အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နျူလန် နဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Geoffrey Pyatt တို့ရဲ့ အသံတွေလို ယူဆရတဲ့ တယ်လီဖုန်းပေါ်မှာ ဥရောပသမဂ္ဂအကြောင်း ချိုးချိုးဖဲ့ဖဲ့ ပြောဆိုထားတဲ့ အသံဖိုင် ပေါက်ကြားခဲ့တာနဲ့ ပတ်သက်လို့ မစ္စ နျူလန်က တစုံတရာ မှတ်ချက်ပေးဖို့ သောကြာနေ့ က ငြင်းဆန်လိုက်ပါတယ်။ အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ဆက်သွယ် စကားပြောဆို ခဲ့ကြတဲ့အပေါ်မှာ ဘာ မှတ်ချက်မှ ပေးစရာမလိုဘူးလို့ မစ္စ နျူလန်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အခုထွက်လာတဲ့ အသံဖိုင်ရဲ့ ကြည်လင်ပြတ်သားမှု အရည်အသွေး သိပ်ကောင်းနေတဲ့အပါ်မှာတော့ မစ္စ နျူလန်က ဒါဟာ အတော်လေး ချီးကျူးစရာကောင်းတဲ့ သူလိျှုလုပ်ရပ်လို့ ပြောလိုက်ပါတယ်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နျူလန် နဲ့ ယူကရိန်းနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် Geoffrey Pyatt တို့ရဲ့အသံနဲ့ ဆင်တူတဲ့ အသံဖိုင် ပေါက်ကြားခဲ့မှုမှာ ရုရှားနိုင်ငံ ပါဝင် ပတ်သက်နိုင်တဲ့ အကြောင်းကိုလည်း မစ္စနျူလန်က သွယ်ဝိုက်ပြောသွားခဲ့ပါတယ်။
ဒီအသံဖိုင်ထဲမှာ ယူကရိန်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ အကြောင်း ဆွေးနွေးခဲ့ကြသလို၊ တနေရာမှာတော့ မစ္စ နျူလန် အသံနဲ့ ဆင်တူတဲ့ အမျိုးသမီးက ဥရောပသမဂ္ဂ အီးယူရဲ့ အခန်းကဏ္ဍကို ထည့်တွက်စရာမလိုဘူး ဆိုတာမျိုး ခပ်ရိုင်းရိုင်း စကားလုံးတွေ သုံးပြီး ပြောဆိုထားတာပါ။
youtube မှာ တက်နေတဲ့ ဒီအသံဖိုင် ကို ပထမဆုံး အများသိအောင် ကြော်ငြာခဲ့သူဟာ ရုရှား ဒု ဝန်ကြီးချုပ် Dmitry Rogozin ရဲ့ လက်ထောက် Dmitry Loskutov က သူ့ရဲ့ Twitter လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့တာကို အမေရိကန်အရာရှိတွေက ကြာသပတေးနေ့ ထောက်ပြခဲ့ပါတယ်။ Dmitry Loskutov ကတော့ အခု အသံဖိုင် ပေါက်ကြားမှုမှာ မစ္စတာ Rogozin နဲ့ ရုရှားအစိုးရ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အေပီသတင်းဌာနကို ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။