အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တဦးရဲ့ ဆက်သွယ်မှုကို အခြေခံပြီး အမေရိကန် သံတမန်လုပ်ငန်းတွေကို ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တဲ့အကြောင်း New York Times သတင်းစာက ဖော်ပြလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာရှိတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် Ayman al-Zawahri က တနင်္ဂနွေနေ့လောက် အစောဆုံးထားပြီး တိုက်ခိုက်မှုတွေ လုပ်ဖို့ ယီမင်နိုင်ငံက စစ်သွေးကြွအဖွဲ့ကို ညွှန်ကြားခဲ့တဲ့ အီလက်ထရောနစ် သတင်းအချက်အလက်ကို အမေရိကန် ထောက်လှမ်းရေးက ကြားဖြတ်ရရှိခဲ့တာလို့လည်း သတင်းစာက ရေးသားခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုကတော့ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိက ဒေသတွေက သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၁၉ ခုကို လုံခြုံရေးအတွက် တပတ်လုံး ဆက်ပိတ်ထားမှာ ဖြစ်တဲ့အကြောင်း တနင်္လာနေ့ကပဲ ကြေညာခဲ့ ပါတယ်။ သံတမန် လုပ်ငန်းတွေ တနင်္ဂနွေနေ့က ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်ခဲ့ တဲ့ အထဲမှာတော့ Algiers, Baghdad, Dhaka, နဲ့ Kabul မြို့တွေက သံရုံးတွေ ပါဝင်ပါတယ်။
ဒါပေမဲ့လည်း Amman, Cairo, Sanaa နဲ့ Tripoli မြို့တွေ အပါအဝင် တခြားသံတမန်လုပ်ငန်း ၁၉ ခုကိုတော့ ပိတ်ထားဆဲပါ။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကတော့ အကြမ်းဖက်မှု အန္တရာယ်နဲ့ ပတ်သက်လို့ တိတိကျကျ ပြောဆိုတာမျိုးတော့ မရှိပါဘူး။
New York Times သတင်းစာကလည်း အကြမ်းဖက်သမားတွေရဲ့ ဆက်သွယ်မှုမှာ ဘယ်အချိန်၊ ဘယ်နေရာကို တိုက်ခိုက်မယ် ဆိုတာမျိုး အတိအကျ ပြောမထားဘူးလို့ ဖော်ပြခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကြိုတင်သတိထားတဲ့ အနေနဲ့ သံရုံး ၁၉ ခုကို ဆက်ပိတ်ထားတာ ဖြစ်တဲ့အကြောင်းနဲ့ လုံခြုံရေး အခြေအနေကို ဆက်လက် ဆန်းစစ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။