သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုတရားသူကြီးနေရာ Nevada အုပ်ချုပ်ရေးမှူး ကို အိမ်ဖြူတော် စဉ်းစားနေ


နီဗားနားပြည်နယ် ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး Brian Sandoval။
နီဗားနားပြည်နယ် ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး Brian Sandoval။

မကြာခင်က ကွယ်လွန်သွားတဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Antonin Scalia နေရာမှာ အစားထိုးဖို့အတွက် နီဗားနားပြည်နယ် ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး Brian Sandoval ကို သမ္မတ အိမ်ဖြူတော်က စဉ်းစားဖို့ရှိနေပါတယ်။

ဒါပေမဲ့ အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်တွေကတော့ သမ္မတအိုဘားမား ဘယ်သူ့ကိုပဲ ရွေးရွေး သူတို့အနေနဲ့ ဂရုစိုက်မှာမဟုတ်ဘူးလို့ ကတိပြု ပြောထားပါတယ်။ အိုဘားမား အဆိုပြုတဲ့သူနဲ့ပတ်သက်လို့ ကြားနာတာ၊ မဲခွဲဆုံးဖြတ်တာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ သမ္မတ အိုမားဘားကတော့ သူ အဆိုပြုထားသူကို အတည်ပြုဖို့ကိစ္စ အချိန်ဆိုင်းနေမယ်ဆိုရင် ရှေ့လျှောက် တရားသူကြီး ခန့်အပ်တဲ့ ကိစ္စတွေမှာ ထိခိုက်စရာတွေ ဖြစ်လာနိုင် တယ်လို့ ပြောပါတယ်။

အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်တွေ အနေနဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်ပြီး သူတို့ရဲ့နိုင်ငံရေး သက်သက်အတွက် အစဉ်အလာမရှိတဲ့ ကိစ္စတခုကို လုပ်ဆောင်မယ်ဆိုရင် ဒါဟာ တရားရေးဆိုင်ရာ ခန့်အပ်မှုတွေမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ရှေ့လျှောက် အမြဲတမ်း ထိခိုက်စေလာနိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောနေတာပါ။

ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကတော့ လာမယ့် ဇန်နဝါရီလမှာ သမ္မတသစ်ဖြစ်လာတဲ့သူကပဲ လစ်လပ်သွားတဲ့ ရာသက်ပန် တရားရုံးချုပ် တရားသူကြီးနေရာကို ခန့်အပ်စေချင်ကြတာပါ။ ဒီအတောအတွင်း တရားရုံးချုပ်အနေနဲ့ တဘက် ၄ မဲစီနဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘူး ဆိုရင် အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်မှာဖြစ်ပြီး နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်တွေကို အထက်တရားရုံးက ချမှတ်နိုင်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG