သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလာင္စာဆီေတြ ေဈးတက္လို႔ အငွားယာဥ္ေမာင္းေတြေရာ ယာဥ္ပိုင္ရွင္ေတြပါ အခက္ႀကဳံ 


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စက္သုံးဆီေဈးေတြ ဆက္ၿပီးတက္လာတာေၾကာင့္ ရန္ကုန္၊ မႏၲေလးနဲ႔ တခ်ိဳ႕ၿမိဳ႕ႀကီးေတြက တကၠစီ အငွားယာဥ္ေမာင္းအမ်ားစုဟာ တြက္ေျခမကိုက္ေတာ့ဘဲ အလုပ္ရပ္နားလိုက္ရပါတယ္။ တခ်ိဳ႕တကၠစီပိုင္ရွင္ေတြဆိုရင္ ကားေတြေရာင္းၿပီး တျခားလုပ္ငန္းေတြ ေျပာင္းလုပ္ကုန္ၿပီလို႔ တကၠစီယာဥ္ေမာင္းအသင္းေတြက ဗြီအိုေအကိုေျပာပါတယ္။ စက္သုံးဆီေဈးက ဒီေန႔ မတ္လ ၃ ရက္မွာ ၁ လီတာကို က်ပ္ ၂ ေထာင္ေက်ာ္ တဲ့အထိ ေဈးတက္ေနပါတယ္။ ဒီအေျခအေနအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စက္သုံးဆီေဈးေတြ တျဖည္းျဖည္းတက္ေနတာ ဒီေန႔ မတ္လ ၃ ရက္ေန႔မွာ ၁ လီတာကို က်ပ္ ၂ ေထာင္ေက်ာ္ အထိ ေဈးတက္သြားပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ဓါတ္ဆီ 95 ၁ လီတာေဈးက ညေနပိုင္းမွာ ၂,၁၅၀ က်ပ္အထိ ေရာက္ခဲ့ပါတယ္။ ခုလို စက္သုံးဆီေဈးေတြ တက္ေနတာေၾကာင့္ အငွားယာဥ္ေမာင္းအလုပ္က အရင္လို အဆင္မေျပေတာ့ဘူးလို႔ ရန္ကုန္က တကၠစီယာဥ္ေမာင္းေတြက ေျပာပါတယ္။ တကၠစီငွားစီးတဲ့သူ နည္းသြားသလို ဆီးေဈးနဲ႔ အုံနာခေတြေၾကာင့္ အျမတ္က်န္ဖို႔ ႐ုန္းကန္ေနရေၾကာင္း ရန္ကုန္ မီတာတကၠစီ ယာဥ္ေမာင္းမ်ားအသင္းက ကိုထူးခန႔္ေအာင္က ေျပာပါတယ္။

“ဆီေဈးႏႈန္းေတြ ျမင့္တက္လာေတာ့ ရွာသမွ်အကုန္လုံးကိုပဲ ဆီေဈးထဲပဲေရာက္ေနေတာ့၊ ဒီေန႔မနက္ျဖစ္တဲ့ 92 ဆီေဈးဆိုရင္ ၁,၉၁၀ အထိ ခုန္တက္သြားတယ္ဗ်။ အရင္တုန္းကဆိုရင္ က်ေနာ္တရက္ကို ၅၀,၀၀၀ ေလာက္ရွာတယ္ေပါ့။ ဆီကအမ်ားဆုံးကုန္မွ ၁၀,၀၀၀- ၁၂,၀၀၀ အလြန္ဆုံးေပါ့။ အခုက် က်ေနာ္တို႔ ၅၀,၀၀၀ ရွာတယ္ဆိုရင္ ဆီက ၂၅,၀၀၀ ဖိုးေလာက္ျဖစ္သြားၿပီ။ အုံနာေၾကး ႏုတ္လိုက္တယ္ဆိုရင္ ကိုယ့္အတြက္က ဘာမွမရွိေတာ့ဘူးေလ။ အုံနာေတြကလည္း ကားျပင္ဆင္စရိတ္ ျမင့္တက္တယ္ဆိုၿပီး တရက္ကို ၁၈,၀၀၀ အထိ ေတာင္းတဲ့သူေတြရွိတယ္ဗ်။”

အျမတ္မက်န္တဲ့အတြက္ တခ်ိဳ႕တကၠစီ ယာဥ္ေမာင္းေတြက ကားပိုင္ရွင္ဆီ ကားျပန္အပ္ၾကတာေတြ ရွိေနတယ္လို႔ မႏၲေလးတိုင္း အငွားယာဥ္အသင္းက ကိုသားငယ္က ဗြီအိုေအကို ေျပာပါတယ္။

“ဒီမွာက ဘာျဖစ္ေနလဲဆိုေတာ့ ေဈးေျပာလိုက္ရင္ ဧည့္သည္က ေဈးမ်ားတယ္ဆိုတဲ့ အေနအထားတခုကို ေတာ္ေတာ္မ်ားမ်ား ေျပာေနၾကတယ္။ က်ေနာ္တို႔ကလည္း ဟိုနားဒီနားသြားရင္ ဆီကေအာက္ထစ္က ၁၅,၀၀၀ ဖိုးေလာက္ထည့္မွ သြားလို႔ရတဲ့ အေနအထား ျဖစ္ေနတယ္။ ေဈးေျပာလိုက္ရင္ ဟင္..ဟုတ္လားဆိုၿပီး ဖုန္းျပန္ခ်… အဲဒီေတာ့ က်ေနာ္တို႔ ဘာျပန္လုပ္ရလဲဆိုေတာ့ အမကဘယ္ေလာက္ ေပးခ်င္လို႔လဲဆိုၿပီး သူတို႔ကို ေဈးေပးခိုင္းရတဲ့ အေနအထားမွာ ေရာက္ေနတယ္။ ရန္ကုန္မွာလည္း က်ေနာ္တို႔ မိတ္ေဆြေတြရွိပါတယ္။ သူတို႔ဆိုလည္း ဒီတကၠစီအလုပ္မျဖစ္ဘဲ ကားျပန္အပ္တာေတြရွိတယ္။ မႏၲေလးမွာဆိုလည္း တကၠစီ လုပ္ငန္းက ကားေတြေတာ္ေတာ္မ်ားမ်ား ျပန္ေရာင္းတာေတြရွိလာတယ္။”

တကၠစီလုပ္ငန္း ေထာင္ထားတဲ့သူေတြလည္း လုပ္ငန္းေျပာင္းလုပ္တာေတြ ရွိေနတယ္လို႔ သူကေျပာပါတယ္။ ၿမိဳ႕ေပၚက အငွားယာဥ္ တကၠစီေတြတင္မဟုတ္ဘဲ ရန္ကုန္-ေနျပည္ေတာ္၊ မႏၲေလး-မုံ႐ြာ၊ စစ္ကိုင္း-ကခ်င္ စသျဖင့္ တၿမိဳ႕နဲ႔တၿမိဳ႕ စုေပါင္းေျပးဆြဲေနတဲ့ တကၠစီလုပ္ငန္းေတြလည္း ဓါတ္ဆီေဈးတက္လို႔ ယာဥ္စီးခေတြ တက္ေနပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အငွားယာဥ္လိုင္စင္နဲ႔ ေျပးဆြဲေနတဲ့ တကၠစီအစီးေရက ၇၀,၀၀၀ နဲ႔ ၈၀,၀၀၀ ၾကားမွာရွိတယ္လို႔ တကၠစီ အသင္းအဖြဲ႕ေတြက ဗြီအိုေအကိုေျပာပါတယ္။

တကၠစီအငွားယာဥ္ထဲမွာ CNG သဘာဝဓာတ္ေငြ႕ထည့္ၿပီး ေမာင္းလို႔ရတဲ့ကားေတြက အခုလိုဓာတ္ဆီေတြ ေဈးတက္ေနခ်ိန္မွာ တြက္ေျခကိုက္တယ္လို႔ ေျပာၾကေပမဲ့လည္း သဘာဝဓာတ္ေငြ႕ထည့္ဖို႔ ဆီဆိုင္မွာ အခ်ိန္ေပးၿပီးေစာင့္ရတာ၊ အုံနာခ ပိုေပးရတာ ေတြေၾကာင့္ သိပ္ေတာ့ အေၾကာင္းမထူးဘူးလို႔ တကၠစီယာဥ္ေမာင္းတခ်ိဳ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံက တခ်ိဳ႕ေနရာေတြမွာ လုံၿခဳံေရးမတည္ၿငိမ္တာ၊ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္တာေတြေၾကာင့္ ၿမိဳ႕ႀကီးေတြထက္စာရင္ အရင္ကတည္းက ဓါတ္ဆီေဈး အဆေပါင္းမ်ားစြာ တက္ေနတာပါ။ ၿပီးခဲ့တဲ့တပတ္ကဆိုရင္ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕ဘက္မွာ ဓာတ္ဆီတဂါလံကို က်ပ္ ၄၀,၀၀၀ အထိ ေဈးတက္ခဲ့ပါတယ္။

