သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာ ကာကွယ်ဆေး လူတသောင်းမှာစမ်းမည်


ကျန်းမာရေးဝန်ထမ်းတဦးက ဂီနီနိုင်ငံ၊ Conakry မြို့မှာ အီဘိုလာကာကွယ်ဆေးထိုးပေးနေစဉ်။ (မတ်လ ၇၊ ၂၀၁၅)
ကျန်းမာရေးဝန်ထမ်းတဦးက ဂီနီနိုင်ငံ၊ Conakry မြို့မှာ အီဘိုလာကာကွယ်ဆေးထိုးပေးနေစဉ်။ (မတ်လ ၇၊ ၂၀၁၅)

ဂီနီနိုင်ငံမှာ အီဘိုလာရောဂါကာကွယ်ဆေးကို လူအများအပြားနဲ့ စမ်းသပ်မှုတခု စနေနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စတင်လိုက်ပါတယ်။

စမ်းသပ်ကာကွယ်ဆေးကို လူပေါင်း ၁၀,၀၀၀ ဒါမှမဟုတ် အဲဒီထက်ပိုများတဲ့ အရေအတွက်နဲ့ စမ်းသပ်ဖို့ ရည်ရွယ်ထားတယ်လို့ WEHO လက်ထောက်ညွန်ကြားရေးမှူးချုပ် ဒေါက်တာ Marie-Paule Kieny က AP သတင်းဌာနကိုပြောပါတယ်။

ဒီကာကွယ်ဆေးကို လွန်ခဲ့တဲ့ဆယ်နှစ်မှာ ကနေဒါအစိုးရက ပထမဆုံးထုတ်လုပ်တာပါ။ ဒါပေမဲ့လည်း အဲဒီအချိန်က ကာကွယ် ဆေးကို လိုအပ်ချက် မရှိသလောက်ဖြစ်တာကြောင့် ဘာမှ မလုပ်ခဲ့သလောက်ပါပဲ။

ဂီနီနိုင်ငံမှာလုပ်မယ့် WHO ရဲ့ ကာကွယ်ဆေးထိုး မဟာဗျူဟာက အနာဂတ်မှာ အီဘိုလာရောဂါ ထပ်ဖြစ်လာတဲ့အခါ တခြားကို ဆက်ပြီး ပြန့်နှံ့မသွားနိုင်အောင် ကြားခံဇုန်တခု ဖန်တီးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

XS
SM
MD
LG