သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် Whitney Houston ကွယ်လွန်


အဆိုတော် Whitney Houston ကွယ်လွန်
အဆိုတော် Whitney Houston ကွယ်လွန်

ဂရမ်မီ (Grammy) တေးဂီတဆုတွေ ရရှိခဲ့ပြီးတော့ ၁၉၉၂ က ရိုက်ကူးခဲ့တဲ့ The Body Guard ရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့သူ အဆိုတော် ရုပ်ရှင်မင်းသမီး အသက် (၄၈) နှစ်အရွယ် Whitney Houston ဟာ ဒီကနေ့ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်စောစောပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ Whitney Houston ဟာ စနေနေ့ ဒေသစံတော်ချိန် သုံးနာရီ ငါးဆယ့်ငါးမိနစ်မှာ၊ လော့စ်အိန်ဂျဲလိစ် (Los Angeles) မြို့က Biverly Hill Hilton Hotel က သူမတည်းခို နေတဲ့အခန်းမှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ လော့စ်အိန်ဂျဲလိစ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ညမှာ ကျင်းပမယ့် ဒီနှစ်ရဲ့ Grammy တေးဂီတဆု ပေးပွဲကို တက်ရောက်ဖို့ Whitney Houston ဟာ လော့စ်အိန်ဂျဲလိစ် မြို့ကို ရောက်ရှိနေတာပါ။ တယ်လီဖုန်းနဲ့ အရေးပေါ် အကူအညီ တောင်းခံတာကို ရရှိပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာ ရဲနဲ့သူနာပြုတွေ ရောက်ရှိလာခဲ့ပြီး Whitney Houston ကို ကုသပြုစုမှု ပေးခဲ့ပေမဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘယ်လိုအကြောင်းကြောင့် ကွယ်လွန်ရတယ် ဆိုတာကို ဆုံးဖြတ်သတ်မှတ်လို့ မရသေးဘူးလို့ ရဲက ပြောဆိုပေမဲ့ သတင်းတွေထဲမှာတော့ Whitney Houston ဟာ ကာလကြာရှည် ခံစားနေရတဲ့ အဆုပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဖော်ပြကြပါတယ်။

Whitney Houston ဟာ ဂရမ်မီ ဂီတဆု ခြောက်ကြိမ် ရရှိခဲ့ပါတယ်။ Whitney Houston ရဲ့ Single နဲ့ အယ်လ်ဘမ် ဓါတ်ပြားချပ်ရေ စုစုပေါင်း သန်းပေါင်း ၁၇၀ ရောင်းချခဲ့ရပြီးတော့ ၁၉၈၅ ခုနှစ်မှာ စပြီးထွက်ရှိတဲ့ သူ့ရဲ့ အယ်လ်ဘမ် ဟာ တကမ္ဘာလုံးမှာ ဓါတ်ပြား ချပ်ရေ ၂၅ သန်း ရောင်းချခဲ့ရပါတယ်။

XS
SM
MD
LG