သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကြောင့် WHO 'အလွန်အမင်း ဝန်ပိ'


HEALTH-WHO/
HEALTH-WHO/

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ကပ် ရောဂါက စလို့ ကာလဝမ်းရောဂါအထိ ကျန်းမာရေး အရေးပေါ် အခြေအနေတွေ တိုးလာနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ ဒါကို အရေးယူ တုံ့ပြန်နိုင်ရေး “အလွန်အမင်း ဝန်ပိ” နေတယ်လို့ အကြီးတန်းအကြံပေးပါမောက္ခ Walid Ammar က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ WHO ဟာ အရင်ကထက် ပိုပြီး အရေးပေါ် အခြေအနေတွေကို တုံ့ပြန်နေရတဲ့အတွက် ရံပုံငွေနဲ့ ဝန်ထမ်း လိုအပ်ချက်က ကြီးလာတယ်လို့ WHO ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောလိုက်တာပါ။

WHO ရဲ့ အရေးပေါ်တုံ့ပြန်မှု ပြန်လည်သုံးသပ်ရေးကော်မတီ အစီရင်ခံစာအရ ဒီနှစ်ထဲမှာ မတ်လအထိ စာရင်းဇယားတွေအရ WHO ဟာ အဆင့်မြင့်အရေးပေါ်အခြေအနေ ၅၃ ခုကိုတုံ့ပြန်ခဲ့ရပါတယ်။

ဒီထဲမှာ COVID-19၊ ကာလဝမ်းရောဂါတွေပါဝင်သလို Equatorial Guinea နဲ့ Tanzania နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ Marburg ဗိုင်းရပ်စ် ကူးစက်မှုလို ရောဂါတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တူရကီနဲ့ ဆီးရီးယားမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေနဲ့ ပါကစ္စတန်က ရေလွှမ်းမိုးမှုတွေည်း ပါဝင်ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေကြီးမှုနဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ အကြိမ်ရေတိုးလာကြောင်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားသလို ဒါတွေအားလုံး ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေ ရှိနေတယ်လို့လည်း ပြောထားပါတယ်။

ဒီလိုအခြေအနေတွေ ရင်ဆိုင်နေရပေမယ့် တဖက်မှာလည်း ရံပုံငွေဟာ ၂၀၂၂-၂၀၂၃ အရေးပေါ်အစီအစဉ် အတွက် အဓိက ဘတ်ဂျက်ရဲ့ ၅၃ ရာခိုင်နှုန်းလောက်သာ ရရှိထားတယ်လို့လည်း WHO ကပြောဆိုခဲ့ပြီး ပုံမှန် ထောက်ပံ့ကြဖို့ နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG