သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Trump နဲ့ ဆွေးနွေးပွဲ ပျက်နိုင်မည့် အရိပ်လက္ခဏာ မြောက်ကိုးရီးယားဘက်က ပိုပြလာ


အမေရိကန် သမ္မတ Trump (၀ဲ)၊ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un (ယာ)

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ နျူကလီယားလက်နက် အစီစဉ်တွေ ဖျက်သိမ်းဖို့ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ဘက်က ပြင်းထန်တဲ့ပြောကြားချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ ရှေ့လထဲတွေ့ဆုံဖို့ စီစဉ်ထားတာ အတွက် ဖြစ်လာမလာ စောင့်ကြည့်ရမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဖျက်သိမ်းဖို့ ဘာမှ အကြောင်းကြားလာတာ မရှိသေးသလို ဘာမှလည်း မမြင်ရ မကြားရသေးတာမို့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း အချိန်က စကားပြောလာလိမ့်မယ်လို့ သမ္မတ Trump က ဗုဒ္ဓဟူးနေ့က သမ္မတအိမ်ဖြူမှာ ပြောပါတယ်။ မြောက်ကိုရီးယားဘက်က နျူကလီယားလက်နက်ဖျက်သိမ်းဖို့ အမေရိကန်က ဆက်လက်တောင်းဆိုနေကြောင်းလည်း ပြောပါတယ်။

တကယ်လို့ ဇွန်လ ၁၂ ရက် စင်္ကာပူမှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ သမ္မတ Trump က ပြင်ဆင်ထားပြီး မြောက်ကိုရီးယားအပေါ် စီးပွါးရေးဆိုင်ရာ အရေးယူတဲ့ အပြင်းထန်ဆုံး ဖိအားပေးမှုတွေ ဆက်လုပ်နေမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က အစောပိုင်းမှာ ပြောကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းဖို့ တဖက်သတ် ဆက်ပြီးပြောနေမယ် ဆိုရင် ခေါင်းဆောင် ၂ ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ လုပ်မလုပ် ပြန်စဉ်းစားရမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒု နိုင်ငံခြားရေးဝန်ကြီး Kim Kye Gwan က ပြောကြားလိုက်တဲ့ နောက်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ကိစ္စ အတွက် သံသယတွေ ဖြစ်လာရတာပါ။

အမေရိကန်ဘက်က နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွင်း အတင်း ချောင်ပိတ်ပြီး တဖက်သတ်ဖိအားပေးဖို့ ကြိုးစားလာမယ် ဆိုရင် Trump- နဲ့ Kim တို့ရဲံ ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီယားက စိတ်ဝင်စားတော့မှာ မဟုတ်ကြောင်းလည်း Kim ကပြောပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ကတော့ Max Thunder လေ့ကျင့်မှုဟာ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားကို သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အသင့်အနေထားရှိအောင် မြှင့်တင်ပေးဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG