သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican အထက်လွှတ်တော်အမတ် ၄၇ ဦး အီရန်ထံ သတိပေးစာပို့

သမ္မတ Barack Obama နဲ့ ပြုလုပ်နေတဲ့ နျူကလီယားအရေးဆိုင်ရာ ဘယ်သဘောတူညီချက်တိုင်းဟာ သူ ရာထူးက အနားယူတဲ့ ၂ဝ၁၇ ခုနှစ်အထိပဲ အကျုံးဝင်မှာဖြစ်ကြောင်း ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ၄၇ ဦးက အီရန်အစိုးရကို သတိပေးထားတဲ့ အိတ်ဖွင့်ပေးစာကို သမ္မတ အိုဘားမားက ဝေဖန် ပြောကြားလိုက်ပါတယ်။

ရီပတ်ဘလီကန်အမတ်တွေ အခုလို စာရေးလိုက်တဲ့လုပ်ရပ်ဟာ ကံမကောင်း အကြောင်းမလှစွာပဲ အီရန်နိုင်ငံထဲက အစွန်းရောက်ဝါဒီတွေနဲ့ ပူးပေါင်းလိုက်သလိုဖြစ်နေပြီး ဒါဟာ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း တနင်္လာနေ့မှာ သမ္မတ အိုဘားမားက သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး Javad Zarif ကလည်း အဲဒီစာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘဲ ဝါဒဖြန့်ဖို့သက်သက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တကယ်လို့ နောက်တက်လာတဲ့ အမေရိကန်အစိုးရက အရင် ရရှိထားတဲ့ သဘောတူညီချက်တွေကို ပြန်လည် ရုပ်သိမ်းပစ်မယ်ဆိုရင်လည်း အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ပြောင် ချိုးဖောက်ရာရောက်မယ့်အကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

အီရန်နဲ့အမေရိကန်အကြား ဆွေးနွေးပြီး ရရှိလာမယ့် သဘောတူညီချက်ကို အမေရိကန်လွှတ်တော်က အတည်ပြုပေးခြင်းမရှိခဲ့ရင် အဲဒီ သဘောတူညီချက်ဟာ သမ္မတအိုဘားမားနဲ့ အီရန်ခေါင်းဆောင် Ayatollah Ali Khamenei အကြား သမ္မတရဲ့ လုပ်ပိုင်ခွင့်တခုတည်းနဲ့ ရရှိတဲ့ သဘောတူညီချက်ထက် မပိုကြောင်း အီရန်အစိုးရကိုပေးတဲ့ အဲဒီ အိတ်ဖွင့်ပေးစားထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG