သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေပ်ာက္ဆုံးေနတဲ့ TNP ဥကၠဌ နဲ႔ မိသားစုဘယ္ေရာက္ ေနသလဲ


TNP ေခၚ တအန္း (ပေလာင္) အမ်ိဳးသားပါတီရဲ႕ မိုင္းကိုင္ၿမိဳ႕နယ္ဥကၠ႒ မိုင္းႏုမ္ဟန္ (ဓာတ္ပံု TNP-Mong Kung)

ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္အတြင္းမွာ TNP ေခၚ တအန္း (ပေလာင္) အမ်ိဳးသားပါတီဥကၠ႒ ဟာ မိသားစုနဲ႔အတူ ေပ်ာက္ဆုံးေနတာ တစ္ပတ္ရွိေနၿပီး အခုခ်ိန္ထိ အဆက္အသြယ္ မရေသးပါဘူး။ ဒီေပ်ာက္ဆုံးမႈကို RCSS ကဖမ္းဆီးထားတယ္လို႔ TNP ပါတီက ယူဆၿပီး ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ စာတင္ထားသလို တအန္း ႏိုင္ငံေရး အတိုင္ပင္ခံေကာင္စီကလည္း တိုင္းရင္းသားအခ်င္းခ်င္း ညီၫြတ္ေရးကို ေရွ႕ရႈၿပီး အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ ရန္ကုန္ကလာတဲ့ TNP ပါတီဥကၠဌ ေပ်ာက္ဆုံးေနတာနဲ႔ ပတ္သက္တဲ့ေနာက္ဆုံးအေျခအေနကို ေဒၚခင္မ်ဳိးသက္ က တင္ျပေပးထားပါတယ္။

မိုင္းကိုင္ၿမိဳ႕နယ္ TNP ေခၚ တအန္း(ပေလာင္) အမ်ိဳးသားပါတီ ဥကၠဌ မိုင္းႏုမ္ဟန္ဟာ သူ႔မိခင္ဈာပနကို သြားေရာက္ၿပီး ဇနီးသည္နဲ႔ ၇လသားအ႐ြယ္ကေလးနဲ႔အတူ မိုင္းကိုင္ကို ျပန္လာစဥ္ တုံေလာ့ေက်း႐ြာအုပ္စု ပန္ေလာ့႐ြာအနီးမွာ အဆက္အသြယ္ျပတ္ ေပ်ာက္ဆုံးခဲ့တာပါ။

မိုင္းႏုမ္ဟန္နဲ႔ မိသားစုဟာ ဒီလ ၁၀ရက္ေန႔က စတင္ၿပီး ေပ်ာက္ဆုံးခဲ့ရာက အခုခ်ိန္ထိ အဆက္အသြယ္မရေသးေၾကာင္းနဲ႔ ၿမိဳ႕နယ္၊ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ JMC ေခၚ အပစ္အခတ္ ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီကိုလည္း စာပို႔ထားေၾကာင္း မိုင္းကိုင္ၿမိဳ႕နယ္ TNP ပါတီရဲ႕ လက္ရွိ အလုပ္အမႈေဆာင္ မိုင္းေအာင္ခမ္းက VOA ကို ေျပာပါတယ္။

“ ခုခ်ိန္ထိ ဘာသတင္းအစအနမွ မရဘူး။ လက္ရွိကေတာ့ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီ က်ေနာ္တို႔ စာတင္ထားတယ္။ ေနာက္ၿပီးေတာ့ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုလည္း စာပို႔ထားတယ္။ ၿမိဳ႕နယ္ေကာ္မရွင္ကိုေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကတည္းကေန စာပို႔ထားတယ္။ အခုခ်ိန္ထိေတာ့ အေၾကာင္း ျပန္ၾကားမႈေတာ့ မရွိေသးဘူးေပါ့။ JMC ကိုလည္း က်ေနာ္တို႔ စာပို႔ထားတယ္။ ဒီေန႔မွ ပို႔ေပးလိုက္တာေပ့ါေနာ္။”

မိုင္းေအာင္ခမ္းက ယခင္ မိုင္းကိုင္ၿမိဳ႕နယ္ TNP ပါတီရဲ႕ ဥကၠဌေဟာင္းလည္း ျဖစ္ပါတယ္။

မိုင္းႏုမ္ဟန္နဲ႔ မိသားစုဟာ လက္နက္ကိုင္ရွမ္းျပည္ျပန္လည္ထူေတာင္ေရးေကာင္စီ RCSS/ SSA ရွမ္းေတာင္ပိုင္းတပ္ရဲ႕ တုံေလာေက်း႐ြာစစ္ေဆးေရးဂိတ္ကို ျဖတ္ၿပီးေနာက္ပိုင္း အဆက္အသြယ္ ျပတ္ခဲ့တာေၾကာင့္ ဒါဟာ RCSS လက္ခ်က္အျဖစ္ စြပ္စြဲတာေတြ ရွိေနပါတယ္။

RCSS ဟာ NCA ေခၚ အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ျဖစ္တာေၾကာင့္ JMC ေခၚ အပစ္အခတ္ ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီကို ထပ္မံ အေၾကာင္းၾကားစာပို႔ခဲ့တာလည္း ျဖစ္ပါတယ္။

RCSS ေျပာေရးဆိုခြင့္ရွိသူကေတာ့ ကေတာ့ မိုင္းႏုမ္ဟန္ ေပ်ာက္ဆုံးတဲ့ေနရာဟာ သူတို႔ ထိန္းခ်ဳပ္နယ္ေျမမွာ ျဖစ္ပြားတာ မဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။

တအန္း ႏိုင္ငံေရးအတိုင္ပင္ခံ ေကာင္စီ အဖြဲ႕ဝင္တစ္ဦးကေတာ့ တိုင္းရင္းသားအခ်င္းခ်င္း ညီၫြတ္ေရးကို ေရွ႕ရႈၿပီး အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

“ တိုင္းရင္းသားေတြ အတူတကြ ယွဥ္တြဲေနထိုင္ဖို႔အတြက္ ဒါေတြက မလုပ္သင့္မလုပ္ထိုက္ဘူး။ အဓိကကေတာ့ ဖမ္းဆီးသြားတဲ့ သူတို႔ မိသားစု ဒါကေတာ့ အျပစ္မဲ့တယ္ေပါ့။ သူရဲ႕အမ်ိဳးသမီးနဲ႔ သူ႔ကေလးေတြေရာ၊ သူေရာ အျမန္ဆုံး ျပန္လႊတ္ေပးေစခ်င္တယ္။ ဒါက က်ေနာ္တို႔ အဓိက အဲဒါ ေတာင္းဆိုခ်င္တယ္။ ေနာက္ေနာင္လည္း ဒီလိုမ်ိဳး ျပႆနာေတြ မျဖစ္ဖို႔ က်ေနာ္တို႔ အားလုံးမွာ တာဝန္ရွိတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းမွာ ဒါ တာဝန္ရွိတယ္။ ဒါကိုလည္း ထိန္းထိန္းသိမ္းသိမ္းလုပ္ေပးဖို႔ေပါ့ အဲဒါ ေတာင္းဆိုခ်င္တယ္။ ”

၂၀၁၅ခုႏွစ္ကလည္း မိုင္းကိုင္ၿမိဳ႕နယ္ ယခင္ TNP ပါတီဥကၠဌနဲ႔ အတြင္းေရးမႈးကို RCSS က ဖမ္းဆီးခဲ့ေၾကာင္းနဲ႔ တစ္လေက်ာ္အၾကာမွ ျပန္လႊတ္ေပးခဲ့ေၾကာင္း တအန္း ႏိုင္ငံေရးအတိုင္ပင္ခံ ေကာင္စီရဲ႕ သေဘာထားထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ RCSS ရွမ္းေတာင္ပိုင္းအဖြဲ႕ဟာ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/ SSA ရွမ္းေျမာက္ပိုင္းအဖြဲ႕၊ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA ပူးေပါင္း မဟာမိတ္အဖြဲ႕ေတြနဲ႔ ရွမ္းျပည္နယ္ မိုင္းကိုင္ၿမိဳ႕နယ္၊ ေက်ာက္မဲ၊ သီေပါၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျဖစ္ေနပါတယ္။

ဒီတိုက္ပြဲေတြေၾကာင့္ မိုင္းကိုင္ၿမိဳ႕ေပၚမွာ စစ္ေျပးဒုကၡသည္ ၂၅၀၀ေလာက္ တိမ္းေရွာင္ေနရသလို ေက်ာက္မဲနဲ႔ သီေပါၿမိဳ႕ေတြမွာလည္း အနည္းဆုံး ၄၀၀ေလာက္ တိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

ပျောက်ဆုံးနေတဲ့ TNP ဥက္ကဌ နဲ့ မိသားစုဘယ်ရောက် နေသလဲ

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းမှာ TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီဥက္ကဋ္ဌဟာ မိသားစုနဲ့အတူ ပျောက်ဆုံးနေတာ တစ်ပတ်ရှိနေပြီး အခုချိန်ထိ အဆက်အသွယ်မရသေးပါဘူး။ ဒီပျောက်ဆုံးမှုကို RCSS ကဖမ်းဆီးထားတယ်လို့ TNP ပါတီက ယူဆပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ စာတင်ထားသလို တအန်း နိုင်ငံရေး အတိုင်ပင်ခံကောင်စီကလည်း တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကို ရှေ့ရှုပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ရန်ကုန်ကလာတဲ့ TNP ပါတီဥက္ကဌ ပျောက်ဆုံးနေတာနဲ့ ပတ်သက်တဲ့နောက်ဆုံးအခြေအနေကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မိုင်းကိုင်မြို့နယ် TNP ခေါ် တအန်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌ မိုင်းနုမ်ဟန်ဟာ သူ့မိခင်ဈာပနကို သွားရောက်ပြီး ဇနီးသည်နဲ့ ၇လသားအရွယ်ကလေးနဲ့အတူ မိုင်းကိုင်ကို ပြန်လာစဉ် တုံလော့ကျေးရွာအုပ်စု ပန်လော့ရွာအနီးမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့တာပါ။

မိုင်းနုမ်ဟန်နဲ့ မိသားစုဟာ ဒီလ ၁၀ရက်နေ့က စတင်ပြီး ပျောက်ဆုံးခဲ့ရာက အခုချိန်ထိ အဆက်အသွယ်မရသေးကြောင်းနဲ့ မြို့နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်နဲ့ JMC ခေါ် အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီကိုလည်း စာပို့ထားကြောင်း မိုင်းကိုင်မြို့နယ် TNP ပါတီရဲ့ လက်ရှိ အလုပ်အမှုဆောင် မိုင်းအောင်ခမ်းက VOA ကို ပြောပါတယ်။

“ ခုချိန်ထိ ဘာသတင်းအစအနမှ မရဘူး။ လက်ရှိကတော့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဆီ ကျနော်တို့ စာတင်ထားတယ်။ နောက်ပြီးတော့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာပို့ထားတယ်။ မြို့နယ်ကော်မရှင်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းကနေ စာပို့ထားတယ်။ အခုချိန်ထိတော့ အကြောင်း ပြန်ကြားမှုတော့ မရှိသေးဘူးပေါ့။ JMC ကိုလည်း ကျနော်တို့ စာပို့ထားတယ်။ ဒီနေ့မှ ပို့ပေးလိုက်တာပေ့ါနော်။”

မိုင်းအောင်ခမ်းက ယခင် မိုင်းကိုင်မြို့နယ် TNP ပါတီရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။

မိုင်းနုမ်ဟန်နဲ့ မိသားစုဟာ လက်နက်ကိုင်ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ RCSS/ SSA ရှမ်းတောင်ပိုင်းတပ်ရဲ့ တုံလောကျေးရွာစစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်ခဲ့တာကြောင့် ဒါဟာ RCSS လက်ချက်အဖြစ် စွပ်စွဲတာတွေ ရှိနေပါတယ်။

RCSS ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တာကြောင့် JMC ခေါ် အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ထပ်မံ အကြောင်းကြားစာပို့ခဲ့တာလည်း ဖြစ်ပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူကတော့ ကတော့ မိုင်းနုမ်ဟန် ပျောက်ဆုံးတဲ့နေရာဟာ သူတို့ ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

တအန်း နိုင်ငံရေးအတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်တစ်ဦးကတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးကို ရှေ့ရှုပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

“ တိုင်းရင်းသားတွေ အတူတကွ ယှဉ်တွဲနေထိုင်ဖို့အတွက် ဒါတွေက မလုပ်သင့်မလုပ်ထိုက်ဘူး။ အဓိကကတော့ ဖမ်းဆီးသွားတဲ့ သူတို့ မိသားစု ဒါကတော့ အပြစ်မဲ့တယ်ပေါ့။ သူရဲ့အမျိုးသမီးနဲ့ သူ့ကလေးတွေရော၊ သူရော အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ ဒါက ကျနော်တို့ အဓိက အဲဒါ တောင်းဆိုချင်တယ်။ နောက်နောင်လည်း ဒီလိုမျိုး ပြဿနာတွေ မဖြစ်ဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းမှာ ဒါ တာဝန်ရှိတယ်။ ဒါကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို့ပေါ့ အဲဒါ တောင်းဆိုချင်တယ်။ ”

၂၀၁၅ခုနှစ်ကလည်း မိုင်းကိုင်မြို့နယ် ယခင် TNP ပါတီဥက္ကဌနဲ့ အတွင်းရေးမှုးကို RCSS က ဖမ်းဆီးခဲ့ကြောင်းနဲ့ တစ်လကျော်အကြာမှ ပြန်လွှတ်ပေးခဲ့ကြောင်း တအန်း နိုင်ငံရေးအတိုင်ပင်ခံ ကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ RCSS ရှမ်းတောင်ပိုင်းအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ရှမ်းမြောက်ပိုင်းအဖွဲ့၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်း မဟာမိတ်အဖွဲ့တွေနဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မိုင်းကိုင်မြို့ပေါ်မှာ စစ်ပြေးဒုက္ခသည် ၂၅၀၀လောက် တိမ်းရှောင်နေရသလို ကျောက်မဲနဲ့ သီပေါမြို့တွေမှာလည်း အနည်းဆုံး ၄၀၀လောက် တိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG