သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားလျှော့စားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိုက်တွန်း


ဆားအမျိုးမျိုး တွေ့ရစဉ်။
ဆားအမျိုးမျိုး တွေ့ရစဉ်။
အရွယ်ရောက်သူတွေအနေနဲ့ အစာစားတဲ့အခါမှာ ဆားကိုလျော့စားပြီး၊ သူတို့ရဲ့ အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ် အနည်းငယ် ထည့်စားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ညွန်ကြားချက်အသစ် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အရွယ်ရောက်လာသူတွေအနေနဲ့ တနေ့ကို ဆိုဒီယမ် ၂ ဂရမ် ဒါမှမဟုတ် ဆား ၅ ဂရမ်လျော့စားသင့်တယ်လို့ WHO က ပြောပါတယ်။ ဒါ့အပြင် နေ့စဉ်စားသုံးတဲ့အစား အစာတွေထဲမှာ အနည်းဆုံး တနေ့ကို ပိုတတ်ဆီယမ် ၃.၅ ဂရမ် ထည့်စားဖို့ အကြံပြုထားပါတယ်။

အခုလို အကြံပြုတာဟာ နှလုံးရောဂါ နဲ့ လေဖြတ်ရောဂါ ကိုဖြစ်စေတဲ့ သွေးတိုးရောဂါ မဖြစ်အောင် လျော့ချတဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ပြောပါတယ်။ ဆိုဒီယမ်ကို များသောအားဖြင့် နွားနို့၊ ကြက်ဥ နဲ့ အဆီအစိမ့်တွေမှာ တွေ့ရပြီး၊ ဝက်ပေါင်ခြောက် နဲ့ သရေစာတွေမှာ ပိုပြီးတော့ များတယ်လို့ WHO က ပြောပါတယ်။ ပိုတတ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပဲစိမ်း၊ မြေပဲ၊ ၊ ဟင်းနုနွယ် နဲ့ ဌက်ပျောသီးလို ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံတွေမှာ တွေ့နိုင်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG