သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နောက်ထပ်ဖြုတ်မယ့်သူ ဘယ်သူဖြစ်မလဲ


အခုလောလောဆယ်မှာ ဘယ်သူ့ကိုမှ ရာထူးကနေ ဖြုတ်ပစ်မှာမဟုတ်ဘူးလို့ သတင်းထောက်တွေကိုရော စိုးရိမ်နေကြတဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေကိုပါ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အိမ်ဖြူတော် အရာရှိချုပ် John Kelly က သောကြာနေ့မှာ ဝန်ထမ်းတချို့ကို ခေါ်ယူစုဝေးပြီး လူတွေအနေနဲ့ စိုးရိမ်တကြီး ရှိမနေသင့်ကြဘူးလို့ ပြောထားတဲ့အကြောင်း အိမ်ဖြူတော်ပြောခွင့် ရ Sarah Huckabee Sanders ကပြောပါတယ်။ နေ့စဉ် လုပ်နေကျအတိုင်း လုပ်သင့်ကြတဲ့အကြောင်း၊ အလုပ်ကိုလာ၊ တတ်နိုင် သမျှ အကောင်းဆုံး လုပ်ကိုင်ကြဖို့ပဲဖြစ်ကြောင်း Sanders ကပြောပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် H. R. McMaster ကို ဖြုတ်ပစ်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဆုံးဖြတ်ပြီးပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Sanders က ကြာသပတေးညမှာ Twitter ကနေ တုန့်ပြန်ရေးသားတာပါ။

သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ သမ္မတကို မနေ့ညက တိုက်ရိုက်စကားပြောပါတယ်၊ ဒီစကားကို ဗိုလ်ချုပ်ကြီး McMaster ကိုပါ ပြောလိုက်ဖို့ သမ္မတက ကျမကို ခိုင်းပါတယ်၊ သူတို့ ဒီနေ့ အစည်းအဝေးရှိတာ ကျမသိပါတယ်၊ အဲဒီကိစ္စ ပါမလား မပါဘူးလား ကျမ မသိပါဘူးလို့ ပြောခွင့်ရ Sanders က သတင်းထောက်တွေကို ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီး ခနအကြာမှာတော့ အိမ်ဖြူတော်အနောက်ခြမ်း ရုံးအဆောက်အဦး West Wing ဝင်ထွက်ပေါက်ကို ဧည့်သည်တွေ လိုက်ပို့တဲ့ McMaster ကို တွေ့ကြရပါတယ်။ သိပ်မကြာခင် သူ ရာထူးက ထွက်သွားတော့မလားလို့ သတင်း ထောက်တဦးက မေးတဲ့အခါ McMaster က ကျနော့်အလုပ် ကျနော်လုပ်နေပါတယ်လို့ပဲ ပြန်ဖြေသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG