သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် Whitney Houston ဈာပန


အဆိုတော် Whitney Houston ဈာပန

ကွယ်လွန်သူ ဂရမ်မီ ဂီတဆုရှင် ၀စ်တ်နီဟူစတန် (Whitney Houston) ရဲ့ဆွေမျိုး မိတ်သင်္ဂဟတွေပဲ တက်ရောက်မယ့် သီးသန့် ဈာပနအခမ်းအနားကို သူ့ရဲ့မွေးရပ်မြေ Newark မြို့က ဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ စနေနေ့ ဒေသစံတော်ချိန် မွန်းတည့်မှာ ကျင်းပမှာဖြစ်ပါတယ်။ သူ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ အသုဘယာဉ်က ဘုရားရှိခိုးကျောင်းကို အခုပဲ ဆိုက်ရောက်လာတာကို ရုပ်မြင်သံကြားသတင်းမှာ တွေ့ရပါတယ်။

သူ ဆယ်ကျော်သက်တုန်းက ၀စ်တ်နီဟူစတန် ဓမ္မတေးသီဆိုခဲ့တဲ့ New Hope Baptist ဘုရားကျောင်းမှာ ကျင်းပမယ့် ဇာပနအခမ်းအနားကို ဂီတအကျော်အမော်တွေ အပါအဝင် နံမည်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေကတော့ Newark က အသုဘဂေဟာမှာ မနေ့ ညနေကကျင်းပတဲ့ အသုဘရှုအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ သူ့ရဲ့မိခင်ဖြစ်သူ Cissy Houston ၊ သူ့သမီးဖြစ်တဲ့ Bobbi Kristina Brown တို့နဲ့ ဆွေမျိုးတွေအပြင် သူ့ရဲ့ ဝမ်းကွဲအစ်မ တော်စပ်သူ အဆိုတော် Dionne Warwick နဲ့ သူ့ရဲ့ ဂီတဆရာလည်းဖြစ်၊ တေးဂီတထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Clive Davis လည်း တက်ရောက်ခဲ့ကြပါတယ်။

အသက် ၄၈ နှစ်အရွယ် ၀စ်တ်နီဟူစတန် ကို လော့စ်အိန်ဂျဲလိစ် မြို့Beverly Hilton hotel က သူ့အခန်းရဲ့ ရေချိုးကန်ထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရပြီး တစ်ပတ်အကြာ ဒီကနေ့ စနေနေ့မှာပဲ သူ့အတွက် ဇာပန အခမ်းအနား ကျင်းပကြမှာ ဖြစ်ပါတယ်။ ဖိတ်ကြားခံရသူပဲ တက်ရောက်ခွင့်ရမယ့် ဒီဈာပန အခမ်းအနားမှာ ဂီတလောကမှာ တကယ်သမိုင်းဝင်သူတွေ ဖြစ်ကြတဲ့ Stevie Wonder နဲ့ Aretha Franklin တို့ သီချင်းသီဆို ဖျော်ဖြေကြမှာပါ။

သူ့ရဲ့ ခင်ပွန်းဟောင်း အဆိုတော် Bobby Brown လည်း ဒီအခမ်းအနားးကို တက်ရောက်ဖို့ရှိပါတယ်။ ဒီဈာပန အခမ်းအနားက သီးသန့် ကျင်းပမှာဖြစ်ပေမဲ့ အများပြည်သူကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာပါ။ သူ့ရဲ့ ရုပ်အလောင်းကို နယူးဂျာဇီ သုဿန်မှာ သူ့ရဲ့ဖခင် ရဲ့ ရုပ်အလောင်းဘေးမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ သူ ဘာကြောင့် သေဆုံးရလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ နောက်သီတင်းပတ် အတော်ကြာတဲ့အထိ သိနိုင်ဦးမှာ မဟုတ်ပါဘူး။

XS
SM
MD
LG