သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ယာယီအရာရှိချုပ် သမ္မတ Trump ရွေးချယ်


ပြည်ထောင်စုအစိုးရရုံးရဲ့ စီမန်ခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mick Mulvaney
ပြည်ထောင်စုအစိုးရရုံးရဲ့ စီမန်ခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mick Mulvaney

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့အရာရှိချုပ်အဖြစ် လက်ရှိတာဝန်ယူနေတဲ့ John Kelly ဒီနှစ်ကုန်ပိုင်းကျရင် နုတ်ထွက်သွားတဲ့အခါမှာ သူ့ရဲ့နေရာကို ယာယီအစားထိုးတဲ့အနေနဲ့ ပြည်ထောင်စုအစိုးရရုံးရဲ့ စီမန်ခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mick Mulvaney ကို ခန့်အပ်မယ်လို့ သမ္မတဒေါ်နလ်ထရမ့်က သောကြာနေ့က ကြေညာပါတယ်။

Mick Mulvaney ဟာ တောင်ကယ်ရိုလိုင်းနားပြည်နယ်က ရီပါဘလစ်ကန် အောက် လွှတ်တော် အမတ်ဟောင်း တဦးလည်းဖြစ်ပါတယ်။ အိမ်ဖြူတော်အရာရှိချုပ်ရာထူးက နုတ်ထွက်တော့မယ့် John Kelly ဟာ တိုင်းပြည် တာဝန်ကို ထူးထူးချွန်ချွန် ထမ်းဆောင်ခဲ့သူတဦးဖြစ်ကြောင်းလည်း သမ္မတ ထရမ့်က တွစ်တာလူမှုကွန်ယက် ကနေ တဆင့် ရေးသားဖေါ်ပြပါတယ်။ John Kelly အိမ်ဖြူတော် ကနေ ဒီနှစ်ကုန်ရင်ထွက်မယ်ဆိုတဲ့အကြောင်း ကိုလည်း ပြီးခဲ့တဲ့အပတ်တုန်းကပဲ သမ္မတထရမ့် ကကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကတော့ အိမ်ဖြူတော်အရာရှိချုပ်အသစ်အဖြစ်ခန့်အပ်ဖို့ သမ္မတထရမ့်က ရွေးချယ်ထားတဲ့ Nick Ayers က ဒီတာဝန်ကိုယူဖို့ လက်မခံခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG