သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး


မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ဝိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီးတော့ ဒါဟာ မြန်မာအစိုးရကနေ ကျယ်ကျယ် ပြန့်ပြန့် ပွင့်လင်းလာတာ၊ ထင်သာ မြင်သာ ရှိလာတာနဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ဆက်လက် လျှောက်လှမ်းဖို့ ရည်ရွယ်တဲ့ လက္ခဏာ တရပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အိမ်ဖြူတော်က ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG