သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သူပုန်တွေကို ကန်အစိုးရ ကူညီမည်


ဆီးရီးယားသူပုန်တပ်များ စစ်ရေးလေ့ကျင့်နေစဉ်။
ဆီးရီးယားသူပုန်တပ်များ စစ်ရေးလေ့ကျင့်နေစဉ်။

ဆီးရီးယား အတိုက်အခံအုပ်စုတွေထဲက အယူအစွဲ မပြင်းထန်တဲ့သူတွေ ကို ရွေးထုတ်ပြီး လက်နက်ထောက်ပံ့ဖို့နဲ့ စစ်သင်တန်း ပို့ချပေးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရေး အတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီငွေတွေကို ဆီးရီးယားပြည်သူတွေကို အကာကွယ်ပေးရေး၊ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးရေးနဲ့ အကြမ်းဖက် လုပ်ငန်းတွေကို ထိပ်တိုက် ရင်ဆိုင်ရေးတို့အတွက် အသုံးချသွား မှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရအမျိုးသမီး Caitlin Hayden က ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရ အဖြေရှာလို့ မရနိုင်ပေမယ့် ဆီးရီးယားပြည်သူတွေအနေနဲ့ သမ္မတ အာဆဒ်အစိုးရရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရေးမှာ ဒီငွေတွေကို အသုံးပြုနိုင်မယ်လို့ Ms. Hayden က ပြောပါတယ်။

ဆီးရီယားနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကို အခွင့်ကောင်းယူပြီး တိုင်းပြည်အတွင်းမှာ ခိုလှုံနေကြတဲ့ အစွန်းရောက်သမားတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ တွန်းလှန် တိုက်ထုတ်ပစ်ရမယ်လို့ ပြီးခဲ့တဲ့လအတွင်း အမေရိကန်စစ်တက္ကသိုလ် West Pint က ဘွဲ့နှင်းသဘင် အခမ်းအနားမှာ သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံအတွင်းက ဆူနီးမူဆလင် သူပုန်တွေရဲ့ အကြမ်းဖက်မှုတွေအပေါ် ဆီးရီးယားနိုင်ငံက ဆူနီးမူဆလင်တွေက သြဇာသက်ရောက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG