သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်အရာရှိချုပ် John Kelly ရာထူးကနုတ်ထွက်မည်


အိမ်ဖြူတော် အရာရှိချုပ် John Kelly
အိမ်ဖြူတော် အရာရှိချုပ် John Kelly

အိမ်ဖြူတော် အရာရှိချုပ် John Kelly ဒီနှစ်ကုန်မှာ ရာထူးကနေနုတ်ထွက်မယ့်အကြောင်း ဒီကနေ့မှာ သမ္မတ Trump ပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လကတည်းကစပြီး အိမ်ဖြူတော်အရာရှိချုပ်တာဝန်ယူခဲ့တဲ့ Kelly ရဲ့ နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာကို Trump က ချက်ချင်းပြောဆိုခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့်နောက်တရက် ၂ ရက်အတွင်း အစားထိုးမယ့်သူကို ကြေညာမယ့်အကြောင်း သမ္မတ Trump က ပြောဆိုလိုက်ပါတယ်။ Philadelphia မြို့က ကြည်းတပ်-ရေတပ် အမေရိကန် ဘောလုံးကစားပွဲကို သွားကြည့်ဖို့ မထွက်ခွာခင် သမ္မတ Trump က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

Kelly က တော်တဲ့သူအဖြစ် Trump က ချီးကျူးခဲ့ပါတယ်။ ဇန်နဝါရီလကျရင် အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ ထိန်းချုပ်တဲ့အခါ Trump အနေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ကြိုပြင်ဆင်တဲ့အနေနဲ့ ရာထူးနေရာတွေ Trump က ရွှေ့ပြောင်းနေတာပါ။ လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲကျရင် သူပြန်အရွေးခံရဖို့ စည်းရုံးရေးအတွက်လည်း Trump က ဆောင်ရွက်နေတာဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG