သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်သစ်ပင် အိမ်ဖြူတော် ရောက်ရှိ


မစ္စက်စ် အိုဘားမားက သမီးနှစ်ယောက်ဖြစ်သူ ဆာရှာနဲ့ မာလီယာ၊ နောက် အိမ်မွေးခွေး ဘို တို့နဲ့အတူ အိမ်ဖြူတော်ကို ရောက်လာတဲ့ ခရစ္စမတ်သစ်ပင်ကို လှည့်လည် ကြည့်ရှု့နေစဉ်။
အမေရိကန်ရဲ့ ရိုးရာ ကျေးဇူးတော်နေ့အားလပ်ရက်အပြီး နောက်တနေ့မှာပဲ သမ္မတကတော် မီရှဲလ် အိုဘားမားဟာ အိမ်ဖြူတော်အတွက် ခရစ္စမတ်သစ်ပင်ကို လက်ခံရရှိခဲ့ပါတယ်။
မစ္စက်စ် အိုဘားမားက သမီးနှစ်ယောက်ဖြစ်ကြတဲ့ ဆာရှာနဲ့ မာလီယာ၊ နောက် အိမ်မွေးခွေး ဘို တို့နဲ့အတူ ခရစ္စမတ်သစ်ပင်ကို လှည့်လည် ကြည့်ရှု့နေပါတယ်။ ခရစ်စမတ်ထင်းရှုးပင်ရဲ့ အမြင့်က ၁၉ ပေလောက်ရှိပြီး မာလီယာက ဒီလို အမြင့်မျိုး ကို အမြဲ လိုချင်တာဖြစ်ကြောင်း ပြောပါတယ်။

မာလီယာက ဒီသစ်ပင်ကို အရမ်းကြိုက်တယ်လို ပြောပြီးတဲ့အခါမှာ မစ္စက်စ် အိုဘားမားက မိသားစုအားလုံး အကြိုက်တွေ့ သဘောတူကြောင်း လက်မထောင်ပြီး အတည်ပြုပေးလိုက်ပါတယ်။
အခုလို စိမ်းစိုနေတဲ့ ထင်းရှုးပင်အစစ်နဲ့ ခရစ္စမတ်သစ်ပင်မှာ လက်ဆောင်ပစ္စည်းတွေနဲ့ အလှဆင်တဲ့ ဓလေ့ဟာ ၁၆ ရာစုနှစ်မှာ ဂျာမဏီက စတင်ခဲ့တာ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေက ဒါဟာ ဂျီးဇက် ခရိုက်စ် ကို ကိုယ်စားပြုပြီးတော့ ရှင်ပြန်ထမြောက်ခြင်းရဲ့ အထိမ်းအမှတ်အဖြစ် သတ်ဝင်ယုံကြည်ကြပါတယ်။

ဂျာမဏီက ရွှေ့ပြောင်းလာကြသူတွေဆီကနေ ဒီ သက်ဝင်ယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းက အမေရိကန်ဆီမှာ ပြန့်နှံ့ပြီး အစဉ်အဆက် ခရစ္စမတ်ပွဲ ဆင်နွဲလာခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင် ထင်းရှူးပင်အစစ်ရော အတုတွေကိုပါ ရောင်းချပေးတဲ့ စီးပွားရေးလုပ်ငန်းဟာ အမေရိကန်မှာ အတော်လေး တွင်ကျယ်လာနေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဝင်ငွေရရှိတဲ့ လုပ်ငန်းဖြစ်နေတာပါ။

ခရစ္စမတ်သစ်ပင်တွေမှာ မီးလုံးရောင်စုံလေးတွေ၊ အဆင်တန်ဆာတွေနဲ့ မိသားစုလက်ဆောင်ပစ္စည်းတွေကို ချိတ်ဆွဲ အလှဆင်ကြပါတယ်။ ဒါတင်မက ခရစ္စမတ်သစ်ပင်ကြီးရဲ့အောက်မှာလည်း ကလေးတွေက ဘိုးဘိုးဆန်တာကလော့စ်အတွက် ချောကလက်တွေနဲ့ နွားနို့တွေကို ထားပေးတတ်ကြပါတယ်။
XS
SM
MD
LG