သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဖမ်းဆီးခံအမေရိကန်တွေ အရေးသာ ဆွေးနွေးမည်


အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders
အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders

မြောက်ကိုရီးယား အစိုးရက ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား သုံးဦး လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီးသာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖြစ်မယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ အမေရိကန်ကြား တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနေဆဲ ဖြစ်ပြီး အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ဆွေးနွေးညှိနှိုင်းနိုင်ရေး ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ကြေညာချက်ထုတ်ခဲ့တာပါ။ ဒါပေမယ့် သမ္မတ Trump ရဲ့ မှတ်ချက် စကားကြောင့် ဝန်ကြီး Tillerson ရဲ့ ပြောဆိုချက်က မှေးမှိန်သွားရပါတယ်။ ဝန်ကြီး Tillerson ရဲ့ ပြောဆိုချက် အပေါ် အမေရိကန် အစိုးရ အိမ်ဖြူတော်ရဲ့ တုံ့ပြန်ချက်ကို အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က အခုလို ပြောပါတယ်။

"သေဆုံးခဲ့ပြီ ဖြစ်တဲ့ အမေရိကန် ကျောင်းသား Otto Warmbier လိုဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်တွေ ပြန်လွတ်ရေး အတွက်သာ အမေရိကန်တို့ဘက်က ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာနိုင်ပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ ဒီပုံစံ ဆွေးနွေးမှုမျိုးကိုဘဲ လုပ်လိုတဲ့ ဆန္ဒရှိပါတယ်။ ဒီအချိန်မှာတော့ မြောက်ကိုရီးယားနဲ့ တခြားကိစ္စ ဆွေးနွေးပြောဆိုမှာ မဟုတ်ပါဘူး " လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ပြောဆိုခဲ့တာပါ။

သမ္မတ Trump က အခုလို မှတ်ချက်ပေး ပြောဆိုပေမယ်လို့လည်း သမ္မတ အနေနဲ့ နိုင်ငံခြားရေး ဝန်ကြီး Tillerson ပေါ်မှာ ယုံကြည်အားထားမှု ရှိနေဆဲ ဖြစ်ပါတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မနေ့ တနလာၤနေ့က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG