သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်လုံခြုံရေးအားနည်းမှု လက်ခံနိုင်စရာမရှိ တာဝန်ရှိအကြီးအကဲဝန်ခံ


အမေရိကန်စစ်မှုထမ်းတယောက်ဟာ သူ့ကိုဖမ်းဆီးနိုင်ခြင်း မပြုလုပ်နိုင်ခင် သမ္မတအိမ်ဖြူတော်အတွင်းကို တဟုန်ထိုးပြေးပြီးတော့ ဝင်ရောက်သွားတဲ့ကိစ္စဟာ လက်ခံနိုင်စရာ ဖြစ်ရပ်မဟုတ်တဲ့အကြောင်းနဲ့ နောင်မှာ ဒီလို အလားတူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရပါဘူးလို့ Secret Service လို့ခေါ်တဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။

ကွန်ဂရက်လွှတ်တော်ကြားနာမှုမှာ Julia Pierson က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ပြစ်တင်မှုကို သူမအနေနဲ့ လက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနေ့က Omar Gonzalez ဆိုသူဟာ ခြံစည်းရိုးကိုကျော်လွှားပြီးတော့ ဝါရှင်တန်ဒီစီရဲ့ လုံခြုံရေးအတင်းကျပ်ဆုံး အဆောက်အအုံအတွင်းကို ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ဖြူတော်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဒါရဲလ် အစ်စာ က မကြာသေးခင်နှစ်တွေအတွင်း အလားတူ လစ်ဟင်းမှုတွေရှိခဲ့တဲ့အတွက် Secret Service ရဲ့ အကြီးတန်းတာဝန်ယူထားသူကို မေးခွန်းစရာ ဖြစ်နေပြီးတော့ အဖွဲ့အစည်းအပေါ် လူထုရဲ့ယုံကြည်မှုတွေကိုလည်း ကျဆင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG