သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမ႓ာတလႊား ေမ်ာက္ေက်ာက္ ကူးစက္မႈ (၈) ေသာင္းေက်ာ္ၿပီ (WHO)


WHO Monkeypox

ကမၻာ့ႏုိင္ငံေပါင္း ၇၈ ခုမွာ Monkeypox လို႔ေခၚတဲ့ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူ ၁ ေသာင္း ၈ ေထာင္ေက်ာ္ရွိသြားၿပီလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကဗုဒၶဟူးေန႔မွာေျပာပါတယ္။ Covid-19 ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ပုံမွန္လုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ အဲဒီလိုေျပာဆိုသြားတာပါ။ ေမ်ာက္ေက်ာက္ေရာဂါကူးခံရသူ ၁၀ ရာခိုင္နႈန္း ေဆး႐ုံတက္ကုသမႈခံယူေနရၿပီး ဒီေရာဂါနဲ႔ေသဆုံးသူ ၅ ဦးရွိတယ္လို႔လည္း မစၥတာ Ghebreyesus ကေျပာပါတယ္။ ႏုိင္ငံေတြ၊ လူမႈအသုိင္းအ၀ိုင္းေတြအေနနဲ႔ ေေမ်ာက္ေက်ာက္ေရာဂါကို မေပါ့ဆပဲ အေလးအနက္ထားၾကမယ္ဆိုရင္ေတာ့ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏုိင္မယ္လို႔လည္း ေျပာပါတယ္။ လတ္တေလာမွာေတာ့ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူ ၉၈ ရာခုိင္ႏႈန္းက အမ်ိဳးသားအခ်င္းခ်င္းစုံမက္သူေတြျဖစ္ၾကပါတယ္။


WHO အႀကီးအကဲရဲ ႔အႀကံျပဳခ်က္ထဲမွာေတာ့ လိင္မႈကိစၥအတြက္ အေဖာ္ရွာတာေတြေလွ်ာ့ဖို႔လည္းပါ၀င္ၿပီး လိင္တူခ်င္းစုံမက္တဲ့သူေတြအေပၚ ခြဲျခားဆက္ဆံတာမလုပ္ဖို႔ အလြန္အေရးႀကီးတယ္လို႔လည္း ေျပာဆိုသြားပါတယ္။ ခြဲျခားဆက္ဆံတာနဲ႔ အမုန္းတရားေတြဟာ ကူးစက္ေရာဂါေတြလိုပဲ အႏၱရာယ္ႀကီးႏုိင္တယ္လို႔လည္း မစၥတာ Ghebreyesus ကေျပာဆိုသြားတာပါ။ ေမ်ာက္ေက်ာက္ေရာဂါကို ကမၻာ့ က်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ WHO ကၿပီးခဲ့တဲ့တပတ္မွာ ေၾကညာခဲ့တာပါ။


ဒီေရာဂါဟာ လိင္ဆက္ဆံတာ၊ နမ္းရႈတ္တာ၊ ေပြ႔ဖက္တာနဲ႔ ေရာဂါပိုးကပ္ေနတဲ့ အ၀တ္အစား၊ သဘက္နဲ႔ အိပ္ယာအိပ္ခင္းေတြကေန ကူးစက္ပါတယ္။ ပုိးကူးစက္ခံရႏုိင္ေျခမ်ားတဲ့ လူအုပ္စုေတြကို ပစ္မွတ္ထားၿပီး ကာကြယ္ေဆးထိုးေပးဖို႔လည္း WHO ကအႀကံျပဳထားပါတယ္။ အဲဒီထဲမွာ က်န္းမာေရး၀န္ထမ္းေတြ၊ ဓာတ္ခြဲခန္း၀န္ထမ္းေတြနဲ႔ လိင္ဆက္ဆံေဖာ္ မ်ားသူေတြပါ၀င္ပါတယ္။ လက္ရွိမွာေတာ့ လူအမ်ားအျပားကို ကာကြယ္ေဆးထိုးေပးဖို႔ မလိုေသးဘူးလို႔လည္း WHO ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ္ဘာ့နိုင်ငံပေါင်း ၇၈ ခုမှာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁ သောင်း ၈ ထောင်ကျော်ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ Covid-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး ပုံမှန်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောဆိုသွားတာပါ။ မျောက်ကျောက်ရောဂါကူးခံရသူ ၁၀ ရာခိုင်နှုန်း ဆေးရုံတက်ကုသမှုခံယူနေရပြီး ဒီရောဂါနဲ့သေဆုံးသူ ၅ ဦးရှိတယ်လို့လည်း မစ္စတာ Ghebreyesus ကပြောပါတယ်။ နိုင်ငံတွေ၊ လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ေမျောက်ကျောက်ရောဂါကို မပေါ့ဆပဲ အလေးအနက်ထားကြမယ်ဆိုရင်တော့ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်မယ်လို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၉၈ ရာခိုင်နှုန်းက အမျိုးသားအချင်းချင်းစုံမက်သူတွေဖြစ်ကြပါတယ်။

WHO အကြီးအကဲရဲ့အကြံပြုချက်ထဲမှာတော့ လိင်မှုကိစ္စအတွက် အဖော်ရှာတာတွေလျှော့ဖို့လည်းပါဝင်ပြီး လိင်တူချင်းစုံမက်တဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာမလုပ်ဖို့ အလွန်အရေးကြီးတယ်လို့လည်း ပြောဆိုသွားပါတယ်။ ခွဲခြားဆက်ဆံတာနဲ့ အမုန်းတရားတွေဟာ ကူးစက်ရောဂါတွေလိုပဲ အန္တရာယ်ကြီးနိုင်တယ်လို့လည်း မစ္စတာ Ghebreyesus ကပြောဆိုသွားတာပါ။ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် WHO ကပြီးခဲ့တဲ့တပတ်မှာ ကြေညာခဲ့တာပါ။

ဒီရောဂါဟာ လိင်ဆက်ဆံတာ၊ နမ်းရှုတ်တာ၊ ပွေ့ဖက်တာနဲ့ ရောဂါပိုးကပ်နေတဲ့ အဝတ်အစား၊ သဘက်နဲ့ အိပ်ယာအိပ်ခင်းတွေကနေ ကူးစက်ပါတယ်။ ပိုးကူးစက်ခံရနိုင်ခြေများတဲ့ လူအုပ်စုတွေကို ပစ်မှတ်ထားပြီး ကာကွယ်ဆေးထိုးပေးဖို့လည်း WHO ကအကြံပြုထားပါတယ်။ အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေနဲ့ လိင်ဆက်ဆံဖော် များသူတွေပါဝင်ပါတယ်။ လက်ရှိမှာတော့ လူအများအပြားကို ကာကွယ်ဆေးထိုးပေးဖို့ မလိုသေးဘူးလို့လည်း WHO ပြောပါတယ်။

XS
SM
MD
LG