သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Putin ထိပ်သီးညီလာခံ ၂၀၁၉ အထိ အိမ်ဖြူတော် ဆိုင်းငံ့


အမေရိကန်သမ္မတ Donald Trump (ဝဲ) နဲ့ ရုရှားခေါင်းဆောင် Vladimir Putin (ညာ)
အမေရိကန်သမ္မတ Donald Trump (ဝဲ) နဲ့ ရုရှားခေါင်းဆောင် Vladimir Putin (ညာ)

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားခေါင်းဆောင် Vladimir Putin တို့ရဲ့ ဒုတိယအကြိမ် ထပ်သီးတွေ့ဆုံမှုဟာ လာမယ့် နှစ်အထိ မဖြစ်နိုင်သေးဘူးလို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ရုရှား ဝင်စွက်မှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းရေးအရာရှိ Robert Mueller ရဲ့ စုံစမ်းစစ်ဆေးမှု ပြီးပြည့်စုံတဲ့အထိ သမ္မတ Trump က စောင့်ဆိုင်းချင်တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကပြောကြားလိုက်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းနိုင်ငံ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှား သိမ်းပိုက်မှုအပေါ် အသိအမှတ်ပြုဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒီ ခရိုင်းမီးယားကို ယူကရိန်းအစိုးရလက် ပြန်အပ်တဲ့အထိ ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိမယ်လို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထွက်ပေါ်လာချိန်မှာပဲ ထိပ်သီးတွေ့ဆုံမှု ရွှေ့ဆိုင်းကြောင်းလဲ ကြေညာလာတာဖြစ်ပါတယ်။

ရုရှားဘာသာစကားကို အသုံးပြုတဲ့ ခရိုင်းမီးယားကို ရုရှားကျူးကျော်သိမ်းပိုက်တာဟာ နိုင်ငံတခုရဲ့ နယ်နိမိတ်ကို ဘယ်နိုင်ငံကမှ အင်အားသုံးအပြောင်းအလဲ မလုပ်ရဆိုတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံ နိုင်ငံတကာမူဝါဒကို ချိုးဖောက်ဖို့ အားထုတ်မှုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကဆိုပါတယ်။

ဝန်ကြီး Pompeo ကြေညာချက်ဟာ Trump Putin Helsinki ထိပ်သီး ဆွေးနွေးပွဲအပါအဝင် ကမ္ဘာ့ပြဿနာတွေကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ကြားနာမှုမလုပ်ခင်လေးတင် ထွက်ပေါ်လာတာလဲဖြစ်ပါတယ်။

Trump နဲ့ Putin ထိပ်သီးညီလာခံ ၂၀၁၉ အထိ အိမ်ဖြူတော် ဆိုင်းငံ့
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG