သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အမိန့်ပေးတိုင်း မတိုက်ခိုက်လိုခဲ့တဲ့ ဗိုလ်ချုပ်ကြီး Milley ကို Biden အစိုးရကာကွယ်


အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley

မကြာခင်ဖြန့်ချိတော့မယ့် စာအုပ်သစ်မှာ ဖော်ပြချက်တွေကြောင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုနေတာတွေကို သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။ Washington Post သတင်းစာဆရာတွေ ဖြစ်ကြတဲ့ Bob Woodward နဲ့ Robert Costa တို့ ပူးတွဲရေးသားပြီး၊ အန္တရာယ်လို့ အဓိပ္ပါယ်ရတဲ့ Peril ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်သစ်မှာတော့ သမ္မတဟောင်း Donald Trump တာဝန်သက်တမ်း ကုန်ဆုံးကာနီးမှာ တိုက်ခိုက်ဖို့ အမိန့်တစုံတရာ ပေးလာခဲ့မယ်ဆိုရင် သူ့ခွင့်ပြုချက်ယူဖို့ စစ်ဖက်ဆိုင်ရာ အကြီးတန်း အရာရှိတွေကို ဗိုလ်ချုပ်ကြီး Milley ကပြောဆိုထားကြောင်း ဖော်ပြထားတာပါ။

အမေရိကန်က လတ်တလော တိုက်ခိုက်မှာ မဟုတ်ကြောင်း တရုတ်နိုင်ငံကို ၂ ကြိမ် ဆက်သွယ် ပြောခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ရဲ့ ဥပဒေအရ သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူပြီး၊ စစ်တပ်ကို အရပ်ဖက်က အုပ်ချုပ်တဲ့ အစဉ်အလာ ရှိပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း Trump မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လို့ ယုံကြည်ထားတဲ့ ဗိုလ်ချုပ်ကြီး Milley ကတော့ ဇန်နဝါရီ လဆန်းမှာပဲ စစ်ဖက်ဆိုင်ရာ အဆင့်မြင့် ခေါင်းဆောင်တွေကို ခေါ်ယူပြီး ပြည်ပမှာ တိုက်ခိုက်ဖို့အတွက် သမ္မတက အမိန့်ပေးလာခဲ့ရင် သူ့ကိုအရင် အကြောင်းကြားဖို့ မှာထားတယ်လို့လည်း စာအုပ်ထဲမှာ ဖော်ပြထားတာပါ။ စာအုပ်ထဲမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး Milley က ငြင်းဆိုတာမျိုးတော့ မရှိပါဘူး။

သမ္မတ Joe Biden အစိုးရလက်ထက်မှာလည်း အမေရိကန် စစ်တပ်ကို ဆက်လက် ဦးဆောင် တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီး Milley ကိုတော့ စာအုပ်သစ်မှာ ဖော်ပြချက်တွေအတွက် ရာထူးက ထွက်ပေးဖို့ ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်တွေက တောင်းဆိုထားကြပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ကတော့ ဗိုလ်ချုပ်ကြီး Milley အနေနဲ့ စစ်ဖက်ကို အရပ်ဖက်က အုပ်ချုပ်တဲ့ အခြေခံမူတွေကို ချိုးဖောက်မှု မရှိကြောင်း ပြောဆိုလိုက်ပြီး သူ့ဦးဆောင်မှုအပေါ် ယုံကြည်မှု အပြည့်အ၀ ရှိကြောင်းလည်း ပြောဆိုထားပါတယ်။

-------------------------------------

သမ်မတ Trump အမိန့ျပေးတိုငျး မတိုကျခိုကျလိုခဲ့တဲ့ ဗိုလျခြုပျကွီး Milley ကို Biden အစိုးရကာကှယျ




XS
SM
MD
LG