘာလိုလိုနဲ႔ ေနာက္က် ဖုန္းေတြပါစစ္၊ မသကၤာတာရွိရင္ ေခၚသြားေပါ့ဗ်ာ၊ အဲ့လိုေတြ လုပ္တာ။”

မႏၲေလးၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူေတြကို စစ္ေကာင္စီတပ္ေတြက အင္အားသုံး ဖမ္းဆီးတာေတြ၊ ဆႏၵျပသူ ေတြကို အၾကမ္းဖက္ၿဖိဳခြဲတာေတြ ဆက္တိုက္ရွိေနသလို စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူေတြဘက္ကလည္း တတ္ႏိုင္တဲ့နည္း နဲ႔ လႈပ္ရွားမႈေတြကို ဆက္ၿပီးလုပ္သြားမယ္လို႔ ေျပာၾကပါတယ္။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Mandalay #voaburmese #စစ္အာဏာသိမ္းမႈ #မႏၲေလး #မဟာလူမႈကယ္ဆယ္ေရးအဖြဲ႔ #မဟာေအာင္ေျမ #စိုးလင္းေအာင္ #ကိုလွမ်ဳိး #ကိုရဲဇင္ထြန္း #ကိုသူရေအာင္ #ကိုဖိုးလံုး #ဗြီအိုေအျမန္မာပိုင္း
===========

[[Unicode]]

မန္တလေးမှာ စစ်ကောင်စီ စစ်ဆေး ဖမ်းဆီးတာတွေ အပြင်းအထန်လုပ်နေ

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လေးယောက်ထက်မနည်း ဖေဖော် ဝါရီလ ၉ ရက် ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးခံခဲ့ရပါတယ်။ မန္တလေးမြို့က မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌအပါအဝင် ပရဟိတလုပ်သား ၈ ယောက် လည်း ဖမ်းဆီးခံရပြီး ဒီကနေ့မနက်မှာ စစ်ကောင်စီက ရုံးကိုချိတ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးမြို့မှာ အခုရက်ပိုင်း လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးများနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင် ၅၄ လမ်းမှာရှိတဲ့ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၉ ရက် နေ့ ညနေ ၆ နာရီခွဲဝန်းကျင်လောက်မှာ ဝင်ရောက်ရှာဖွေပြီး လူငယ်တချို့ကို ဖမ်းဆီးသွားပါတယ်။ သေနတ်တွေနဲ့ပါ ပစ်ခတ်စီးနင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ဖမ်းဆီးသွားတဲ့အကြောင်း မန္တလေးသပိတ်အဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနေ့မနက်ပိုင်းက သေနတ် ၄ ချက် ဖောက်ပြီးဝင်တာပဲ။ ကျနော်တို့ စကြားတုန်းက ၆ ယောက်၊ ခုတော့ ၄ ယောက်ဖြစ်သွားပြီ။ ရိုက်နှက်ပြီးဖမ်းတာတွေရော သေနတ်ဖောက်ပြီးတော့။ နေ့ခင်းကတောင် ကျနော်တို့ ထပ်ကြားတာက ဒီ ၃၄ လမ်း၊ ၈၆ လမ်းဘက်က ကျောင်းတကျောင်းမှာ သံဃာ့သမဂ္ဂက ဆရာတော်တပါးကိုလည်း ဝင်ဆွဲသွားတယ်လို့ ကျနော်တို့ ထပ်ကြားတယ်။”

ဖမ်းဆီးခံရတဲ့ မန္တလေးသပိတ်အင်အားစုက လူငယ်တွေကတော့ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းနဲ့ CJ သတင်းထောက်တွေဖြစ်တဲ့ ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးတို့ဖြစ်ပါတယ်။ သူတို့ကို စစ်ကောင်စီက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားပြီး ခုအချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီးထားသလဲဆိုတာကို မသိရသေးဘူးလို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါ တယ်။

မဟာအောင်မြေမြို့နယ်၊ သံလျက်မော် အနောက်ရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေက လမ်းတွေပိတ်ဆို့ပြီး အိမ်တွေထဲ ဝင်ရောက်စစ်ဆေးခဲ့စဉ် ဖမ်းဆီးခံရသူတချို့ရှိခဲ့ပါတယ်။ သံလျက်မော် အနောက်ရပ်ကွက်မှာရှိတဲ့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးကို ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်ကောင်စီ လုံခြုံရေးတွေက ဝင်ရောက်စစ်ဆေးပြီး ပရဟိတအဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ၉ ရက်နေ့မှာ မဟာလူမှုကယ်ဆယ်ရေးအသင်း ဒုဥက္ကဋ္ဌအပါအဝင် ငါးဦး ထပ်ပြီး ဖမ်းဆီးခံရပါတယ်။ ရုံးအဆောက်အဦးနဲ့ အသင်းပိုင်ပစ္စည်းတွေ အားလုံးကိုပါ ဒီကနေ့ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က သံနောက်မှာဆိုရင် ၈ ရက်၊ ၉ ရက် ဝင်မွေတဲ့ မဟာလူမှုကူညီရေးအသင်းဆိုရင် ဒီကနေ့ ချိတ်ပိတ်သွားပြီ။ ဒီမနက်က။ အဲ့မှာက ၈ ယောက်လည်း ပါသွားတယ်ဗျ။ ဒုဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၈ ယောက်ပါသွားတယ်ဗျ။ ပြီးတော့ ဒီနေ့မနက်ကျမှ ရုံးကို ချိတ်ပိတ်လိုက်တယ်။ PDF နဲ့ ဆက်သွယ်လို့ဆိုပြီးတော့။”

လက်ရှိ မန္တလေးမြို့တွင်းမှာ လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးရှာဖွေတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါ တယ်။

“မန္တလေးက ခုရက်ပိုင်း ပိုက်စိတ်တိုက်ပေါ့ ဖမ်းတာတွေများနေတယ်။ မနေ့ကဆိုရင် သံနောက်ဆိုရင် တရပ်ကွက်လုံးကို ပိတ်ပြီးတော့ မနက် ၇ နာရီလောက်နေ ညနေ ၅ နာရီထိကို မွှေသွားတာ။ ဖမ်းခံရတဲ့သူတွေလည်း တော်တော်များတယ်။ အဲ့လိုတော့ ရှိတယ်။ အစစ်အဆေးတွေ တင်းကြပ် တဲ့အပြင်ကို ထင်မထားတဲ့ရပ်ကွက်တွေ၊ နာမည်ကြီးနေတဲ့ရပ်ကွက်တွေပေါ့ဗျာ အဲ့ဒါဆိုရင် လေးဘက်လေးတန်ပိတ်ပြိးတော့ အင်အား ၁၀၀၊ ၂၀၀ နဲ့ ဝင်ပြီးတော့ စစ်တော့တာပဲဗျ။ အစပိုင်းက ဧည့် စာရင်းစစ်သလိုလို ဘာလိုလိုနဲ့ နောက်ကျ ဖုန်းတွေပါစစ်၊ မသင်္ကာတာရှိရင် ခေါ်သွားပေါ့ဗျာ၊ အဲ့လိုတွေ လုပ်တာ။”

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံး ဖမ်းဆီးတာတွေ၊ ဆန္ဒပြသူ တွေကို အကြမ်းဖက်ဖြိုခွဲတာတွေ ဆက်တိုက်ရှိနေသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေဘက်ကလည်း တတ်နိုင်တဲ့နည်း နဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးလုပ်သွားမယ်လို့ ပြောကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Mandalay #voaburmese #စစ်အာဏာသိမ်းမှု #မန္တလေး #မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ #မဟာအောင်မြေ #စိုးလင်းအောင် #ကိုလှမျိုး #ကိုရဲဇင်ထွန်း #ကိုသူရအောင် #ကိုဖိုးလုံး #ဗွီအိုအေမြန်မာပိုင်း
===========

XS
SM
MD
LG