သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်ဆက်သွယ်ရေးညွှန်မှူး ရာထူးကနုတ်ထွက်


အမေရိကန်သမ္မတ Donald Trump ရဲ့ အနီးကပ် ယုံကြည်စိတ်ချရဆုံးအရာရှိဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူး Hope Hicks
အမေရိကန်သမ္မတ Donald Trump ရဲ့ အနီးကပ် ယုံကြည်စိတ်ချရဆုံးအရာရှိဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူး Hope Hicks

အမေရိကန်သမ္မတ Donald Trump ရဲ့ အနီးကပ် ယုံကြည်စိတ်ချရဆုံးအရာရှိဖြစ်တဲ့ အိမ်ဖြူတော် ဆက်သွယ်ရေး ညွန်ကြားရေးမှူး Hope Hicks အနေနဲ့ ရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။

၂၀၁၆ သမ္မတရွေးကောက်ပွဲ မတိုင်ခင်ထဲက ခုလို နီးကပ်ယုံကြည်ရဆုံးဖြစ်တဲ့ ညွှန်ကြားရေးမှူး Hicks အနေနဲ့ဒီရွေးကောက်ပွဲအပေါ် ရုရှားဝင်နှောက်ယှက်မူဆိုင်ရာ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ တံခါးပိတ်ကြားနာ စစ်ဆေးပွဲ မှာမေးခွန်းတချို့ ဖြေဆိုဖို့ငြင်းဆန်ခဲ့အပြီး နောက်တနေ့မှာပဲ ခုလိုနုတ်ထွက်ကြောင်း ကြေညာလိုက်တာပါ။

ဒီ အောက်လွတ်တော် ထောက်လှမ်းရေးကော်မတီ အကြီးအကဲ အတိုက်အခံ ဒီမိုကရက် အမတ် Adam Schiff ကတော့ခုလိုနှုတ်ထွက်လိုက်တာကြောင့် ခုံရုံးဆင့်ခေါ်စာ သုံးပြီးစုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်သွားသင့်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဒီလွှတ်တော် ကြားနာစစ်ဆေးပွဲထဲ တနေကုန် မေးခွန်းတွေ ပြင်းပြင်းထန်ထန်မေးခံ ခဲ့တာမှာHicks အနေနဲ့ တုန်လှုပ်ခြောက်ခြားနေခဲ့တယ်လို့ တက်ရောက်သူတချို.က ဆိုပါတယ်။ ဒါပေမဲ့ ခုလိုဖြစ်ခဲ့တာကြောင့် နုတ်ထွက်ဖို့ အကြောင်းဖြစ်လာရလား ဆိုတာကတော့ မရှင်းသေးပါဘူး။

သမ္မတ Trump အနေနဲ့ မိသားစုဝင်တွေပြီးရင် ယုံကြည်စိတ်ချရဆုံး သူဖြစ်တဲ့ Hick နှုတ်ထွက်သွားအပြီးမှာသူမရဲ့ ကူညီပံ့ပိုးခဲမှုတွေအပေါ် ချီးကြူးလိုက်ပါတယ်။

တကယ်တော့ Hicks ဟာ သမ္မတ Trump ရဲ့ (၁၄) လအတွင်း (၅) ကြိမ်မြောက် အပြောင်းအလဲလုပ်ခဲ့တဲ့ ဆက်သွယ်ရေး ညွန်ကြားရေးမှူးဖြစ်ပြီး နောက် ရက်သတ္တပတ်တွေနဲ့ချီ အိမ်ဖြူတော်မှာ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

အိမ်ဖြူတော်ဆက်သွယ်ရေးညွှန်မှူး ရာထူးကနုတ်ထွက်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG