သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်


တရုတ်မူလတန်းကျေင်းသားများ
တရုတ်မူလတန်းကျေင်းသားများ

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဟာ အလွန်အကျွံလေထုညစ်ညမ်းမှုဒဏ် ခံနေရပြီး ကျန်းမာရေးပြဿနာတွေ ဆက်ဖြစ်လာနေတယ်၊ ဒီအထဲမှာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်အနောက်ပိုင်း ဒေသတွေမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လူ ဆယ်ယောက်မှာ ၉ ယောက်ဟာ မတရားဆိုးတဲ့ လေတွေကို ရှူရှိုက်နေတယ်၊ ဒီအထဲမှာ တရုတ်၊ မလေးရှားနဲ့ ဗီယက်နမ် တို့အပါအဝင် မြန်မာပြည်ရှိရာ အရှေ့တောင်အာရှ နဲ့ အနောက်ပစိဖိတ်ဒေသတွမှာ လေထူညစ်ညမ်းမှုအဆင့် အမြင့်ဆုံးဖြစ်နေတယ်လို့ ဒီနေ့ထုတ်ပြန်တဲ့ WHO အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီအစီရင်ခံစာအရ လူပေါင်း ၉၂ ရာခိုင်နှုန်းကျော်ဟာ လေထုညစ်ညမ်းမှု ဒဏ်ခံရပြီး နောက်ဆက်တွဲအဖြစ် တနှစ်ကို လူပေါင်း ၆ သန်းကျော် သေဆုံးနေရတယ်၊ ဒီသေဆုံးမှုထဲက ၉၀ရာခိုင်နှုန်းဟာလဲ ဝင်ငွေ နိမ့်နဲ့ အလယ်အလတ် နိုင်ငံတွေမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီအစီရင်ခံစာသစ်မှာ ဖော်ပြထားတဲ့ အချက်အလက် အသစ်တွေအရ မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုက အဆုံးဆုံးဖြစ်တယ် ဆိုပေမယ့် ကျေးလက်ဒေသတွေ မှာလဲ လေထုညစ်ညမ်းမှု့ ဘယ်လောက်ဆိုးနေတယ်ဆို သိသွားရင် အံသြကောင်း အံ့သြသွားနိုင်ပါတယ်။

WHO ပြည်သူ့ကျန်းမာရေး နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန ညွန်ကြားရေးမှုး Maria Neira က ခုလိုသိလိုက်ရတာက ကျွန်မတို့အားလုံးအတွက် အထူးဂရုပြုကြဖို့ လုံလောက်နေပါပြီ၊ “ဒါဟာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်တယ်၊ ဒီလေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ ချက်ချင်းလုပ်ဆောင် သင့်တာကို နောက်ကျလုပ်လို့မရတော့ဘူး” လို့ သတိပေးလိုက်ပါတယ်။

ဒီအစီရင်ခံစာအတွက် အချက်အလက်တွေကို ကမ္ဘာ့နေရာပေါင်း ၃၀၀၀ ခန့်ကနေ စုဆောင်းခဲ့တာဖြစ်ပြီး လေထဲက သေးငယ်ပြီး အန္တရာယ်ကြီးတဲ့ အမှုန်လေးတွေ အရေအတွက်ကို တိုင်းတာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG