သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်က CDM လုပ်သူတွေကို ခိုလှုံခွင့်ဗီဇာနဲ့ သြစတြေးလျ လက်ခံ

နေပြည်တော်ရှိ လမ်းတွေကို စစ်ကားများနဲ့ လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖဖော်ဝါရီ ၀၁၊ ၂၀၂၁)
နေပြည်တော်ရှိ လမ်းတွေကို စစ်ကားများနဲ့ လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖဖော်ဝါရီ ၀၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

သြစတြးလျအစိုးရအနေနဲ့ မြန်မာစစ်တပ်က ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ဗီဇာနဲ့လက်ခံလိုက်တာအတွက် NUG ကိုယ်စားလှယ်က ကြိုဆိုလိုက်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အခုလို စစ်တပ်ကပြေးလာသူတွေကို လက်ခံပေးဖို့ သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်အစိုးရတွေကို တောင်းဆိုရေး NUG က ညွှန်ကြားထားတယ်လို့ The Age သတင်းစာကိုပြောပါတယ်။

အခုလို စစ်တပ်ကထွက်ပြေးလာသူတွေကို အကာအကွယ်သဘော ခိုလူံခွင့်ပေးလာတာကို အနောက်နိုင်ငံတွေ လိုက်လုပ်ပေးလို့ရှိရင် မြန်မာစစ်တပ်ကနေ ထွက်ပြေးသူများလာပြီး အင်အားနည်းသွားစေနိုင်တယ်လို့ ဒေါက်တာထွန်းအောင်ရွှေက ဆက်ပြောပါတယ်။

ဒါပေမယ့် သြစတျေးလျ ပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုလို ဗီဇာကိစ္စဖြစ်ဖြစ်၊ အဖွဲ့လိုက် ဒါမှမဟုတ် လူတဦးချင်းအတွက် လူသားချင်းစာနာမူဆိုင်ရာ ပြန်လည် အခြေချရေး မျှော်လင့်ချက်ကိစ္စပဲဖြစ်ဖြစ် တုံ့ပြန်ဖြေကြားဖို့ မရှိပါဘူးလို့ ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။

မနှစ်က မြန်မာစစ်အာဏာသိမ်းအပြီး စစ်တပ်ကထွက်ပြေးလာသူတချို့ နယ်စပ်တွေကို ရောက်လာခဲ့ရာမှာ အခု သြစတြေးလျမှာ ခိုလှုံခွင်ဗီဇာ လျှောက်ပီးရောက် လာခဲ့တဲ့ စစ်သည်ဟောင်း ၂ ဦးကတော့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေလုံခြုံရေးအတွက် သူတို့အမည်မဖော်လိုပါဘူးလို့ အင်တာဗျူးခဲ့တဲ့ The Age သတင်းစာကို ပြောခဲ့ပါတယ်။

ဒီအထဲက ဗိုလ်ကြီးအဆင့်ရှိခဲ့သူကတော့ သူ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်ကို မပြေးလာခင်ကတည်းက အရပ်သားတွေကို ပစ်သတ်တာမခံနိုင်လို့ ခုခံရေးအဖွဲ့တွေဘက် ပြောင်းခဲ့ပြီး အခုတော့ လုံခြုံရာအရပ်မှာ ဘဝသစ်စချင်ပြီလို့ ပြောပါတယ် ခင်ဗျာ။

မြန်မာစစ်တပ်က CDM လုပ်သူတွေကို ခိုလှုံခွင့်ဗီဇာနဲ့ သြစတြေးလျ လက်ခံ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]









=================

​
XS
SM
MD
LG