ကမာၻေပၚမွာ ေလာင္စာဆီ အဓိကတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံတခုျဖစ္တဲ့ ႐ုရွားႏိုင္ငံက ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္ေနတာေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းလည္း ျမင့္တက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

လောင်စာဆီတွေ ဈေးတက်လို့ အငှားယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေပါ အခက်ကြုံ

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ ဆက်ပြီးတက်လာတာကြောင့် ရန်ကုန်၊ မန္တလေးနဲ့ တချို့မြို့ကြီးတွေက တက္ကစီ အငှားယာဉ်မောင်းအများစုဟာ တွက်ခြေမကိုက်တော့ဘဲ အလုပ်ရပ်နားလိုက်ရပါတယ်။ တချို့တက္ကစီပိုင်ရှင်တွေဆိုရင် ကားတွေရောင်းပြီး တခြားလုပ်ငန်းတွေ ပြောင်းလုပ်ကုန်ပြီလို့ တက္ကစီယာဉ်မောင်းအသင်းတွေက ဗွီအိုအေကိုပြောပါတယ်။ စက်သုံးဆီဈေးက ဒီနေ့ မတ်လ ၃ ရက်မှာ ၁ လီတာကို ကျပ် ၂ ထောင်ကျော် တဲ့အထိ ဈေးတက်နေပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ တဖြည်းဖြည်းတက်နေတာ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ၁ လီတာကို ကျပ် ၂ ထောင်ကျော် အထိ ဈေးတက်သွားပါတယ်။ ရန်ကုန်မြို့မှာ ဓါတ်ဆီ 95 ၁ လီတာဈေးက ညနေပိုင်းမှာ ၂,၁၅၀ ကျပ်အထိ ရောက်ခဲ့ပါတယ်။ ခုလို စက်သုံးဆီဈေးတွေ တက်နေတာကြောင့် အငှားယာဉ်မောင်းအလုပ်က အရင်လို အဆင်မပြေတော့ဘူးလို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။ တက္ကစီငှားစီးတဲ့သူ နည်းသွားသလို ဆီးဈေးနဲ့ အုံနာခတွေကြောင့် အမြတ်ကျန်ဖို့ ရုန်းကန်နေရကြောင်း ရန်ကုန် မီတာတက္ကစီ ယာဉ်မောင်းများအသင်းက ကိုထူးခန့်အောင်က ပြောပါတယ်။

“ဆီဈေးနှုန်းတွေ မြင့်တက်လာတော့ ရှာသမျှအကုန်လုံးကိုပဲ ဆီဈေးထဲပဲရောက်နေတော့၊ ဒီနေ့မနက်ဖြစ်တဲ့ 92 ဆီဈေးဆိုရင် ၁,၉၁၀ အထိ ခုန်တက်သွားတယ်ဗျ။ အရင်တုန်းကဆိုရင် ကျနော်တရက်ကို ၅၀,၀၀၀ လောက်ရှာတယ်ပေါ့။ ဆီကအများဆုံးကုန်မှ ၁၀,၀၀၀- ၁၂,၀၀၀ အလွန်ဆုံးပေါ့။ အခုကျ ကျနော်တို့ ၅၀,၀၀၀ ရှာတယ်ဆိုရင် ဆီက ၂၅,၀၀၀ ဖိုးလောက်ဖြစ်သွားပြီ။ အုံနာကြေး နုတ်လိုက်တယ်ဆိုရင် ကိုယ့်အတွက်က ဘာမှမရှိတော့ဘူးလေ။ အုံနာတွေကလည်း ကားပြင်ဆင်စရိတ် မြင့်တက်တယ်ဆိုပြီး တရက်ကို ၁၈,၀၀၀ အထိ တောင်းတဲ့သူတွေရှိတယ်ဗျ။”

အမြတ်မကျန်တဲ့အတွက် တချို့တက္ကစီ ယာဉ်မောင်းတွေက ကားပိုင်ရှင်ဆီ ကားပြန်အပ်ကြတာတွေ ရှိနေတယ်လို့ မန္တလေးတိုင်း အငှားယာဉ်အသင်းက ကိုသားငယ်က ဗွီအိုအေကို ပြောပါတယ်။

“ဒီမှာက ဘာဖြစ်နေလဲဆိုတော့ ဈေးပြောလိုက်ရင် ဧည့်သည်က ဈေးများတယ်ဆိုတဲ့ အနေအထားတခုကို တော်တော်များများ ပြောနေကြတယ်။ ကျနော်တို့ကလည်း ဟိုနားဒီနားသွားရင် ဆီကအောက်ထစ်က ၁၅,၀၀၀ ဖိုးလောက်ထည့်မှ သွားလို့ရတဲ့ အနေအထား ဖြစ်နေတယ်။ ဈေးပြောလိုက်ရင် ဟင်..ဟုတ်လားဆိုပြီး ဖုန်းပြန်ချ… အဲဒီတော့ ကျနော်တို့ ဘာပြန်လုပ်ရလဲဆိုတော့ အမကဘယ်လောက် ပေးချင်လို့လဲဆိုပြီး သူတို့ကို ဈေးပေးခိုင်းရတဲ့ အနေအထားမှာ ရောက်နေတယ်။ ရန်ကုန်မှာလည်း ကျနော်တို့ မိတ်ဆွေတွေရှိပါတယ်။ သူတို့ဆိုလည်း ဒီတက္ကစီအလုပ်မဖြစ်ဘဲ ကားပြန်အပ်တာတွေရှိတယ်။ မန္တလေးမှာဆိုလည်း တက္ကစီ လုပ်ငန်းက ကားတွေတော်တော်များများ ပြန်ရောင်းတာတွေရှိလာတယ်။”

တက္ကစီလုပ်ငန်း ထောင်ထားတဲ့သူတွေလည်း လုပ်ငန်းပြောင်းလုပ်တာတွေ ရှိနေတယ်လို့ သူကပြောပါတယ်။ မြို့ပေါ်က အငှားယာဉ် တက္ကစီတွေတင်မဟုတ်ဘဲ ရန်ကုန်-နေပြည်တော်၊ မန္တလေး-မုံရွာ၊ စစ်ကိုင်း-ကချင် စသဖြင့် တမြို့နဲ့တမြို့ စုပေါင်းပြေးဆွဲနေတဲ့ တက္ကစီလုပ်ငန်းတွေလည်း ဓါတ်ဆီဈေးတက်လို့ ယာဉ်စီးခတွေ တက်နေပါတယ်။

ရန်ကုန်မြို့မှာ အငှားယာဉ်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ တက္ကစီအစီးရေက ၇၀,၀၀၀ နဲ့ ၈၀,၀၀၀ ကြားမှာရှိတယ်လို့ တက္ကစီ အသင်းအဖွဲ့တွေက ဗွီအိုအေကိုပြောပါတယ်။

တက္ကစီအငှားယာဉ်ထဲမှာ CNG သဘာဝဓာတ်ငွေ့ထည့်ပြီး မောင်းလို့ရတဲ့ကားတွေက အခုလိုဓာတ်ဆီတွေ ဈေးတက်နေချိန်မှာ တွက်ခြေကိုက်တယ်လို့ ပြောကြပေမဲ့လည်း သဘာဝဓာတ်ငွေ့ထည့်ဖို့ ဆီဆိုင်မှာ အချိန်ပေးပြီးစောင့်ရတာ၊ အုံနာခ ပိုပေးရတာ တွေကြောင့် သိပ်တော့ အကြောင်းမထူးဘူးလို့ တက္ကစီယာဉ်မောင်းတချို့က ပြောပါတယ်။

မြန်မာနိုင်ငံက တချို့နေရာတွေမှာ လုံခြုံရေးမတည်ငြိမ်တာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာတွေကြောင့် မြို့ကြီးတွေထက်စာရင် အရင်ကတည်းက ဓါတ်ဆီဈေး အဆပေါင်းများစွာ တက်နေတာပါ။ ပြီးခဲ့တဲ့တပတ်ကဆိုရင် ကချင်ပြည်နယ် ပူတာအိုမြို့ဘက်မှာ ဓာတ်ဆီတဂါလံကို ကျပ် ၄၀,၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လောင်စာဆီ အဓိကတင်ပို့ရောင်းချတဲ့ နိုင်ငံတခုဖြစ်တဲ့ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းလည်း မြင့်တက်နေပါတယ်။
===============

XS
SM
MD
LG